
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ကန်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်းက ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး လောင်းကစားဝိုင်းများကို ဖိတ်စာဖြင့် ဖိတ်ကြား ဖွင့်လှစ်လိုက်ပြီး အပတ်စဉ် ပြုလုပ်မည်ဟု ကြေညာထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးဟော င်း ဗိုလ်မင်းက နယ်ထိန်းရဲ ဇော်လွင်စိုးနှင့်ပူးပေါင်း၍ တောင်ကန်ကျေးရွာတွင် ကြက်တိုက်ပွဲအပါအဝင် လောင်းကစားဝိုင်းများကို ဖိတ်စာ ဖိတ်ကြား၍ ဖွင့်လှစ်ခဲ့ကြောင်း၊ အပတ် စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကြက်တိုက်ပွဲများ နှင့် လောင်းကစားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်မင်းက အရင်ကအုပ်ချူပ်ရေးမှူးဟောင်း။ ၂၀၁၉ ခုနှစ်လောက်က သမချေးငွေ၊ စိုက်ဘဏ်ငွေ တွေကို ရွာကလူနာမည်တွေနဲ့ ငွေတွေ လိုက်ထုတ်ပြီး သူက သုံးတယ်။ နောက်တော့ ပြန်မဆပ်နိုင်လို့ အုပ်ချူပ်ရေးကနေ နုတ်ထွက်ပြီး ရွာကနေရှောင်ပြေးသွားတာ။ ရှောင်ရင်းနောက်မိန်းမရတယ်။ မိန်းမက ၃ယောက်ရှိပြီ။ အခုက နောက်ဆုံးမိန်းမနဲ့နေတာ။ လောင်းကစားသမားနာမည်ကြီး သူ့ကို မသိသူ မရှိဘူး။
ခေတ်မကောင်းတဲ့အချိန် နယ်ထိန်းရဲခွေး ဇော်လွင်စိုးနဲ့ပေါင်းပြီး တောင်ကန်ရွာဘက်မှာ ကစားဝိုင်းတွေလုပ်စားနေတာ။ အခုတောင်ကန်ရွာ အုပ်ချူပ်ရေးမှူးကလည်း သူညီဝမ်းကွဲပဲ။ နာမည်ခံပဲရှိတာပါ။ အဓိက သူက အုပ်ချုပ်တာ။ အခုသူကလောင်းကစားကိုဖိတ်စာတွေနဲ့ပေါ်ပေါ်တင်တင်လုပ်နေပါတယ်။ ပြီးတော့ သူ့လောင်းကစားဝိုင်းတွေကိုလည်း စစ်ခွေးတွေရော ရဲခွေးတွေပါအားပေးအားမြောက်လုပ်နေကြတယ်။ နိုင်ငံရေးမလုပ်နဲ့ PDF မလုပ်နဲ့။ ကြိုက်ရာလုပ်ဆိုတဲ့သဘောပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို စစ်တပ်နှင့်ရဲများက ခွင့်ပြုလာနေခြင်းသည် နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက စီမံချက်သဘောပုံစံမျိုးဖြင့် နှစ်လုံးထီ၊ လောင်းက စားဝိုင်း၊ သုံးလုံးထီ၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်းများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းချုပ်မရှိတော့ဘဲ လုပ်ကိုင်ခွင့်ပြုထား ကြောင်း ပြည်သူများက ပြောဆိုကြသည်။
ဧရာတီတိုင်း၊ အိမ်မဲ ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာတွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများ ခြောက်ကောင်ကြက် ဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိပြီး လာရောက် လောင်း ကစားကြသူများကို လူ ကောင်း ကျွန်းရဲစခန်းက ထမင်းကျွေးမွေးကြောင်း သိရှိရသည်။
“ကြက်ခြောက်ကောင် သီးသန့်ဝိုင်း။ စနေ အပတ်တိုင်းလုပ်တာ။ ၃ လကျော်နေပြီ ။ ခြောက်ကောင် သုံးဝိုင်း၊ ကြက်တစ်ဝိုင်း၊ စုံမ တစ်ဝိုင်း။ ထမင်းဆိုင်တွေတောင်ရှိသေးတယ်။ မူးယစ်ဆေးဝါးတွေလည်းပေါတယ်။ ကွမ်းယာဆိုင်မှာ ပဲလှော်ဝယ်သလို ဝယ်လို့ရတယ်။ ငွေ ၂၀၀၀ ဆိုရင် ဆေးပြား ရနေပြီ။ တကယ့်ကို ပေါပေါလောလောပဲ ရောင်းနေကြတာ။ လူငယ်တွေကြားထဲမှာလည်း အသုံးများကြတယ်။ လောင်းကစားဝိုင်းကတော့ ပုံစံမျိုးနဲ့ရှိနေတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းတွင်လည်း နှစ်လုံးထီနှင့် သုံးလုံးထီ၊ လောင်းကစားဝိုင်းများ ပေါ်ပေါ်တင် ပုံစံဖြင့်လည်းကောင်း၊ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့်လည်းကောင်း ပုံစံမျိုးစုံဖြင့်ပေါ်ပေါက်နေပြီး စစ်တပ်နှင့်ရဲဘက်က အရေးယူမှုမရှိဘဲ လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပြုနေကြောင်း သိရှိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အိမ္မဲတြင္ ေလာင္းကစား၀ိုင္းမ်ားျဖင့္ စည္ကားေနၿပီး ကစားသူမ်ားကို ရဲစခန္းက ထမင္းေကြၽးသည့္အျပင္ ေလာင္းကစား၀ိုင္းမ်ား ကို ဖိတ္စာျဖင့္ ဖိတ္၍ ဖြင့္လွစ္
မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္၊ ေတာင္ကန္ေက်း႐ြာတြင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဗိုလ္မင္းက ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းၿပီး ေလာင္းကစား၀ိုင္းမ်ားကို ဖိတ္စာျဖင့္ ဖိတ္ၾကား ဖြင့္လွစ္လိုက္ၿပီး အပတ္စဥ္ ျပဳလုပ္မည္ဟု ေၾကညာထားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
စက္တင္ဘာလ ၁၄ ရက္ေန႕တြင္ အုပ္ခ်ဳပ္ေရးမႉးေဟာ င္း ဗိုလ္မင္းက နယ္ထိန္းရဲ ေဇာ္လြင္စိုးႏွင့္ပူးေပါင္း၍ ေတာင္ကန္ေက်း႐ြာတြင္ ၾကက္တိုက္ပြဲအပါအဝင္ ေလာင္းကစား၀ိုင္းမ်ားကို ဖိတ္စာ ဖိတ္ၾကား၍ ဖြင့္လွစ္ခဲ့ေၾကာင္း၊ အပတ္ စဥ္ အဂၤါ၊ ဗုဒၶဟူး၊ ၾကာသာပေတးေန႕မ်ားတြင္ ၾကက္တိုက္ပြဲမ်ား ႏွင့္ ေလာင္းကစား၀ိုင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
“ဗိုလ္မင္းက အရင္ကအုပ္ခ်ဴပ္ေရးမႉးေဟာင္း။ ၂၀၁၉ ခုႏွစ္ေလာက္က သမေခ်းေငြ၊ စိုက္ဘဏ္ေငြ ေတြကို ႐ြာကလူနာမည္ေတြနဲ႕ ေငြေတြ လိုက္ထုတ္ၿပီး သူက သုံးတယ္။ ေနာက္ေတာ့ ျပန္မဆပ္နိုင္လို႔ အုပ္ခ်ဴပ္ေရးကေန ႏုတ္ထြက္ၿပီး ႐ြာကေနေရွာင္ေျပးသြားတာ။ ေရွာင္ရင္းေနာက္မိန္းမရတယ္။ မိန္းမက ၃ေယာက္ရွိၿပီ။ အခုက ေနာက္ဆုံးမိန္းမနဲ႕ေနတာ။ ေလာင္းကစားသမားနာမည္ႀကီး သူ႕ကို မသိသူ မရွိဘူး။
ေခတ္မေကာင္းတဲ့အခ်ိန္ နယ္ထိန္းရဲေခြး ေဇာ္လြင္စိုးနဲ႕ေပါင္းၿပီး ေတာင္ကန္႐ြာဘက္မွာ ကစားဝိုင္းေတြလုပ္စားေနတာ။ အခုေတာင္ကန္႐ြာ အုပ္ခ်ဴပ္ေရးမႉးကလည္း သူညီဝမ္းကြဲပဲ။ နာမည္ခံပဲရွိတာပါ။ အဓိက သူက အုပ္ခ်ဳပ္တာ။ အခုသူကေလာင္းကစားကိုဖိတ္စာေတြနဲ႕ေပၚေပၚတင္တင္လုပ္ေနပါတယ္။ ၿပီးေတာ့ သူ႕ေလာင္းကစားဝိုင္းေတြကိုလည္း စစ္ေခြးေတြေရာ ရဲေခြးေတြပါအားေပးအားေျမာက္လုပ္ေနၾကတယ္။ နိုင္ငံေရးမလုပ္နဲ႕ PDF မလုပ္နဲ႕။ ႀကိဳက္ရာလုပ္ဆိုတဲ့သေဘာပဲ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။
ယင္းကဲ့သို႔ ေလာင္းကစား၀ိုင္းမ်ားကို စစ္တပ္ႏွင့္ရဲမ်ားက ခြင့္ျပဳလာေနျခင္းသည္ နိုင္ငံတစ္ဝန္းလုံးတြင္ ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း၊ စစ္ေကာင္စီက စီမံခ်က္သေဘာပုံစံမ်ိဳးျဖင့္ ႏွစ္လုံးထီ၊ ေလာင္းက စား၀ိုင္း၊ သုံးလုံးထီ၊ မူးယစ္ေဆးဝါး၊ ျပည့္တန္ဆာလုပ္ငန္းမ်ားကို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထိန္းခ်ဳပ္မရွိေတာ့ဘဲ လုပ္ကိုင္ခြင့္ျပဳထား ေၾကာင္း ျပည္သူမ်ားက ေျပာဆိုၾကသည္။
ဧရာတီတိုင္း၊ အိမ္မဲ ကမ္းၿပိဳအုပ္စု သစ္တိုေခ်ာင္းေက်း႐ြာတြင္ ဥပေဒမဲ့ ေလာင္းကစားဝိုင္းမ်ား ေျခာက္ေကာင္ၾကက္ ဝိုင္းမ်ားအပါအဝင္ ေလာင္းကစား၀ိုင္းမ်ားျဖင့္ စည္ကားလ်က္ရွိၿပီး လာေရာက္ ေလာင္း ကစားၾကသူမ်ားကို လူ ေကာင္း ကြၽန္းရဲစခန္းက ထမင္းေကြၽးေမြးေၾကာင္း သိရွိရသည္။
“ၾကက္ေျခာက္ေကာင္ သီးသန႔္၀ိုင္း။ စေန အပတ္တိုင္းလုပ္တာ။ ၃ လေက်ာ္ေနၿပီ ။ ေျခာက္ေကာင္ သုံးဝိုင္း၊ ၾကက္တစ္ဝိုင္း၊ စုံမ တစ္ဝိုင္း။ ထမင္းဆိုင္ေတြေတာင္ရွိေသးတယ္။ မူးယစ္ေဆးဝါးေတြလည္းေပါတယ္။ ကြမ္းယာဆိုင္မွာ ပဲေလွာ္ဝယ္သလို ဝယ္လို႔ရတယ္။ ေငြ ၂၀၀၀ ဆိုရင္ ေဆးျပား ရေနၿပီ။ တကယ့္ကို ေပါေပါေလာေလာပဲ ေရာင္းေနၾကတာ။ လူငယ္ေတြၾကားထဲမွာလည္း အသုံးမ်ားၾကတယ္။ ေလာင္းကစား၀ိုင္းကေတာ့ ပုံစံမ်ိဳးနဲ႕ရွိေနတာ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။
ရန္ကုန္တိုင္းအတြင္းတြင္လည္း ႏွစ္လုံးထီႏွင့္ သုံးလုံးထီ၊ ေလာင္းကစား၀ိုင္းမ်ား ေပၚေပၚတင္ ပုံစံျဖင့္လည္းေကာင္း၊ ခိုးေၾကာင္ခိုးဝွက္ပုံစံျဖင့္လည္းေကာင္း ပုံစံမ်ိဳးစုံျဖင့္ေပၚေပါက္ေနၿပီး စစ္တပ္ႏွင့္ရဲဘက္က အေရးယူမႈမရွိဘဲ လိုင္းေၾကးယူ ဖြင့္လွစ္ခြင့္ျပဳေနေၾကာင္း သိရွိရသည္။
Leave a Reply