Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မော်ဒယ်လ်တစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတဲ့ ထက်ထက်ထွန်းဟာ သူမရဲ့ချစ်သူနဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး
ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ထက်ထက်ထွန်းဟာ နောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို
ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဖုန်းဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့ ထက်ထက်ထွန်းဟာ ဒီကနေ့မှာ စတင်ရောင်းချတဲ့ နောက်ဆုံးပေါ် iPhone 14 Pro ကို
ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ ထက်ထက်ထွန်းက “iPhone အသစ်ထွက်တိုင်း တခါမှ ဦးဦးဖျားဖျား ကိုင်ရဖို့ မစဉ်းစားခဲ့ဖူးပါဘူး ဒီနှစ်တော့ ပထမဆုံး ဦးဦးဖျားဖျားလေးရခဲ့ပြီ” ဆိုပြီး
သူမရဲ့အပျော်တွေကို မျှဝေပေးထားပါတယ်။ ထက်ထက်ထွန်းကတော့ အနည်းဆုံး သိန်း (၄၀) ကနေ အများဆုံး သိန်း (၇၀) နီးပါးတန်ဖိုးရှိတဲ့ နောက်ဆုံးပေါ်
iPhone 14 ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းတို့ရဲ့ ဘဝကတော့ တကယ့်ကိုအားကျစရာပါပဲနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply