
မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ သကြားအမျိုးမျိုးကို တရုတ် အထွေထွေပစ္စည်း ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက ဝယ်ယူလိုကြောင်း ဖိတ်ခေါ်ကမ်းလှမ်းမှုကို လက် ခံရရှိထားတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
ဟဲပေပြည်နယ်အခြေစိုက် တရုတ်ကုမ္ပဏီ ဝယ်ယူလိုတဲ့ အမျိုးအစားတွေထဲမှာ သန့်စင်ပြီးသားဖြစ်တဲ့ သကြား၊ သကြားရည်၊ သကြားဖြူ၊ သကြားညို အစရှိတဲ့ အမျိုးအစားတွေ ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ကုမ္ပဏီအနေနဲ့ နှစ်စဉ် သကြားတန်ချိန် ၃ သောင်းကနေ ၅ သောင်းအထိ ဝယ်ယူလိုပြီး လစဉ်တန်ချိန် ၃ ထောင်ခန့် ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းထားကာ နှစ်ဖက်ဈေးနှုန်းသတ်မှတ်ချက် ညှိနှိုင်းမှု ပြေလ ည်ရင်တော့ တင်ပို့ရောင်းချဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ တရုတ်က ကမ်းလှ မ်းတဲ့ တရားဝင် သကြားတင်ပို့မှု ခွဲတမ်းကို ပိုမိုလိုအပ်ပြီး လာအိုနဲ့ ကမ္ဘောဒီးယားတို့ ခွဲတမ်းရသလို မြန်မာကိုလည်း ပေးအပ်ဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
အစောပိုင်းကာလတွေကဆိုရင် ပိုလျှံသကြားတွေကိုသာ ပြည်နယ်အဆင့် နှစ်ဖက်နားလည်မှုနဲ့ ရောင်းချတဲ့ ပုံစံမျိုးသာရှိခဲ့ပြီး လက်ရှိမှာ ကိုဗစ် ကန့်သတ်မှုကြောင့် နယ်စပ်ကတစ်ဆင့် သကြားတင်ပို့မှု ရပ်တန့်နေကာ ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကို ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် သကြားတန်ချိန် ၄၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိပြီး လာမယ့် ၂၀၂၂-၂၀၂၃ ကြံရာသီအတွက် ပြည်တွင်းကုမ္ပဏီအချို့က (၁)တန်ကို ကျပ် ၉ သောင်းခန့် ပေးဝယ်မယ်လို့ ဖိတ်ခေါ်ထားပါတယ်။ကြံစိုက်တောင်သူများအနေနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် စိုက်ပျိုးမှု တချို့ ရပ်နားထားနေရပြီး
ယခုလို တရုတ်ကုမ္ပဏီက ထွက်သမျှ သကြားမျိုးစုံ ဝယ်ယူမှုကြောင့် ဈေးကွက်အတွင်း သကြား ဈေးနှုန်း ကမောက်ကမ ဖြစ်မှာ စိုးရိမ်ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ စိုက်ပျိုးရေး စရိတ်အပါအဝင် အထွေထွေစရိတ်တွေ ကြီးမြင့်လာမှုဟာ တောင်သူများအတွက် အကြီးမားဆုံး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာနိုင္ငံမွာ စိုက္ပ်ိဳးထြက္ရွိတဲ့ သၾကားအမ်ိဳးမ်ိဳးကို တ႐ုတ္ အေထြေထြပစၥည္း ေရာင္းဝယ္ေရးကုမၸဏီတစ္ခုက ဝယ္ယူလိုေၾကာင္း ဖိတ္ေခၚကမ္းလွမ္းမႈကို လက္ ခံရရွိထားတယ္လို႔ ျမန္မာနိုင္ငံ သၾကားႏွင့္ ႀကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာၾကားထားပါတယ္။
ဟဲေပျပည္နယ္အေျခစိုက္ တ႐ုတ္ကုမၸဏီ ဝယ္ယူလိုတဲ့ အမ်ိဳးအစားေတြထဲမွာ သန႔္စင္ၿပီးသားျဖစ္တဲ့ သၾကား၊ သၾကားရည္၊ သၾကားျဖဴ၊ သၾကားညို အစရွိတဲ့ အမ်ိဳးအစားေတြ ပါဝင္ၿပီး နိုင္ငံျခားေရးဝန္ႀကီးဌာနကေန ဝယ္ယူလိုေၾကာင္း ကမ္းလွမ္းလာျခင္း ျဖစ္တယ္လို႔ သိရပါတယ္။
တ႐ုတ္ကုမၸဏီအေနနဲ႕ ႏွစ္စဥ္ သၾကားတန္ခ်ိန္ ၃ ေသာင္းကေန ၅ ေသာင္းအထိ ဝယ္ယူလိုၿပီး လစဥ္တန္ခ်ိန္ ၃ ေထာင္ခန႔္ ဝယ္ယူတင္သြင္းဖို႔ ကမ္းလွမ္းထားကာ ႏွစ္ဖက္ေဈးႏႈန္းသတ္မွတ္ခ်က္ ညွိႏွိုင္းမႈ ေျပလ ည္ရင္ေတာ့ တင္ပို႔ေရာင္းခ်ဖိဳ႕ ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။
ျပည္တြင္းလုပ္ငန္းရွင္ေတြကေတာ့ တ႐ုတ္က ကမ္းလွ မ္းတဲ့ တရားဝင္ သၾကားတင္ပို႔မႈ ခြဲတမ္းကို ပိုမိုလိုအပ္ၿပီး လာအိုနဲ႕ ကေမာၻဒီးယားတို႔ ခြဲတမ္းရသလို ျမန္မာကိုလည္း ေပးအပ္ဖို႔ ႏွစ္နိုင္ငံအစိုးရအၾကား သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ေရးအတြက္ တင္ျပေတာင္းဆိုထားတယ္လို႔ သိရပါတယ္။
အေစာပိုင္းကာလေတြကဆိုရင္ ပိုလွ်ံသၾကားေတြကိုသာ ျပည္နယ္အဆင့္ ႏွစ္ဖက္နားလည္မႈနဲ႕ ေရာင္းခ်တဲ့ ပုံစံမ်ိဳးသာရွိခဲ့ၿပီး လက္ရွိမွာ ကိုဗစ္ ကန႔္သတ္မႈေၾကာင့္ နယ္စပ္ကတစ္ဆင့္ သၾကားတင္ပို႔မႈ ရပ္တန႔္ေနကာ ဗီယက္နမ္နိုင္ငံ တစ္ခုတည္းကို ပင္လယ္ေရေၾကာင္းကေန တင္ပို႔ေရာင္းခ်ေနပါတယ္။
ျမန္မာနိုင္ငံအေနနဲ႕ ႏွစ္စဥ္ သၾကားတန္ခ်ိန္ ၄၅၀,၀၀၀ ခန႔္ ထုတ္လုပ္နိုင္စြမ္းရွိၿပီး လာမယ့္ ၂၀၂၂-၂၀၂၃ ႀကံရာသီအတြက္ ျပည္တြင္းကုမၸဏီအခ်ိဳ႕က (၁)တန္ကို က်ပ္ ၉ ေသာင္းခန႔္ ေပးဝယ္မယ္လို႔ ဖိတ္ေခၚထားပါတယ္။ႀကံစိုက္ေတာင္သူမ်ားအေနနဲ႕ စက္သုံးဆီေဈးႏႈန္း ႀကီးျမင့္မႈေၾကာင့္ စိုက္ပ်ိဳးမႈ တခ်ိဳ႕ ရပ္နားထားေနရၿပီး
ယခုလို တ႐ုတ္ကုမၸဏီက ထြက္သမွ် သၾကားမ်ိဳးစုံ ဝယ္ယူမႈေၾကာင့္ ေဈးကြက္အတြင္း သၾကား ေဈးႏႈန္း ကေမာက္ကမ ျဖစ္မွာ စိုးရိမ္ရတယ္လို႔ စီးပြားေရးလုပ္ငန္းရွင္တဦးက ေျပာပါတယ္။ စိုက္ပ်ိဳးေရး စရိတ္အပါအဝင္ အေထြေထြစရိတ္ေတြ ႀကီးျမင့္လာမႈဟာ ေတာင္သူမ်ားအတြက္ အႀကီးမားဆုံး အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။
Leave a Reply