
ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်း မတည်မငြိမ်ဖြစ်နေခြင်းမှာ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဈေးကွ က်အတွင်းဖြစ်ပေါ်နေသည့် ဝယ်လိုအား၊ ရောင်းလိုအား အ ခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်နေခြင်းသာဖြစ် ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌကပြောသည်။
ပြည်တွင်း ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံရေးအခြေခံပြီး ဈေးကစားမှုများကြောင့်ဟု သတင်း ထွက်နေသည့်အပေါ် ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” အဲဒီလိုတော့ မဟုတ်ပါဘူး ။ နိုင်ငံရေးနဲ့ မပတ်သက်ဘူးဗျ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ထို့အပြင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဝယ်လို အားနှင့် ရောင်းလိုအား အပါအဝင် နိုင်ငံခြားငွေ ဈေးနှုန်း အခြေအနေပေါ်မူတည်၍လည်း ဈေးနှုန်း အတက်အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးအကျဖက်သို့ ဦးတည်နေသည့်အတွက် အဝယ်အေးနေပြီး ရောင်းလိုအားများနေကြောင်းလည်း ရန်ကုန်ရွှေအသင်းမှ သိရသည်။
” အကုန်လုံးအလုပ်မရှိတဲ့အခါကျတော့ အကုန်လုံး ရွှေပဲလူတွေက ဝိုင်းပြီးတော့ ဝယ်နေကြတာ။ အခုဈေးကျသွားပြီဆိုတော့ သူတို့ပဲ ချက်ချင်း လာပြန်ရောင်းကြတာ ။ အခုရောင်းတဲ့သူတွေက အားသာနေတယ်။ အရောင်းများနေတယ် ။ အခုက အဝယ်မရှိဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။
ယနေ့ စက်တင်ဘာလ (၁၅) ရက် ပြည်တွင်း ရွှေဈေးကွ က်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် ၅သောင်းဝန်း ကျင် ပြန်လည်မြင့်တက်လာပြီး ၂၉သိန်းခွဲ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်ကြကြောင်း ရန်ကုန်ရွှေဈေး ကွ က်အတွင်းမှ သိရသည်။
ယမန်နေ့ ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် အခေါက် ရွှေ (၁) ကျပ်သားလျင် (၂၈၇၀၀၀၀) ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယနေ့ နံနက် ဈေးကွက်ဖွင့်ချိန်တွင် (၁)ကျပ်သားလျှင် သိန်း (၃၀) ဖြင့် ဈေးဖွင့်ခဲ့ခြင်း ဖြစ် သည်။ယနေ့ စက်တင်ဘာ (၁၅) ရက် ရန်ကုန်အထိုင်ဈေးနှုန်းအနေဖြင့် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ခေါက်ရွှေ (၁) ကျပ်သားလျင် ၁၉၈၂၀၀၀ ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေ (၁) အောင်ဆလျင် အမေရိကန်ဒေါ်လာ ၁၆၈၈ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ (၁၄) ရက်က နေပြည်တော်တွင် ဗဟိုဘဏ်တွင် ပြုလုပ်သည့် ရွှေဈေးနှင့် ငွေဈေးနှုန်းထိန်းညှိရေး အစည်းအဝေးတွင် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ဗဟိုဘဏ်နှင့် အစိုးရက ပံ့ပိုးပေးသွားမည်ဟု ပြောကြားထားသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျပည္တြင္း ေ႐ႊေဈးႏႈန္း မတည္ၿငိမ္ျခင္းမွာ နိုင္ငံေရးႏွင့္ မသက္ဆိုင္ဘဲ ေရာင္းလိုအား ဝယ္လိုအားႏွင့္သာဆိုင္ေၾကာင္း ရန္ကုန္ေ႐ႊအသင္း ဥကၠ႒ေျပာ
ျပည္တြင္းေ႐ႊေဈးကြက္တြင္ ေဈးႏႈန္း မတည္မၿငိမ္ျဖစ္ေနျခင္းမွာ နိုင္ငံေရးႏွင့္ သက္ဆိုင္ျခင္းမရွိဘဲ ေဈးကြ က္အတြင္းျဖစ္ေပၚေနသည့္ ဝယ္လိုအား၊ ေရာင္းလိုအား အ ေျခအေနေပၚမူတည္၍ ျဖစ္ေပၚေနျခင္းသာျဖစ္ ေၾကာင္း ရန္ကုန္ေ႐ႊအသင္း ဥကၠ႒ကေျပာသည္။
ျပည္တြင္း ေ႐ႊေဈးႏႈန္း မတည္မၿငိမ္ ျဖစ္ေပၚေနရျခင္းမွာ နိုင္ငံေရးအေျခခံၿပီး ေဈးကစားမႈမ်ားေၾကာင့္ဟု သတင္း ထြက္ေနသည့္အေပၚ ဆက္သြယ္ေမးျမန္းစဥ္ ၎က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
” အဲဒီလိုေတာ့ မဟုတ္ပါဘူး ။ နိုင္ငံေရးနဲ႕ မပတ္သက္ဘူးဗ်” ဟု ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
ထို႔အျပင္ ေဈးကြက္အတြင္း ျဖစ္ေပၚေနသည့္ ဝယ္လို အားႏွင့္ ေရာင္းလိုအား အပါအဝင္ နိုင္ငံျခားေငြ ေဈးႏႈန္း အေျခအေနေပၚမူတည္၍လည္း ေဈးႏႈန္း အတက္အက် ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေၾကာင္း ၎ကဆိုသည္။
လက္ရွိတြင္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးအက်ဖက္သို႔ ဦးတည္ေနသည့္အတြက္ အဝယ္ေအးေနၿပီး ေရာင္းလိုအားမ်ားေနေၾကာင္းလည္း ရန္ကုန္ေ႐ႊအသင္းမွ သိရသည္။
” အကုန္လုံးအလုပ္မရွိတဲ့အခါက်ေတာ့ အကုန္လုံး ေ႐ႊပဲလူေတြက ဝိုင္းၿပီးေတာ့ ဝယ္ေနၾကတာ။ အခုေဈးက်သြားၿပီဆိုေတာ့ သူတို႔ပဲ ခ်က္ခ်င္း လာျပန္ေရာင္းၾကတာ ။ အခုေရာင္းတဲ့သူေတြက အားသာေနတယ္။ အေရာင္းမ်ားေနတယ္ ။ အခုက အဝယ္မရွိဘူး” ဟု ဦးမ်ိဳးျမင့္က ေျပာသည္။
ယေန႕ စက္တင္ဘာလ (၁၅) ရက္ ျပည္တြင္း ေ႐ႊေဈးကြ က္တြင္ အေခါက္ေ႐ႊ (၁) က်ပ္သားလ်င္ ၅ေသာင္းဝန္း က်င္ ျပန္လည္ျမင့္တက္လာၿပီး ၂၉သိန္းခြဲ ဝန္းက်င္ျဖင့္ အေရာင္းအဝယ္ ျပဳလုပ္ၾကေၾကာင္း ရန္ကုန္ေ႐ႊေဈး ကြ က္အတြင္းမွ သိရသည္။
ယမန္ေန႕ ညေနပိုင္း ေဈးကြက္ ပိတ္ခ်ိန္တြင္ အေခါက္ ေ႐ႊ (၁) က်ပ္သားလ်င္ (၂၈၇၀၀၀၀) ဝန္းက်င္ျဖင့္ ေဈးပိတ္ခဲ့ေသာ္လည္း ယေန႕ နံနက္ ေဈးကြက္ဖြင့္ခ်ိန္တြင္ (၁)က်ပ္သားလွ်င္ သိန္း (၃၀) ျဖင့္ ေဈးဖြင့္ခဲ့ျခင္း ျဖစ္ သည္။ယေန႕ စက္တင္ဘာ (၁၅) ရက္ ရန္ကုန္အထိုင္ေဈးႏႈန္းအေနျဖင့္ ရန္ကုန္ေ႐ႊအသင္း၏ ရည္ၫႊန္းေဈးႏႈန္းမွာ ေခါက္ေ႐ႊ (၁) က်ပ္သားလ်င္ ၁၉၈၂၀၀၀ က်ပ္ ျဖစ္ၿပီး ကမာၻ႔ေ႐ႊ (၁) ေအာင္ဆလ်င္ အေမရိကန္ေဒၚလာ ၁၆၈၈ ေဒၚလာ ျဖစ္ေၾကာင္း သိရသည္။
စက္တင္ဘာလ (၁၄) ရက္က ေနျပည္ေတာ္တြင္ ဗဟိုဘဏ္တြင္ ျပဳလုပ္သည့္ ေ႐ႊေဈးႏွင့္ ေငြေဈးႏႈန္းထိန္းညွိေရး အစည္းအေဝးတြင္ ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက ေ႐ႊေဈးႏႈန္း တည္ၿငိမ္မႈရွိေစရန္ ဗဟိုဘဏ္ႏွင့္ အစိုးရက ပံ့ပိုးေပးသြားမည္ဟု ေျပာၾကားထားသည္။
Leave a Reply