
ယခု စက်တင်ဘာလ အတွက် ထိုင်းထီဆုကြီး ဘတ် ၆ သန်း နှစ်စောင်တွဲ ဘတ်သိန်း ၁၂၀ ကံထူးသွားတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ၂ ဦး ကို ဆုငွေ သွားရောက် ထုတ်ပေးလိုက်ပြီလို့
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေးဆောင် ရွက်ပေးနေသည့် Aid Alliance Committee For Myanmar Workders ( AAC မဟာမိတ်အဖွဲ့) ပြောပါတယ်။
AAC မဟာမိတ်အဖွဲ့မှ ဦးဆောင် ဒါရိုက်တာ ကိုရဲမင်း ( AAC ) က “ထိုင်းထီအမြင့်ဆုံးဆုပထမဆု ဘတ် ( ၆)သန်းဆု နှစ်စောင်တွဲ ဘတ်သိန်း(၁၂၀)ကံထူးရှင်ဇနီးမောင်နှံအား ထီဆုငွေများထုတ်ယူနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ထီဆုငွေများအား AAC ကိုရဲမင်း အဖွဲ့မှ နေ့တွင်းချင်းအပြီးအစီးထုတ်ယူပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ ထိုင်းထီဖွင့်ပွဲမှာ ထိုင်းရောက် မြန်မာရွေ့ပြောင်း လုပ်သား ဇနီးမောင်နှံက ကံထူးသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွက် ထိုင်းထီဆုကြီး ဘတ် ၆ သန်းကိုလည်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သား ကရင်/ပအိုဝ့်တိုင်းရင်းသား ဇနီးမောင်နှံမှ ၂ ဦးမှ ကံထူးသွားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားများအရေးဆောင်ရွက်ပေးနေသည့် Aid Alliance Committee For Myanmar Workders ( AAC မဟာမိတ်အဖွဲ့) အဖွဲ့က ပဲ ဆုကြေးငွေ ထုတ်ပေးခဲ့ပါသေးတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ယခု စက္တင္ဘာလ အတြက္ ထိုင္းထီဆုႀကီး ဘတ္ ၆ သန္း ႏွစ္ေစာင္တြဲ ဘတ္သိန္း ၁၂၀ ကံထူးသြားတဲ့ ျမန္မာေ႐ြ႕ေျပာင္းလုပ္သား ဇနီးေမာင္ႏွံ ၂ ဦး ကို ဆုေငြ သြားေရာက္ ထုတ္ေပးလိုက္ၿပီလို႔
ထိုင္းနိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေရးေဆာင္ ႐ြက္ေပးေနသည့္ Aid Alliance Committee For Myanmar Workders ( AAC မဟာမိတ္အဖြဲ႕) ေျပာပါတယ္။
AAC မဟာမိတ္အဖြဲ႕မွ ဦးေဆာင္ ဒါရိုက္တာ ကိုရဲမင္း ( AAC ) က “ထိုင္းထီအျမင့္ဆုံးဆုပထမဆု ဘတ္ ( ၆)သန္းဆု ႏွစ္ေစာင္တြဲ ဘတ္သိန္း(၁၂၀)ကံထူးရွင္ဇနီးေမာင္ႏွံအား ထီဆုေငြမ်ားထုတ္ယူနိုင္ဖို႔ ကူညီေပးခဲ့ပါတယ္။ ထီဆုေငြမ်ားအား AAC ကိုရဲမင္း အဖြဲ႕မွ ေန႕တြင္းခ်င္းအၿပီးအစီးထုတ္ယူေပးခဲ့ပါတယ္” လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာ ၁ ရက္ေန႕က ဖြင့္လွစ္တဲ့ ထိုင္းထီဖြင့္ပြဲမွာ ထိုင္းေရာက္ ျမန္မာေ႐ြ႕ေျပာင္း လုပ္သား ဇနီးေမာင္ႏွံက ကံထူးသြားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဩဂုတ္လအတြက္ ထိုင္းထီဆုႀကီး ဘတ္ ၆ သန္းကိုလည္း ထိုင္းနိုင္ငံေရာက္ ျမန္မာေ႐ြ႕ေျပာင္းလုပ္သား ကရင္/ပအိုဝ့္တိုင္းရင္းသား ဇနီးေမာင္ႏွံမွ ၂ ဦးမွ ကံထူးသြားေၾကာင္း ထိုင္းနိုင္ငံေရာက္ ျမန္မာလုပ္ သားမ်ားအေရးေဆာင္႐ြက္ေပးေနသည့္ Aid Alliance Committee For Myanmar Workders ( AAC မဟာမိတ္အဖြဲ႕) အဖြဲ႕က ပဲ ဆုေၾကးေငြ ထုတ္ေပးခဲ့ပါေသးတယ္။
Leave a Reply