မိခင်ကိုယ်တိုင်က စွန့်ပစ်သွားခဲ့ပြီး ကလေးနဲ့ပတ်သက်တဲ့ မူမမှန်တဲ့ ပြဿနာကို Live လွှင့်ပြီးဖြေရှင်းသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို သူမရဲ့ အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ခိုင်နှင်းဝေဟာ လတ်တလောမှာတော့ သူမရဲ့အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေလျက်ရှိပြီး အထူးသဖြင့် မိဘမဲ့ကလေးငယ်များကို
စောင့်ရှောက်တဲ့ အလုပ်ကို လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့မှာလည်း ခိုင်နှင်းဝေက Taxi တစ်စီးနဲ့ စွန့်ပစ်သွားခဲ့တဲ့ ကလေးတစ်ယောက်ကို လက်ခံရရှိခဲ့ပြီး
ဒီကနေ့မှာတော့ ခိုင်နှင်းဝေက စွန့်ပစ်သွားခဲ့တဲ့ကလေးနဲ့ပတ်သက်တဲ့ ပြဿနာအဝဝကို Live လွှင့်ပြီးဖြေရှင်းသွားမယ်လို့ ပြောလာပါတယ်။ ခိုင်နှင်းဝေက “မနေ့ညနေ (၃) နာရီ အချိန်ခန့်က
Texi အဖြူရောင် နဲ့ အသက် (၂၀) ဝန်းကျင် အမျိုးသမီးတစ်ယောက် ကျမ ဂေဟာ နားမှာ ကလေး လိုက်ပေးပါတယ်။ (အမေ ကိုယ်တိုင် ဖြစ်ကြောင်း) လဲ သိရပါတယ် မကြာခင်မှာပဲ ကလေးကို
ကျမတို့ ဂေဟာ လမ်းထိပ်မှာ ပ စ်ပြီး ကားမောင်းပြေးသွားပါတယ်။ ရပ်ကွက်မှ လူများ ကားနောက်သို့ ပြေးလိုက်ပေမဲ့ မမှီတော့တဲ့ အတွက် ကျမတို့ဂေဟာကို လာပို့ဆောင်ခြင်းဖြစ်ပါတယ်။
ကားနံပါတ်မှတ်ခြင်း၊ အမျိုးသမီး ပုံများ ရိုက်ထားခြင်း၊ ကျမ page မှ post များတင်ပြီး မကြာခင် ကလေးပျောက်ကြောင်း ကျမအသင်းဆီ ဖုန်းများဝင်လာပါတယ်။ ကလေးမှာ လှိုင်သာယာဆေးရုံမှာ မွေးကြောင်း၊
အမေ မှာ သွေးလန့်ပြီး လျှောက်သွားကြောင်း၊ တို့ဆေးမိနေကြောင်း များ ပြောလာပါတယ်။ ကျမ အနေနဲ့ Texi ဆရာ၊ ကလေးပျောက်သော မိဘများ နှင့် ရပ်ကွက်မှ ပြည်သူများ ခေါ်ယူတွေ့ဆုံကာ
မနက်ဖြန် (၁၇.၉.၂၀၂၂ ) စနေနေ့ နေ့လည် (၂) နာရီ မှာ Live လွှင့်၍ ပျောက်တဲ့ ကလေး နှင့် ပ စ်တဲ့ ကလေး တူ မတူ ဆိုတာ အတည်ပြု သွားပါမယ်ရှင်” ဆိုပြီး ပြောလာပါတယ်။ ခိုင်နှင်းဝေကတော့ လက်ခံရရှိခဲ့တဲ့
ကလေးလေးနဲ့ပတ်သက်ပြီး ကလေးရဲ့ရှေ့ရေးကြောင့် အလွယ်တကူပြန်ပေးမှာမဟုတ်သလို ကလေးကိုပြန်ပေးရမယ်ဆိုရင်လည်း အထောက်အထားမှန် မမှန်စစ်ဆေးသွားမယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*