
ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်တို့က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါသည်။
စက်တင်ဘာလ (၁၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ အစ ည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကလည်း သတ္ထုတွင်းဝန်ကြီးဌာနက ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမြင့်တက်နေမှုကို ထိန်းညှိရန် ရွှေဒင်္ဂါးများထုတ်ရောင်းပေးသည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်က ပြည်တွင်းရွှေဈေးကွက်အတွင်း မတည်မငြိမ်ဖြစ်နေသည့် ရွှေဈေးနှုန်းကို တဖြေးဖြေး ထိန်းညှိနိုင်ခဲ့သည့်အခြေအနေဖြစ်ဟု ဆိုသည်။
ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းကာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး ဝိုင်းဝန်းလုပ် ဆောင်ကြရန်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်တွန်းခဲ့သည်။ထို့အ တူ ရွှေတုံး ရွှေခဲ ရောင်းချမှုတွင်လည်း ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ကြရန်ဖြစ်ပြီး သက်ဆိုင်ရာဘဏ်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၃၇) သိန်းအထိ ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပြည်တွင်း နိုင်ငံခြားငွေ ဈေး ကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ မြန်မာငွေ ၄၅၀၀ ကျပ်အထိ စံချိန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ စံချိန်တင် မြင့်တက်နေသည့် ရွှေဈေးနှင့် ငွေဈေးနှုန်းတို့ကို ဆွဲချနိုင်ရန် အစိုးရနှင့် ဗဟိုဘဏ်က လုပ်ဆောင်ခဲ့ရာတွင် ပြည်တွင်းမှ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးပေးခဲ့ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ယင်းသို့ ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမှု ပြုလုပ်ခဲ့သည့်နောက်ပိုင်း ရွှေဈေး သိန်း (၃၀) အောက်ပြန်ကျဆင်းခဲ့သည့်အပြင် ဒေါ်လာငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာ ၃၂၀၀ ဝန်းကျင်အထိ နှစ်ရက်ခန့် ကျင်ဆင်းသွားခဲ့သည်။
သို့သော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌကြီး ပြောကြားမှုများအပြီး နောက်တရက်.. ယနေ့ စက်တင်ဘာ (၁၅) ရက်နေ့တွင် ရွှေတစ်ကျပ်သားစျေး သိန်း (၃၀) နှင့် အမေရိကန် တစ်ဒေါ်လာ (၃၅၀၀) ကျပ်အထိ ပြန်လည် မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
“ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ တည္ၿငိမ္ေစရန္ ဆက္လက္ပံ့ပိုးေပးသြားမည္” ဟုေျပာအၿပီး ေ႐ႊနဲ႕ ေဒၚလာ ေစ်းျပန္တက္..
ျပည္တြင္း၌ ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ တည္ၿငိမ္ေစရန္အတြက္ သက္ဆိုင္ရာ ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ားႏွင့္ ဗဟိုဘဏ္တို႔က ဆက္လက္ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာပါသည္။
စက္တင္ဘာလ (၁၄) ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ ေ႐ႊႏွင့္ေငြေၾကး ေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရး လုပ္ငန္းေကာ္မတီ အစ ည္းအေဝးတြင္ ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ အေစာပိုင္းကလည္း သတၳဳတြင္းဝန္ႀကီးဌာနက ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးႏႈန္းျမင့္တက္ေနမႈကို ထိန္းညွိရန္ ေ႐ႊဒဂၤါးမ်ားထုတ္ေရာင္းေပးသည့္အစီအစဥ္ကို ေဆာင္႐ြက္ခဲ့ၿပီး အဆိုပါ လုပ္ေဆာင္ခ်က္က ျပည္တြင္းေ႐ႊေဈးကြက္အတြင္း မတည္မၿငိမ္ျဖစ္ေနသည့္ ေ႐ႊေဈးႏႈန္းကို တေျဖးေျဖး ထိန္းညွိနိုင္ခဲ့သည့္အေျခအေနျဖစ္ဟု ဆိုသည္။
ထို႔အျပင္ ေ႐ႊလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း အစိုးရႏွင့္ ပူးေပါင္းကာ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရး ဝိုင္းဝန္းလုပ္ ေဆာင္ၾကရန္လည္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက တိုက္တြန္းခဲ့သည္။ထို႔အ တူ ေ႐ႊတုံး ေ႐ႊခဲ ေရာင္းခ်မႈတြင္လည္း ဘဏ္စနစ္ျဖင့္သာ ေဆာင္႐ြက္ၾကရန္ျဖစ္ၿပီး သက္ဆိုင္ရာဘဏ္မ်ားက ပူးေပါင္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
ျမန္မာ့ေ႐ႊေဈးကြက္တြင္ ၿပီးခဲ့သည့္ ဩဂုတ္လကုန္ပိုင္းအထိ စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ေ႐ႊေဈးႏႈန္းမ်ားအရ အေခါက္ေ႐ႊ တစ္က်ပ္သားလ်င္ (၃၇) သိန္းအထိ ေဈးႏႈန္း ျမင့္တက္ခဲ့ၿပီး ျပည္တြင္း နိုင္ငံျခားေငြ ေဈး ကြက္တြင္လည္း အေမရိကန္တစ္ေဒၚလာ ေငြလဲႏႈန္းမွာ ျမန္မာေငြ ၄၅၀၀ က်ပ္အထိ စံခ်ိန္ျမင့္တက္မႈမ်ား ျဖစ္ေပၚခဲ့သည္။
အဆိုပါ စံခ်ိန္တင္ ျမင့္တက္ေနသည့္ ေ႐ႊေဈးႏွင့္ ေငြေဈးႏႈန္းတို႔ကို ဆြဲခ်နိဳင္ရန္ အစိုးရႏွင့္ ဗဟိုဘဏ္က လုပ္ေဆာင္ခဲ့ရာတြင္ ျပည္တြင္းမွ စက္သုံးဆီႏွင့္ စားသုံးဆီတင္သြင္းသူမ်ားအား ကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ ထုတ္ေခ်းေပးခဲ့ျခင္းလည္း တစ္ခုအပါအဝင္ျဖစ္သည္။
ယင္းသို႔ ေဒၚလာ သန္း ၂၀၀ ထုတ္ေခ်းမႈ ျပဳလုပ္ခဲ့သည့္ေနာက္ပိုင္း ေ႐ႊေဈး သိန္း (၃၀) ေအာက္ျပန္က်ဆင္းခဲ့သည့္အျပင္ ေဒၚလာေငြလဲႏႈန္းမွာလည္း တစ္ေဒၚလာ ၃၂၀၀ ဝန္းက်င္အထိ ႏွစ္ရက္ခန႔္ က်င္ဆင္းသြားခဲ့သည္။
သို႔ေသာ္လည္း ဗဟိုဘဏ္ဥကၠ႒ႀကီး ေျပာၾကားမႈမ်ားအၿပီး ေနာက္တရက္.. ယေန႕ စက္တင္ဘာ (၁၅) ရက္ေန႕တြင္ ေ႐ႊတစ္က်ပ္သားေစ်း သိန္း (၃၀) ႏွင့္ အေမရိကန္ တစ္ေဒၚလာ (၃၅၀၀) က်ပ္အထိ ျပန္လည္ ျမင့္တက္လာေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။
Leave a Reply