
နိုင်ငံခြား လုပ်ခ/လစာ ငွေလွှဲတွေကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် လက်ခံထည့်ပေးဖို့ ကမ္ဘောဇဘဏ်(KBZ- Bank) က အတည်ပြုလိုက်ပြီလို့ Hana Bank Myanmar Page မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ စာရွက်စာတမ်း ထပ်တောင်းတာမျိုးမရှိ၊ တိုကင်ယူစရာ မလို၊ ငွေပမာဏ ကန့်သတ် ချက်မရှိ ထုတ်ယူနိုင်ပြီး အဆင်မပြေမှုများ ရှိပါက ကမ္ဘောဇဘဏ်နဲ့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ပေးမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗဟိုဘဏ်၏ ညွှန်ကြား ချ က်အရ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ သင်္ဘော သားတွေရဲ့ လစာငွေ ဒေါ်လာတွေကို ဈေးကွက် ပေါ က်ဈေး အတိုင်း အမြင့်ဆုံး နှုန်းထားဖြင့် ဝယ်ယူဖို့ ညွှန်ကြားထားတယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က သတင်းထုတ် ပြန်ထားပါသေးတယ်။
လက်ရှိမှာတော့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှာ ဒေါ်လာဈေးနှုန်းတွေက အချိန်နဲ့ အမျှ အပြောင်းအလဲ ဖြစ်နေပြီး ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းမှာ တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ဝန်းကျင်နဲ့အ ရောင်းအဝယ်ဖြစ်နေတယ်လို့ဈေးကွက်အ တွင်းမှ စုံစမ်းသိရှိရပါတယ်။
Hana Bank Myanmar Page ရဲ့ ထုတ်ပြန်ချက်မှာတော့ ငွေလွှဲသူ အနေနဲ့ တခြား အသုံးစရိတ် ခေါင်းစဉ်နဲ့ စာရင်းသွင်းပါက ၁ ဒေါ်လာ ကျပ် ၃၀၀၀ နှုန်းနဲ့ မရနိုင်တဲ့ အတွက် ခေါင်းစဉ်မှား လွှဲထားပါက အသစ်ပြန်လည် စာရင်းသွင်းဖို့ လိုအပ်တယ်လို့ဆိုပြီး
ငွေလွှဲ ရည်ရွယ်ချက်မှာ လစာကို ရွေးပြီး စာရင်းသွင်းပါက အသေးစိတ် အချက်အလက်ထဲမှာ “SALARY” သို့မဟုတ် ကုဒ်နံပါတ် “5200” လို့ ပေါ်နေပြီး အဲဒီလို စာရင်းသွင်းထားသူ အားလုံး KBZ ကတစ်ဆင့် ပြည်ပငွေလွှဲ ပြုလုပ်ပါက အမေရိကန် တစ်ဒေါ်လာ ၃၀၀၀ ကျပ်နှုန်း ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
နိုင္ငံျခား လုပ္ခ/လစာ ေငြလႊဲေတြကို တစ္ေဒၚလာ က်ပ္ ၃၀၀၀ ျဖင့္ လက္ခံထည့္ေပးဖို႔ ကေမာၻဇဘဏ္(KBZ- Bank) က အတည္ျပဳလိုက္ၿပီလို႔ Hana Bank Myanmar Page မွာ အတည္ျပဳ ထုတ္ျပန္ထားပါတယ္။
ထုတ္ျပန္ခ်က္မွာေတာ့ စာ႐ြက္စာတမ္း ထပ္ေတာင္းတာမ်ိဳးမရွိ၊ တိုကင္ယူစရာ မလို၊ ေငြပမာဏ ကန႔္သတ္ ခ်က္မရွိ ထုတ္ယူနိုင္ၿပီး အဆင္မေျပမႈမ်ား ရွိပါက ကေမာၻဇဘဏ္နဲ႕ တိုက္ရိုက္ခ်ိတ္ဆက္ ဆက္သြယ္ေပးမယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဗဟိုဘဏ္၏ ၫႊန္ၾကား ခ် က္အရ ဧရာဝတီဘဏ္နဲ႕ ခ်ိတ္ဆက္ထားတဲ့ သေဘၤာ သားေတြရဲ႕ လစာေငြ ေဒၚလာေတြကို ေဈးကြက္ ေပါ က္ေဈး အတိုင္း အျမင့္ဆုံး ႏႈန္းထားျဖင့္ ဝယ္ယူဖို႔ ၫႊန္ၾကားထားတယ္ဆိုၿပီးေတာ့ ျမန္မာနိုင္ငံ ပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) က သတင္းထုတ္ ျပန္ထားပါေသးတယ္။
လက္ရွိမွာေတာ့ နိုင္ငံျခားေငြေၾကးေဈးကြက္အတြင္းမွာ ေဒၚလာေဈးႏႈန္းေတြက အခ်ိန္နဲ႕ အမွ် အေျပာင္းအလဲ ျဖစ္ေနၿပီး ယေန႕ စက္တင္ဘာ ၁၅ ရက္ေန႕ ညေနပိုင္းမွာ တစ္ေဒၚလာကို က်ပ္ ၃၅၀၀ ဝန္းက်င္နဲ႕အ ေရာင္းအဝယ္ျဖစ္ေနတယ္လို႔ေဈးကြက္အ တြင္းမွ စုံစမ္းသိရွိရပါတယ္။
Hana Bank Myanmar Page ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ေငြလႊဲသူ အေနနဲ႕ တျခား အသုံးစရိတ္ ေခါင္းစဥ္နဲ႕ စာရင္းသြင္းပါက ၁ ေဒၚလာ က်ပ္ ၃၀၀၀ ႏႈန္းနဲ႕ မရနိုင္တဲ့ အတြက္ ေခါင္းစဥ္မွား လႊဲထားပါက အသစ္ျပန္လည္ စာရင္းသြင္းဖို႔ လိုအပ္တယ္လို႔ဆိုၿပီး
ေငြလႊဲ ရည္႐ြယ္ခ်က္မွာ လစာကို ေ႐ြးၿပီး စာရင္းသြင္းပါက အေသးစိတ္ အခ်က္အလက္ထဲမွာ “SALARY” သို႔မဟုတ္ ကုဒ္နံပါတ္ “5200” လို႔ ေပၚေနၿပီး အဲဒီလို စာရင္းသြင္းထားသူ အားလုံး KBZ ကတစ္ဆင့္ ျပည္ပေငြလႊဲ ျပဳလုပ္ပါက အေမရိကန္ တစ္ေဒၚလာ ၃၀၀၀ က်ပ္ႏႈန္း ေပးမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
Leave a Reply