အလုပ်အကိုင်တွေရှားပါးနေချိန် ကျပန်းအလုပ်လေးများရှိမလားဆိုပြီး အလုပ်တောင်းခံလာတဲ့ လူရွှင်တော်ကြီးဦးမေတ္တာရဲ့သား မေတ္တာမြင့်မြတ်ဟိန်း
လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီး မေတ္တာကတော့ အနုပညာလောကမှာ နာမည်ကြီးပြီး ပရိသတ်အားပေးမှုကို အများအပြားရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မေတ္တာဟာ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာ တစ်နှစ်ကျော်အချိန်ရှိခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရနေဆဲ ဖြစ်ပါတယ်။ မေတ္တာရဲ့သား
မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လူရွှင်တော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း
ရပ်တည်နေလျက်ရှိတဲ့ မေတ္တာမြင့်မြတ်ဟိန်း ဟာ အခုလို အနုပညာအလုပ်တွေရှားပါးချိန်မှာ သူလည်းအလုပ်တွေ နားနေရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မေတ္တာမြင့်မြတ်ဟိန်း က သူ့ရဲ့ဖေ့စ်ဘုတ် Story မှာ
“ကျပန်းအလုပ်အကိုင်လေးများ ဘာများရှိလဲခင်ဗျာ” ဆိုပြီး အလုပ်ရှာနေခဲ့တာကို တွေ့ရပါတယ်။ ယခုလိုခေတ်ကာလမကောင်းတဲ့အချိန်အခါမှာ သရုပ်ဆောင်အချို့ဟာ စားဝတ်နေရေးအခက်အခဲရှိနေကြပြီး
အလုပ်အကိုင်လည်းရှားပါးနေတာပဲ ဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်း တစ်ယောက် အလုပ်တွေအများကြီးလုပ်ကိုင်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*