ကိုတေဇာဆန်းက သူ့ရဲ့ အင်တာနက် အခြေအနေကြောင့် သူ့ဆိုရှယ်မီဒီယာမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရတယ်လို့ဆိုပါတယ်။သူက သူ့ကိုစိတ်ပူနေကြတဲ့သူတွေအတွက်သူ့လိုင်းရတဲ့အချိန်လေးမှာ
“ကျနော် နေကောင်း၊ ကျန်းမာလျက် ပြည်သူ့တော်လှန် ရေးအတွက် အုတ်တချပ် သဲတပွင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်နေပါသည်။အသက်နဲ့ ခန္ဓာတည်သရွေ့၊ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ တော်လှန်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမည်သာ။
ယခုရက်များအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တရားဝင်ကိုယ်စားပြုခွင့်ရရှိရေး (Credential Campaign) အတွက် ပြည်သူတရပ်လုံးက အင်နဲ့အားနဲ့ ပါဝင်တိုက်ပွဲဝင်နေကြကြောင်း သိရှိရ၍လည်း အထူးကျေးဇူးတင်ပါသည်။
ဒီတိုက်ပွဲက အရေးကြီးလှသလို ရက်၊ လချီ တိုက်ပွဲဝင်ရမည်ဖြစ်သဖြင့် ပြည်သူအများ စဉ်ဆက်မပျက် ဆက် လက်ပါဝင်ကြဖို့ ယုံကြည်မျှော်လင့်လျက်ပါ။ အာဏာ ရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။အရေး တော်ပုံ အောင်ရမည်။ ပုံစာ။
အရေးပေါ် ရွေ့ပြောင်း စားဖိုဆောင်၏ ဒုတိယလက် ထောက်စားဖိုမှူးကြီးကို လျှပ်တပြက် တွေ့ရစဉ် ၁၄ စက်တင်ဘာ ၂၀၂၂” အဆိုပါစာကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်လာခဲ့တာပါ။ပရိသတ်ကြီးရော ဒီစာလေးနဲ့ပတ် သက်ပြီး ဘယ်လိုထင်မြင်မိလဲ ပြောခဲ့ကြပါဦးနော်။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Leave a Reply