ရွှေတုံး၊ ရွှေခဲများကို ဘဏ်စနစ်ဖြင့်သာ ငွေပေးချေပြီး အရောင်းအဝယ် ပြုလုပ်ရတော့မည်ဟု သေရွာပြန် ဗဟိုဘဏ်ဥက္ကဋ္ဌ ထုတ်ပြန်

ရွှေတုံး၊ ရွှေခဲတွေကို အရောင်းအဝယ် ပြုလုပ်တဲ့အခါ ဘဏ်စနစ်နဲ့ ပေးချေဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရှိရပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဗဟိုဘဏ်တို့က ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေဖို့ ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပြီး ရွှေလုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြောကြားခဲ့ပါတယ်။

“ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်း/ဝယ်ဖို့ အစိုးရက ခွင့်ပြုတယ်။ နောက်တစ်ခုက ကျပ်သိန်း ၂၀၀ ကျော်ရင် ဘဏ်ကနေ ဖြတ်ရမယ်’’လို့ ညွှန်ကြားထားကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူက စက်တ င်ဘာလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ဗဟိုဘဏ်တို့က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောလိုက်ပါတယ်။

ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းကာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး ဝိုင်းဝန်းလုပ် ဆောင်ကြရန်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၃၇) သိန်းအထိ ဈေး နှုန်း မြင့်တက်ခဲ့ပြီး ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်အတွင်း၌ လည်း အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ မြန်မာငွေ ၄၅၀၀ ကျပ်အထိ စံချိန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွှေတုံးရွှေခဲ အရောင်းအဝယ်မှာ ဘဏ်နဲ့ လုပ်ရမယ်ဆိုတော့ ဘဏ်ထဲက ငွေသားတွေ အလွယ်တကူ ထုတ်လို့ရပြီလား၊ စပါယ်ရှယ်အကောင့်တွေထဲကနေ ကိုယ်ထုတ်ချင်သလောက် ပမာဏကို ချက်ချင်း ထုတ်လို့ရပြီလားလို့ မေးခွန်းထုတ်ချင်ကြောင်း ရွှေလုပ်ငန်းရှင် တဦးက ပြောလိုက်ပါတယ်။

ဘဏ်စနစ် ပုံမှန်မလည်ပတ်နိုင်ဘဲ ဘဏ်တွေကို ပြည်သူတွေ ယုံကြည်မှု လျော့ကျချိန်မှာ ရွှေအရောင်း အဝယ် ကိစ္စကို ယခုလို ကန့်သတ်လိုက်တာကြောင့် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရွှေဈေးနှုန်းက တည်ငြိမ်မှု မရှိသေးဘဲ အနိမ့်အမြင့်အတက်အကျ များပြားလျက် ရှိနေသေးပြီး ရွှေဆိုင်အချို့ အရောင်းပိတ်ထားတာကို တွေ့ရှိရပါတယ်။ ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ထားကြပြီး ဖြစ်ပေါ်လာမယ့် အခြေအနေတွေကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေ႐ႊတုံး၊ ေ႐ႊခဲေတြကို အေရာင္းအဝယ္ ျပဳလုပ္တဲ့အခါ ဘဏ္စနစ္နဲ႕ ေပးေခ်ေဆာင္႐ြက္နိုင္ေရးအတြက္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ဦးေဆာင္ၿပီး စီစဥ္ေဆာင္႐ြက္လ်က္ ရွိတယ္လို႔ သိရွိရပါတယ္။

သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႕ ဗဟိုဘဏ္တို႔က ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ တည္ၿငိမ္ေစဖို႔ ဆက္လက္ပံ့ပိုးေပးမွာျဖစ္ၿပီး ေ႐ႊလုပ္ငန္းရွင္ေတြက ပူးေပါင္းေဆာင္႐ြက္ရမယ့္ လုပ္ငန္းေတြကို ေျပာၾကားခဲ့ပါတယ္။

“ေဈးကြက္ေပါက္ေဈးအတိုင္း ေရာင္း/ဝယ္ဖို႔ အစိုးရက ခြင့္ျပဳတယ္။ ေနာက္တစ္ခုက က်ပ္သိန္း ၂၀၀ ေက်ာ္ရင္ ဘဏ္ကေန ျဖတ္ရမယ္’’လို႔ ၫႊန္ၾကားထားေၾကာင္း ရန္ကုန္ေ႐ႊလုပ္ငန္းရွင္အသင္း တာဝန္ရွိသူက စက္တ င္ဘာလဆန္းပိုင္းမွာ ေျပာဆိုခဲ့ပါတယ္။

ျပည္တြင္း၌ ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ တည္ၿငိမ္‌ေစရန္အတြက္ သက္ဆိုင္ရာ ျပည္ေထာင္စု ဝန္ႀကီး ဌာနမ်ားႏွင့္ ဗဟိုဘဏ္တို႔က ဆက္လက္ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာလိုက္ပါတယ္။

ထို႔အျပင္ ေ႐ႊလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း အစိုးရႏွင့္ ပူးေပါင္းကာ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရး ဝိုင္းဝန္းလုပ္ ေဆာင္ၾကရန္လည္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ေဒၚသန္းသန္းေဆြက တိုက္တြန္းခဲ့ပါတယ္။

ျမန္မာ့ေ႐ႊေဈးကြက္တြင္ ၿပီးခဲ့သည့္ ဩဂုတ္လကုန္ပိုင္းအထိ စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ေ႐ႊေဈးႏႈန္းမ်ားအရ အေခါက္ေ႐ႊ တစ္က်ပ္သားလ်င္ (၃၇) သိန္းအထိ ေဈး ႏႈန္း ျမင့္တက္ခဲ့ၿပီး ျပည္တြင္း နိုင္ငံျခားေငြ ေဈးကြက္အတြင္း၌ လည္း အေမရိကန္တစ္ေဒၚလာ ေငြလဲႏႈန္းမွာ ျမန္မာေငြ ၄၅၀၀ က်ပ္အထိ စံခ်ိန္ျမင့္တက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ေ႐ႊတုံးေ႐ႊခဲ အေရာင္းအဝယ္မွာ ဘဏ္နဲ႕ လုပ္ရမယ္ဆိုေတာ့ ဘဏ္ထဲက ေငြသားေတြ အလြယ္တကူ ထုတ္လို႔ရၿပီလား၊ စပါယ္ရွယ္အေကာင့္ေတြထဲကေန ကိုယ္ထုတ္ခ်င္သေလာက္ ပမာဏကို ခ်က္ခ်င္း ထုတ္လို႔ရၿပီလားလို႔ ေမးခြန္းထုတ္ခ်င္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္ တဦးက ေျပာလိုက္ပါတယ္။

ဘဏ္စနစ္ ပုံမွန္မလည္ပတ္နိုင္ဘဲ ဘဏ္ေတြကို ျပည္သူေတြ ယုံၾကည္မႈ ေလ်ာ့က်ခ်ိန္မွာ ေ႐ႊအေရာင္း အဝယ္ ကိစၥကို ယခုလို ကန႔္သတ္လိုက္တာေၾကာင့္ အခက္အခဲေတြ ျဖစ္လာနိုင္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ေ႐ႊေဈးႏႈန္းက တည္ၿငိမ္မႈ မရွိေသးဘဲ အနိမ့္အျမင့္အတက္အက် မ်ားျပားလ်က္ ရွိေနေသးၿပီး ေ႐ႊဆိုင္အခ်ိဳ႕ အေရာင္းပိတ္ထားတာကို ေတြ႕ရွိရပါတယ္။ ေ႐ႊေဈးႏႈန္း ျပန္လည္ ျမင့္တက္လာနိုင္တယ္လို႔ ပညာရွင္မ်ားက သုံးသပ္ထားၾကၿပီး ျဖစ္ေပၚလာမယ့္ အေျခအေနေတြကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*