တချိန်က နာမည်ကြီးခဲ့ပေမယ့် ကွယ်လွန်ချိန်မှာ လူသူမသိဖြစ်ခဲ့ရတဲ့ ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်

ဘုရင်မကြီးနဲ့ တစ်ရက်တည်း ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့် မီဒီယာတွေရဲ့ အလေးထား ဖော်ပြခြင်း မခံခဲ့ရတဲ့ မြန်မာရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်၊ ငယ်ငယ်တုန်းက မိုးအလင်းပြတဲ့ ဆေးရောင်စုံ နယ်လှည့် ဗီဒီယိုတွေ လာရင် ဇာတ်ထုတ်ကို သိပ်ကြည့်ချင်ခဲ့တာ။

ရွာမှာ အဖြူအမည်းဗီဒီယိုရုံ ရှိပေမယ့် ဇာတ်ထုတ်က ကြည့်ရခဲတယ်။ ပြီးတော့ ဇာတ်ထုတ်က အဝတ်အစားတွေကလည်း အရောင်တွေ သိပ်လှတာ ဆိုတော့ ဆေးရောင်စုံနဲ့မှ ပိုကြည့်ကောင်းတယ်။ မိုးအလင်း ၆/၇ ကားလောက် ပြတယ်။ ဒါပေမယ့် အဖေက အိပ်ရေး ပျက်မှာ စိုးလို့ (၂)ကားပဲ ကြည့်ခွင့်ပေးတယ်။ (၂)ကား ပြီးတာနဲ့ ဓာတ်မီးနဲ့ လာရှာတယ်။

ဇာတ်ထုတ် ကြည့်ချင်တော့ မုန့်တီဆိုင်၊ သစ်ပင်နောက်၊ ခုံအောက် စတဲ့ နေရာတွေမှာ ပုန်းနေခဲ့ပေမယ့် ဘယ်နေရာ ပုန်းပုန်း အဖေက မိတာပါပဲ။ အဲဒီတော့ အိမ်ပြန် အိပ်ရာဝင်ရပြီ။ ဒါပေမယ့် ကျွန်တော်က ဇာတ်ထုတ် ကြည့်ချင်တဲ့ စိတ်နဲ့ တစ်ညလုံး အိပ်မပျော်ဘူး။ ဒီလိုနဲ့ မနက်(၄)နာရီလောက် ရောက်တာနဲ့ အိပ်ရာခေါင်းရင်း ပြတင်းပေါက်ကနေ ခိုးထွက်ခဲ့တယ်။

ဗီဒီယိုပြတဲ့ ရွာလယ် ကွင်းပြင်ကို အပြေးသွား၊ ရှေ့ဆုံးသို့ အတင်း တိုးဝှေ့ပြီး ကြည့်၊ အဆုံးထိ ကြည့်ချင်ပေမယ့် (မိုးမလင်းခင်) အိမ်က လူတွေ မနိုးခင် အိမ်ကို ပြန်ခိုးဝင်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့တယ်။ ပြန်တွေးကြည့်တိုင်း ကျွန်တော့်ရဲ့ ငယ်ဘဝကို ပိုပြည့်စုံစေခဲ့တဲ့ (ဦး)ထွန်းလုံရှိန်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတယ်။

၁၉၉၅ ကနေ ၂၀၀၅ ကာလတွေတုန်းက လျှမ်းလျှမ်း တောက် နာမည်ကျော်ကြားခဲ့တဲ့ ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန် ၈-၉-၂၂ နေ့က ဆုံးရှာတယ်။ ၁၄-၉-၂၂ ရက်နေ့မှာ ရက်လည်ဆွမ်းသွတ်တယ်။ ဒါပေမယ့် ဒီနေ့အထိ မီဒီယာတွေက ဖော်ပြတာ မမြင်မိသေးဘူး။ အင် မတန် စိတ်မကောင်း ဖြစ်မိတယ်။ တကယ်ဆို မြန်မာတနိုင်ငံလုံးရဲ့ ဝမ်းနည်းကြောင်း ဆုတောင်းစကားလေးတွေနဲ့ တကယ်ကို ထိုက်တန်တဲ့ မင်းသားကြီးပါ။ (ရမ္မာ)

မြန်မာ့ဗီဒီယိုခေတ်ဦးက ရာဇဝင်ကားတွေမှာ မင်းသား “ထွန်းလုံရှိန် ” ဆိုရင် အထူးသဖြင့် ကျေးလက်တောနေသူတွေ မသိမရှိသ လောက်ပါပဲ။ သူ့ရဲ့ ရာဇဝင် ကား တော်တော်များကိုလည်း ငယ်ငယ်က ရွာမှာ ကြည့်ဖူးခဲ့တယ်။

ထွန်းလုံရှိန် – ချယ်ရီသင်း အတွဲ သရုပ်ဆောင်ပါတာ များလေ့ရှိတဲ့ ရာဇဝင်ကားတွေပါ။ အဲဒီအချိန်ဟာ နည်းပညာ၊ စက်ပစ္စည်းတွေ သိပ်ပြီး မထွန်းကား၊မဖွံ့ဖြိုးသေးတဲ့ ကာလ၊ အင်တာနက်တွေ ဖေ့ဘွတ်ခ်တွေ ဘာမြန်းတောင် မကြားဖူးသေးတဲ့ ကာလပေါ့လေ။

အခုလို လူတိုင်း ဖုန်းကိုင်ဖို့ မပြောနဲ့ တီဗီ ဝယ်နိုင်တဲ့သူတောင် ခပ်ရှားရှားပဲ။ တစ်ရွာလုံးမှာမှ တစ်ဦးစ၊ နှစ်ဦးစ ဒီလောက်ပါပဲ။ တီဗီက ထုတ်လွင့်တဲ့ အဖြူအမည်းရုပ်ရှင် ဇာတ်ကားတွေကို “ငါးမူး” ပေးပြီး ကြည့်ခဲ့ရတယ်။ အောက်စက်ဝယ်ပြီး ကာလာနဲ့ မြန်မာကား၊ နိုင်ငံခြားကားတွေ ပြပြန်တော့လည်း ဗွီဒီယိုရုံကိုသွားပြီး တစ်ကျပ် ငါးမူး ပေးပြီး ကြည့်ခဲ့ရတယ်။

ငယ်ငယ်တုန်းက ကျေးလက်တော ရွာမှာပါ။ ရာဇဝင်ကားတွေ တော်တော်များများ ကြည့်ခဲ့ဖူးတဲ့ အထဲက မင်းသားကြီး ထွန်းလုံရှိန်ရဲ့ ရာဇဝင် ကားတွေလည်း မှတ်မိနေဆဲပါ။အခုတော့ မြန်မာ့ဗီဒီယိုခေတ်ဦး” ရာ ဇဝင်မင်းသားကြီး “ထွန်းလုံရှိန်”ဟာ အသက် ၆၃ နှစ်အရွယ် ကွယ်လွန်သွားပါပြီ။ ဒီလ စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်မှာ ကွယ်လွန်သွားတာပါ။ (Lin Lin Aung)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ဘုရင္မႀကီးနဲ႕ တစ္ရက္တည္း ကြယ္လြန္ခဲ့တာ ျဖစ္ေပမယ့္ မီဒီယာေတြရဲ႕ အေလးထား ေဖာ္ျပျခင္း မခံခဲ့ရတဲ့ ျမန္မာရာဇဝင္မင္းသားႀကီး ထြန္းလုံရွိန္၊ ငယ္ငယ္တုန္းက မိုးအလင္းျပတဲ့ ေဆးေရာင္စုံ နယ္လွည့္ ဗီဒီယိုေတြ လာရင္ ဇာတ္ထုတ္ကို သိပ္ၾကည့္ခ်င္ခဲ့တာ။

႐ြာမွာ အျဖဴအမည္းဗီဒီယို႐ုံ ရွိေပမယ့္ ဇာတ္ထုတ္က ၾကည့္ရခဲတယ္။ ၿပီးေတာ့ ဇာတ္ထုတ္က အဝတ္အစားေတြကလည္း အေရာင္ေတြ သိပ္လွတာ ဆိုေတာ့ ေဆးေရာင္စုံနဲ႕မွ ပိုၾကည့္ေကာင္းတယ္။ မိုးအလင္း ၆/၇ ကားေလာက္ ျပတယ္။ ဒါေပမယ့္ အေဖက အိပ္ေရး ပ်က္မွာ စိုးလို႔ (၂)ကားပဲ ၾကည့္ခြင့္ေပးတယ္။ (၂)ကား ၿပီးတာနဲ႕ ဓာတ္မီးနဲ႕ လာရွာတယ္။

ဇာတ္ထုတ္ ၾကည့္ခ်င္ေတာ့ မုန႔္တီဆိုင္၊ သစ္ပင္ေနာက္၊ ခုံေအာက္ စတဲ့ ေနရာေတြမွာ ပုန္းေနခဲ့ေပမယ့္ ဘယ္ေနရာ ပုန္းပုန္း အေဖက မိတာပါပဲ။ အဲဒီေတာ့ အိမ္ျပန္ အိပ္ရာဝင္ရၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္က ဇာတ္ထုတ္ ၾကည့္ခ်င္တဲ့ စိတ္နဲ႕ တစ္ညလုံး အိပ္မေပ်ာ္ဘူး။ ဒီလိုနဲ႕ မနက္(၄)နာရီေလာက္ ေရာက္တာနဲ႕ အိပ္ရာေခါင္းရင္း ျပတင္းေပါက္ကေန ခိုးထြက္ခဲ့တယ္။

ဗီဒီယိုျပတဲ့ ႐ြာလယ္ ကြင္းျပင္ကို အေျပးသြား၊ ေရွ႕ဆုံးသို႔ အတင္း တိုးေဝွ႕ၿပီး ၾကည့္၊ အဆုံးထိ ၾကည့္ခ်င္ေပမယ့္ (မိုးမလင္းခင္) အိမ္က လူေတြ မနိုးခင္ အိမ္ကို ျပန္ခိုးဝင္ၿပီး အိပ္ခ်င္ေယာင္ ေဆာင္ေနခဲ့တယ္။ ျပန္ေတြးၾကည့္တိုင္း ကြၽန္ေတာ့္ရဲ႕ ငယ္ဘဝကို ပိုျပည့္စုံေစခဲ့တဲ့ (ဦး)ထြန္းလုံရွိန္ကို ရင္ထဲကေန လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ေနမိတယ္။

၁၉၉၅ ကေန ၂၀၀၅ ကာလေတြတုန္းက လွ်မ္းလွ်မ္း ေတာက္ နာမည္ေက်ာ္ၾကားခဲ့တဲ့ ရာဇဝင္မင္းသားႀကီး ထြန္းလုံရွိန္ ၈-၉-၂၂ ေန႕က ဆုံးရွာတယ္။ ၁၄-၉-၂၂ ရက္ေန႕မွာ ရက္လည္ဆြမ္းသြတ္တယ္။ ဒါေပမယ့္ ဒီေန႕အထိ မီဒီယာေတြက ေဖာ္ျပတာ မျမင္မိေသးဘူး။ အင္ မတန္ စိတ္မေကာင္း ျဖစ္မိတယ္။ တကယ္ဆို ျမန္မာတနိုင္ငံလုံးရဲ႕ ဝမ္းနည္းေၾကာင္း ဆုေတာင္းစကားေလးေတြနဲ႕ တကယ္ကို ထိုက္တန္တဲ့ မင္းသားႀကီးပါ။ (ရမၼာ)

ျမန္မာ့ဗီဒီယိုေခတ္ဦးက ရာဇဝင္ကားေတြမွာ မင္းသား “ထြန္းလုံရွိန္ ” ဆိုရင္ အထူးသျဖင့္ ေက်းလက္ေတာေနသူေတြ မသိမရွိသ ေလာက္ပါပဲ။ သူ႕ရဲ႕ ရာဇဝင္ ကား ေတာ္ေတာ္မ်ားကိုလည္း ငယ္ငယ္က ႐ြာမွာ ၾကည့္ဖူးခဲ့တယ္။

ထြန္းလုံရွိန္ – ခ်ယ္ရီသင္း အတြဲ သ႐ုပ္ေဆာင္ပါတာ မ်ားေလ့ရွိတဲ့ ရာဇဝင္ကားေတြပါ။ အဲဒီအခ်ိန္ဟာ နည္းပညာ၊ စက္ပစၥည္းေတြ သိပ္ၿပီး မထြန္းကား၊မဖြံ႕ၿဖိဳးေသးတဲ့ ကာလ၊ အင္တာနက္ေတြ ေဖ့ဘြတ္ခ္ေတြ ဘာျမန္းေတာင္ မၾကားဖူးေသးတဲ့ ကာလေပါ့ေလ။

အခုလို လူတိုင္း ဖုန္းကိုင္ဖို႔ မေျပာနဲ႕ တီဗီ ဝယ္နိုင္တဲ့သူေတာင္ ခပ္ရွားရွားပဲ။ တစ္႐ြာလုံးမွာမွ တစ္ဦးစ၊ ႏွစ္ဦးစ ဒီေလာက္ပါပဲ။ တီဗီက ထုတ္လြင့္တဲ့ အျဖဴအမည္း႐ုပ္ရွင္ ဇာတ္ကားေတြကို “ငါးမူး” ေပးၿပီး ၾကည့္ခဲ့ရတယ္။ ေအာက္စက္ဝယ္ၿပီး ကာလာနဲ႕ ျမန္မာကား၊ နိုင္ငံျခားကားေတြ ျပျပန္ေတာ့လည္း ဗြီဒီယို႐ုံကိုသြားၿပီး တစ္က်ပ္ ငါးမူး ေပးၿပီး ၾကည့္ခဲ့ရတယ္။

ငယ္ငယ္တုန္းက ေက်းလက္ေတာ ႐ြာမွာပါ။ ရာဇဝင္ကားေတြ ေတာ္ေတာ္မ်ားမ်ား ၾကည့္ခဲ့ဖူးတဲ့ အထဲက မင္းသားႀကီး ထြန္းလုံရွိန္ရဲ႕ ရာဇဝင္ ကားေတြလည္း မွတ္မိေနဆဲပါ။အခုေတာ့ ျမန္မာ့ဗီဒီယိုေခတ္ဦး” ရာ ဇဝင္မင္းသားႀကီး “ထြန္းလုံရွိန္”ဟာ အသက္ ၆၃ ႏွစ္အ႐ြယ္ ကြယ္လြန္သြားပါၿပီ။ ဒီလ စက္တင္ဘာ ၈ ရက္ေန႕က ရန္ကုန္မွာ ကြယ္လြန္သြားတာပါ။ (Lin Lin Aung)

Be the first to comment

Leave a Reply

Your email address will not be published.


*