
ဦးဇော်ဇော် ဆိုလိုက်တာနဲ ပြေးမြင်ကြမှာက ဧရာဝတီဘဏ် နဲ မြန်မာ့ ဘောလုံးလောကပါ။ သူဟာ မြန်မာခရိုနီတွေ ကြားထဲမှာ အသက်အငယ်ဆုံး ဖြစ်တလို အများချီးကျူးဝေဖန်နေကြတဲ့ သူ ဖြစ်တလို နိင်ငံတကာကပါလေးစားခံနေရတဲ့ သူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဖူး။
ခရိုနီတွေထဲမှာလည်း အပေါင်းအသင်းအဆန့်ဆုံးလိုဆို့ရမှာပါ၊ သူဟာ အစီုးရအာဏာရှင်များနဲသာမက ထောင်ကျနိင်ငံရေး သမားတွေ လူမှုရေး စီးပွားရေးနယ်ပါယ်အသီးသီးက ထိပ်သီး အဆင့်ဖြစ်စေ အောက်ခြေဖြစ်စေ သိကျွမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ အချမ်းသာဆုံးနေရာကို ရောက်ရှိလာခဲ့ပေမယ့် ဦးဇော်ဇော်ရဲ့ ငယ်စဉ်ဘဝဟာလည်း ဖယောင်းလမ်းလို ပျော့ပြောင်းနေတာ မဟုက်ခဲ့ပါ။ အခက်အခဲတွေ ရုန်းကန်းမူတွေ ကျော်ဖြတ်လာပြီးမှ သူဌေးဆိုတဲ့ ဂုဏ်ဘွဲ့ကို ရရှိခဲ့တာ ဖြစ်တလို ယခင်အာဏာရှင်တွေနဲ ပေါင်းစားသူဆိုပြီးလည်း ဝိုင်းသမုက်ခံနေရပေမယ့် သူဟာ ၈၈အရေးတော်ပုံကာလက တက်ကြွသောကျောင်းသားတစ်ဦးဆိုတာ လူသိနည်းပါတယ်။
ဘဝဆိုတာ အမြဲ လက်ရှိအခြေအနေတိုင်း ဖြစ်မနေဖူးဆိုတာ ဦးဇော်ဇော်ဘဝက သက်သေပြနေပါတယ်။ သူငယ်စဉ်ဘဝ အတော်များများကို ရှာမရ ဖြစ်တာမို့ သိရတလောက်ကို ပြန်ဝေမျှ ပါရစေ။ ဦးဇော်ဇော် ဟာ ဧရာဝတီမြစ်ဝကျွန်း ပေါ် ရေ ကြည် နယ် သား ပါ ။ အဖေက အစိုးရ ဝန်ထမ်း ၊ အမေ က အိမ်ဆိုင်လေး ဖွင့်ထားပီးတစ်ဘက်တစ်လမ်း အိမ်ဝင်ငွေရှာခဲ့ရတဲ့ မွေးချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ်။
၁၉၈၈မှာ အရေးအခင်းဖြစ်တော့ သူ က ‘ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်မှာပါ။ စစ်တပ်အာဏာသိမ်းပြီး နောက် အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတွေကို စစ်အစိုးရလိုက်လံဖမ်းတော့ သူလည်း ၄ လ လောက် ပြည်တွင်းမှာ ပုန်းရှောင် နေရသေးတဲ့ အချိန်မှာ သူအသက်ဟာ (၂၀)ဝန်းကျင်သာ ရှိပါသေးတယ်။
အဲဒီနောက် ဆွေမျိုးဝမ်းကွဲ အကူအညီနဲ့ စင်ကာပူ ကို ( ဒေါ်လာ ၈၀ ပဲ အိတ်ထဲ ပါလာ ) ထွက်လာပြီး၊ သ င်္ဘောသား လုပ်ခဲ့တာ ၆ နှစ်ကြာ ပြည်ပထွက် အလုပ်လုပ်ခြင်း စွန့်စားရမှုရဲ့ အစ ဦးပိုင်း အခြေအနေပါပဲ ။ ပြည်ပကို အကြောက် တရားရှိနေတဲ့ စစ်အစိုးရရဲ့ အထီးကျန်ကာလတွေ မှာ ဦးဇော်ဇော်တစ်ယောက် တစ်လမှ ဒေါ် လာ ၂၀၀ ရဖို့အရေး သင်္ဘောကုန်းပတ်ပေါ်မှာ တစ်နေ့နာရီ(၂၀)ကြာ သင်္ဘောသားလုပ်နေရင်းနဲ့ ၊ ဩစတေးလျ – ဟောင်ကောင် – တိုင်ဝမ် – အီရန် – ဂျပန် -အာဖရိက စသည် နေရာတွေကို သူလည်း အစုံ ရောက်ဖူးသွားပြီး ၊ အင်္ဂလိပ်စာကို လေ့လာခွင့်ရခဲ့သလို ၊ တစ်ဖက်မှာ သူများနိုင်ငံတွေ ဖွံးဖြိုးတိုးတက်တာ တွေမြင်ရတော့ သူ့ဘဝသူ ၊သူရဲ့ဆင်းရဲမှု ၊ အနှိမ်ခံရမှု တွေ အပေါ် ရှက်စိတ်တွေနဲ့သာ ရှင်သန်နေထိုင်လာခဲ့ပါတယ်။
တလကို ဒေါ်လာ (၂၀၀)နဲ ခြောက်နှစ်ကျော် အလုပ်လုပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် သူဘဝကို အပြောင်း အလဲ ဖြစ်သွားစေမယ့် အဖြေ တခု သူလုပ်ခဲ့ပါတယ်။ ဒါကတော့ သူလုပ်နေတဲ့ သင်္ဘော ဂျပန်မှာ ဆိုက်ကပ်စဉ် နေကျန်ခဲ့တာပဲ၊ တချို့က သူထွက်ပြေးခဲ့တာလို့ ဆိုကြပါတယ်။
ဒီလိုနဲ့ ၁၉၉၁ (တချို့က ၁၉၉၂လို့ ဆို) မှာ လက်ကျန် ငွေ ၆၅၀ နဲ့ ဂျပန်ကို ရောက်ရ ပြန်ပါတယ်။ တိုကျိုမှာ ‘ ထမင်းချက် – ပန်းကန်ဆေး – စားပွဲထိုး ‘ အလုပ် ၃ မျိုးလုပ်ပြီး ၊ တစ်ဖက်မှာ ဂျပန်စာကို သင်ယူလေ့လာခွင့် ရပါတယ် ။ ဒီလိုနဲ့ yellow pages နဲ့ cold-calling က တစ်ဆင့် ကားဟောင်း ရောင်းဝယ်တဲ့ ဗျံကျ အလုပ်ကလေး စလုပ် ဖြစ်ပါတယ် ။ အဲဒီမှာ Max Trading Co လို့ အမည်စပေး ဖြစ်သွားတာပါ ။
ကားဟောင်းရောင်းသူဌေး နဲ့ မိတ်ဆွေ ဖြစ်လာပြီး ၊ အဲဒီက နစ်ဆန်းဆီဒင် ၂ စီး ကို ဝယ် ဖြစ် ၊ အခြားမိတ်ဆွေ ကို ပြန်ရောင်းဖြစ် ၊ ဒီကစပြီး Max Myanmar Group ဖြစ်တည်လာတာ မြန်မာ နဲ့ အခြား နိုင်ငံတွေဆီ ကားဟောင်းတွေ တင် ပို့ ရောင်းချဖြစ်ပါတယ် ။
ဦးဇော်ဇော်ဟာ သူရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၁၉၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲအချိန်မှာ ဦးဇော်ဇော်အသက်ဟာ (၂၉)နှစ် ရှိပါပြီ။ ဘဝမလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာ မည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရကို ကန်ထရိုက်ဝင်လုပ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ကို ကား ၁ စီးသွင်းခွင့်ရှိတဲ့ အဲဒီခေတ်လုပ်ထုံးလုပ်နည်း အရ ဒေါ်လာ ၅၀၀ လောက် ပေါက်တဲ့ ကားပါမစ်တွေကို သူက ချုပ်ကိုင်ထားရပါတယ် ။
သူ့ရဲ့ ဇနီးလောင်း ဖြစ်မည့်သူဟာ သူမကိုယ်တိုင်လည်း ဂျပန်မှာ အလုပ်လုပ်နေချိန် ၊ သူထံကားလာဝယ်ရင်း နဲ့ ဖူးစာဆုံခဲ့တာ လို့ သိရပြီး ၁၉၉၅ ခုနှစ်မှာပဲ လက်ထက်ဖြစ်ကြတယ် လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ သမီးတစ်ဦး သားတစ်ဦး ရှိတဲ့ မိသားစုဖြစ်နေပါပြီ။
ဦးဇော်ဇော်ဟာ ဂျပန်က သူဌေးတစ်ယောက် မွေးစားတာ ခံရပြီး အရင်းအနှီးရရှိကာ မြန်မာပြည်ပြန်လာ စီးပွားပြန်လုပ်ရင်း ချမ်းသာလာတာလို့လည်း ပြောကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲအချိန်တုန်းက ဂျပန်ဟာ ခောတ်မီအတိုးတက်ဆုံး နိင်ငံမို့ သူအတွက် အတွေ့ အကြုံကောင်းတွေ အများကြီး ရရှိခဲ့မှာ အမှန်ပါ။
ရန်ကုန်သို့ ၁၉၉၅ တွင် ပြန်ရောက်လာခဲ့ကာ ၁၉၉၆ ကျောင်းသား အရေးအခင်းမှာ ပါဝင်ခြင်းမရှိတော့ဘဲ လုပ်ဖော်ကိုင် ဖက်နိုင်ငံရေးသမားများ အဝေဖန်ခံကာ စီးပွားရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့တယ် လို့ သိရပါတယ်။ မြန်မာပြည် အတူပြန်လာတော့လည်း ဒီကားဟောင်းသွင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်ပါ တယ် ။
နောက်ပိုင်းမှာ အကြီးစား ဆောက်လုပ်ရေး ယန္တရား ပစ္စည်းတွေ၊အစီုးရ ပရောဂျက်တွေ လုပ်ကိုင်ရင်းနဲ ယခင် အစီုးရအုပ်ချူပ်ရေးပိုင်းက လူတွေနဲ ပိုသိလာကာ၂၀၀၅ ခုနှစ်မှာ ဆောက်လုပ်ရေးကုမ္ပဏီ ထူထောင်ပြီး နေပြည်တော် အမြန်လမ်းတွေ ဟိုတယ်တွေ ဘော်လုံးကွင်းတွေ တည်ဆောက်ပေးတဲ့ အထိ နေရာ ရလာခဲ့ပါတယ်။ ယခင်စစ်အစီုးရနဲ ပူးပေါင်းဆောင်ရွှက်ခဲ့တယ် ဆိုပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိက်ဆို့မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။မြန်မာပြည်မှာ အချမ်းသာဆုံး ဖြစ်လာတဲ့ အချိန်မှာ သူအသက်ဟာ(၄၂) သာ ရှိပါသေးတယ်။
ဦးဇော်ဇော်ရဲ့ စီးပွားရေး အအောင်မြင်ဆုံးကာလတွေကတော့ ၂၀၁၁ခုနှစ် နောက်ပိုင်း ကာလတွေ ဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိင်ငံရဲ့ အချမ်းသာဆုံးသူဌေးလို့ သက်မှတ်နေမှုတွေ ရှိပြီး အသက် အငယ်ဆုံး ခရိုနီလို့လည်း ပြောကြပါတယ်။
ဦးဇော်ဇော်ဟာ စီးပွားရေးလုပ်ငန်းမှာသာမက မြန်မာဘောလုံးလောကမှာလည်း ထင်ရှားသူ တစ်ဦး ဖြစ်ပြီး လက်ရှိအချိန် ထိ ဘော်လုံးအဖွဲ့ချူပ်ရဲ့ ဥက္ကဌ ဖြစ်သလို MNL ကိုလည်း ဦးဆောင်ဖန်တီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး AFF Football Development Committee ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားပါတယ်။
ဦးဇော်ဇော် ဘောလုံးအဖွဲ့ချူပ်ကို ရောက်ရှိလာတာကလည်း ယခင်စစ်အစိုးရ လက်ထက် လုပ်ငန်းရှင်တွေကို အားကစားအဖွဲ့တွေမှာ ပါဝင်ခိုင်းတာနဲ့ ခရီုနီများ အုပ်စုလိုက် အဖွဲ့အသီးသီးစီ ရောက်ရှိကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဦးဇော်ဇော်ဟာ ကိုယ်ပိုင်ငွေကြေးအများအပြား စိုက်ထုက်ကာ ကြိုးပမ်းဆောင်ရွှက်မှုတွေကြော င့် ဘောလုံးပရိသတ် တွေကြားမှာလည်း နာမည်ကြီးသူတစ်ဦး ဖြစ်တလို အာရှဘောလုံးအဖွဲ့ချူပ်မှာလည်း အတွင်းရေးမှုး နေရာ ယူထားပါသေးတယ်။ ပြည်တွင်းမှာလည်း ဘောလုံးအကယ်ဒမီကျောင်းကို ထူထောင်ဖွင့်လှစ်ပေးနိင်ခဲ့ပြီး ကမ္ဘာ ဘောလုံအဖွဲ့ချူပ်ရဲ့ အသိ အမှတ်ပြုမှုကို ရယူနိင်ခဲ့ပါတယ်။
အထက်ပါ ဖော်ပြချက်များသည် ဦးဇော်ဇော်ကို သာမန် အရပ်သား တယောက်ကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူဌေးကြီး အဖြစ်သို့ ရောက်ရှိစေခဲ့တဲ့ ဖော်ပြ ချက်များ ဖြစ်ပါတယ်။
စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးဇော်ဇော်သည် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ၂၆-၁၂-၂၀၂၁ ရက်နေ့တွင် မင်းအောင်လှိုင်ကို အရိုအသေပေးနေတဲ့ ပုံနဲ့အတူ လူတွေကြားမှာ ပြန်ပေါ်လာတာကို တွေ့ရပါတယ်။
တနိုင်ငံလုံးက ချဉ်နေကြတဲ့ မင်းအောင်လှိုင်နဲ့ တတန်းတည်း တွေ့ရတဲ့ ဦးဇော်ဇော်ကို ပြည်သူအများက ဝိုင်းဝန်း ဝေဖန်လျက် ရှိပါတယ်။ ဥစ္စာစည်းစိမ် မည်မျှပင် ချမ်းသာပါစေ ပြည်သူနဲ့ အတူမရှိတဲ့ ဘယ်သူပဲ ဖြစ်ဖြစ် နာမည်ဆိုးရပြီး တိတ်တဆိတ် ပျောက်ကွယ်သွားရမှာကတော့ အသေအချာပဲ ဆိုတာ ဦးဇော်ဇော် သတိမမူဘဲ ဖြစ်နေတာလား ဆိုတာကတော့….
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဦးေဇာ္ေဇာ္ ဆိုလိုက္တာနဲ ေျပးျမင္ၾကမွာက ဧရာဝတီဘဏ္ နဲ ျမန္မာ့ ေဘာလုံးေလာကပါ။ သူဟာ ျမန္မာခရိုနီေတြ ၾကားထဲမွာ အသက္အငယ္ဆုံး ျဖစ္တလို အမ်ားခ်ီးက်ဴးေဝဖန္ေနၾကတဲ့ သူ ျဖစ္တလို နိင္ငံတကာကပါေလးစားခံေနရတဲ့ သူတစ္ေယာက္လို႔ ေျပာရင္လည္း မမွားပါဖူး။
ခရိုနီေတြထဲမွာလည္း အေပါင္းအသင္းအဆန႔္ဆုံးလိုဆို႔ရမွာပါ၊ သူဟာ အစီုးရအာဏာရွင္မ်ားနဲသာမက ေထာင္က်နိင္ငံေရး သမားေတြ လူမႈေရး စီးပြားေရးနယ္ပါယ္အသီးသီးက ထိပ္သီး အဆင့္ျဖစ္ေစ ေအာက္ေျချဖစ္ေစ သိကြၽမ္းဝင္သူ တစ္ဦး ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ျမန္မာျပည္ရဲ႕ အခ်မ္းသာဆုံးေနရာကို ေရာက္ရွိလာခဲ့ေပမယ့္ ဦးေဇာ္ေဇာ္ရဲ႕ ငယ္စဥ္ဘဝဟာလည္း ဖေယာင္းလမ္းလို ေပ်ာ့ေျပာင္းေနတာ မဟုက္ခဲ့ပါ။ အခက္အခဲေတြ ႐ုန္းကန္းမူေတြ ေက်ာ္ျဖတ္လာၿပီးမွ သူေဌးဆိုတဲ့ ဂုဏ္ဘြဲ႕ကို ရရွိခဲ့တာ ျဖစ္တလို ယခင္အာဏာရွင္ေတြနဲ ေပါင္းစားသူဆိုၿပီးလည္း ဝိုင္းသမုက္ခံေနရေပမယ့္ သူဟာ ၈၈အေရးေတာ္ပုံကာလက တက္ႂကြေသာေက်ာင္းသားတစ္ဦးဆိုတာ လူသိနည္းပါတယ္။
ဘဝဆိုတာ အၿမဲ လက္ရွိအေျခအေနတိုင္း ျဖစ္မေနဖူးဆိုတာ ဦးေဇာ္ေဇာ္ဘဝက သက္ေသျပေနပါတယ္။ သူငယ္စဥ္ဘဝ အေတာ္မ်ားမ်ားကို ရွာမရ ျဖစ္တာမို႔ သိရတေလာက္ကို ျပန္ေဝမွ် ပါရေစ။ ဦးေဇာ္ေဇာ္ ဟာ ဧရာဝတီျမစ္ဝကြၽန္း ေပၚ ေရ ၾကည္ နယ္ သား ပါ ။ အေဖက အစိုးရ ဝန္ထမ္း ၊ အေမ က အိမ္ဆိုင္ေလး ဖြင့္ထားပီးတစ္ဘက္တစ္လမ္း အိမ္ဝင္ေငြရွာခဲ့ရတဲ့ ေမြးခ်င္း ၆ ေယာက္ အ နက္ သူ က အ ငယ္ ဆုံး သား တစ္ ဦး ျဖစ္ ပါ တယ္။
၁၉၈၈မွာ အေရးအခင္းျဖစ္ေတာ့ သူ က ‘ရန္ကုန္တကၠသိုလ္ ေနာက္ဆုံးႏွစ္မွာပါ။ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ အေရးအခင္းမွာ ပါဝင္လႈပ္ရွားသူေတြကို စစ္အစိုးရလိုက္လံဖမ္းေတာ့ သူလည္း ၄ လ ေလာက္ ျပည္တြင္းမွာ ပုန္းေရွာင္ ေနရေသးတဲ့ အခ်ိန္မွာ သူအသက္ဟာ (၂၀)ဝန္းက်င္သာ ရွိပါေသးတယ္။
အဲဒီေနာက္ ေဆြမ်ိဳးဝမ္းကြဲ အကူအညီနဲ႕ စင္ကာပူ ကို ( ေဒၚလာ ၈၀ ပဲ အိတ္ထဲ ပါလာ ) ထြက္လာၿပီး၊ သ ေဘၤာသား လုပ္ခဲ့တာ ၆ ႏွစ္ၾကာ ျပည္ပထြက္ အလုပ္လုပ္ျခင္း စြန႔္စားရမႈရဲ႕ အစ ဦးပိုင္း အေျခအေနပါပဲ ။ ျပည္ပကို အေၾကာက္ တရားရွိေနတဲ့ စစ္အစိုးရရဲ႕ အထီးက်န္ကာလေတြ မွာ ဦးေဇာ္ေဇာ္တစ္ေယာက္ တစ္လမွ ေဒၚ လာ ၂၀၀ ရဖို႔အေရး သေဘၤာကုန္းပတ္ေပၚမွာ တစ္ေန႕နာရီ(၂၀)ၾကာ သေဘၤာသားလုပ္ေနရင္းနဲ႕ ၊ ဩစေတးလ် – ေဟာင္ေကာင္ – တိုင္ဝမ္ – အီရန္ – ဂ်ပန္ -အာဖရိက စသည္ ေနရာေတြကို သူလည္း အစုံ ေရာက္ဖူးသြားၿပီး ၊ အဂၤလိပ္စာကို ေလ့လာခြင့္ရခဲ့သလို ၊ တစ္ဖက္မွာ သူမ်ားနိုင္ငံေတြ ဖြံးၿဖိဳးတိုးတက္တာ ေတြျမင္ရေတာ့ သူ႕ဘဝသူ ၊သူရဲ႕ဆင္းရဲမႈ ၊ အႏွိမ္ခံရမႈ ေတြ အေပၚ ရွက္စိတ္ေတြနဲ႕သာ ရွင္သန္ေနထိုင္လာခဲ့ပါတယ္။
တလကို ေဒၚလာ (၂၀၀)နဲ ေျခာက္ႏွစ္ေက်ာ္ အလုပ္လုပ္ခဲ့ေပမယ့္ အဆင္မေျပတဲ့အတြက္ သူဘဝကို အေျပာင္း အလဲ ျဖစ္သြားေစမယ့္ အေျဖ တခု သူလုပ္ခဲ့ပါတယ္။ ဒါကေတာ့ သူလုပ္ေနတဲ့ သေဘၤာ ဂ်ပန္မွာ ဆိုက္ကပ္စဥ္ ေနက်န္ခဲ့တာပဲ၊ တခ်ိဳ႕က သူထြက္ေျပးခဲ့တာလို႔ ဆိုၾကပါတယ္။
ဒီလိုနဲ႕ ၁၉၉၁ (တခ်ိဳ႕က ၁၉၉၂လို႔ ဆို) မွာ လက္က်န္ ေငြ ၆၅၀ နဲ႕ ဂ်ပန္ကို ေရာက္ရ ျပန္ပါတယ္။ တိုက်ိဳမွာ ‘ ထမင္းခ်က္ – ပန္းကန္ေဆး – စားပြဲထိုး ‘ အလုပ္ ၃ မ်ိဳးလုပ္ၿပီး ၊ တစ္ဖက္မွာ ဂ်ပန္စာကို သင္ယူေလ့လာခြင့္ ရပါတယ္ ။ ဒီလိုနဲ႕ yellow pages နဲ႕ cold-calling က တစ္ဆင့္ ကားေဟာင္း ေရာင္းဝယ္တဲ့ ဗ်ံက် အလုပ္ကေလး စလုပ္ ျဖစ္ပါတယ္ ။ အဲဒီမွာ Max Trading Co လို႔ အမည္စေပး ျဖစ္သြားတာပါ ။
ကားေဟာင္းေရာင္းသူေဌး နဲ႕ မိတ္ေဆြ ျဖစ္လာၿပီး ၊ အဲဒီက နစ္ဆန္းဆီဒင္ ၂ စီး ကို ဝယ္ ျဖစ္ ၊ အျခားမိတ္ေဆြ ကို ျပန္ေရာင္းျဖစ္ ၊ ဒီကစၿပီး Max Myanmar Group ျဖစ္တည္လာတာ ျမန္မာ နဲ႕ အျခား နိုင္ငံေတြဆီ ကားေဟာင္းေတြ တင္ ပို႔ ေရာင္းခ်ျဖစ္ပါတယ္ ။
ဦးေဇာ္ေဇာ္ဟာ သူရရွိခဲ့တဲ့ အဆက္အသြယ္မ်ားနဲ႕ ၁၉၉၅ ခုႏွစ္မွာ ရန္ကုန္ကို ျပန္ေရာက္ခဲ့ပါတယ္။ အဲအခ်ိန္မွာ ဦးေဇာ္ေဇာ္အသက္ဟာ (၂၉)ႏွစ္ ရွိပါၿပီ။ ဘဝမလွပခဲ့တဲ့ ၈၈ ေက်ာင္းသားစာရင္း ေပါက္ေနတဲ့ ကိုတင္ဆန္းအမည္ကို ျပည္ဖုံးကားခ်ၿပီး ယေန႕နာ မည္ႀကီး ေနတဲ့ ေဇာ္ေဇာ္အမည္နဲ႕ စစ္အစိုးရကို ကန္ထရိုက္ဝင္လုပ္ပါတယ္။ ျမန္မာနိုင္ငံသား တစ္ေယာက္ကို ကား ၁ စီးသြင္းခြင့္ရွိတဲ့ အဲဒီေခတ္လုပ္ထုံးလုပ္နည္း အရ ေဒၚလာ ၅၀၀ ေလာက္ ေပါက္တဲ့ ကားပါမစ္ေတြကို သူက ခ်ဳပ္ကိုင္ထားရပါတယ္ ။
သူ႕ရဲ႕ ဇနီးေလာင္း ျဖစ္မည့္သူဟာ သူမကိုယ္တိုင္လည္း ဂ်ပန္မွာ အလုပ္လုပ္ေနခ်ိန္ ၊ သူထံကားလာဝယ္ရင္း နဲ႕ ဖူးစာဆုံခဲ့တာ လို႔ သိရၿပီး ၁၉၉၅ ခုႏွစ္မွာပဲ လက္ထက္ျဖစ္ၾကတယ္ လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သမီးတစ္ဦး သားတစ္ဦး ရွိတဲ့ မိသားစုျဖစ္ေနပါၿပီ။
ဦးေဇာ္ေဇာ္ဟာ ဂ်ပန္က သူေဌးတစ္ေယာက္ ေမြးစားတာ ခံရၿပီး အရင္းအႏွီးရရွိကာ ျမန္မာျပည္ျပန္လာ စီးပြားျပန္လုပ္ရင္း ခ်မ္းသာလာတာလို႔လည္း ေျပာၾကပါတယ္။ ဘာပဲ ျဖစ္ျဖစ္ အဲအခ်ိန္တုန္းက ဂ်ပန္ဟာ ေခာတ္မီအတိုးတက္ဆုံး နိင္ငံမို႔ သူအတြက္ အေတြ႕ အႀကဳံေကာင္းေတြ အမ်ားႀကီး ရရွိခဲ့မွာ အမွန္ပါ။
ရန္ကုန္သို႔ ၁၉၉၅ တြင္ ျပန္ေရာက္လာခဲ့ကာ ၁၉၉၆ ေက်ာင္းသား အေရးအခင္းမွာ ပါဝင္ျခင္းမရွိေတာ့ဘဲ လုပ္ေဖာ္ကိုင္ ဖက္နိုင္ငံေရးသမားမ်ား အေဝဖန္ခံကာ စီးပြားေရးေလာကသို႔ ေျခစုံပစ္ဝင္ေရာက္ခဲ့တယ္ လို႔ သိရပါတယ္။ ျမန္မာျပည္ အတူျပန္လာေတာ့လည္း ဒီကားေဟာင္းသြင္းတဲ့ အလုပ္ကိုပဲ ဆက္လုပ္ပါ တယ္ ။
ေနာက္ပိုင္းမွာ အႀကီးစား ေဆာက္လုပ္ေရး ယႏၲရား ပစၥည္းေတြ၊အစီုးရ ပေရာဂ်က္ေတြ လုပ္ကိုင္ရင္းနဲ ယခင္ အစီုးရအုပ္ခ်ဴပ္ေရးပိုင္းက လူေတြနဲ ပိုသိလာကာ၂၀၀၅ ခုႏွစ္မွာ ေဆာက္လုပ္ေရးကုမၸဏီ ထူေထာင္ၿပီး ေနျပည္ေတာ္ အျမန္လမ္းေတြ ဟိုတယ္ေတြ ေဘာ္လုံးကြင္းေတြ တည္ေဆာက္ေပးတဲ့ အထိ ေနရာ ရလာခဲ့ပါတယ္။ ယခင္စစ္အစီုးရနဲ ပူးေပါင္းေဆာင္႐ႊက္ခဲ့တယ္ ဆိုၿပီး ၂၀၀၈ ခုႏွစ္မွာ အေမရိကန္က စီးပြားေရးပိက္ဆို႔မႈေတြ ျပဳလုပ္တာ ခံခဲ့ရပါတယ္။ျမန္မာျပည္မွာ အခ်မ္းသာဆုံး ျဖစ္လာတဲ့ အခ်ိန္မွာ သူအသက္ဟာ(၄၂) သာ ရွိပါေသးတယ္။
ဦးေဇာ္ေဇာ္ရဲ႕ စီးပြားေရး အေအာင္ျမင္ဆုံးကာလေတြကေတာ့ ၂၀၁၁ခုႏွစ္ ေနာက္ပိုင္း ကာလေတြ ျဖစ္ၿပီး လက္ရွိအေျခအေနအရ ျမန္မာနိင္ငံရဲ႕ အခ်မ္းသာဆုံးသူေဌးလို႔ သက္မွတ္ေနမႈေတြ ရွိၿပီး အသက္ အငယ္ဆုံး ခရိုနီလို႔လည္း ေျပာၾကပါတယ္။
ဦးေဇာ္ေဇာ္ဟာ စီးပြားေရးလုပ္ငန္းမွာသာမက ျမန္မာေဘာလုံးေလာကမွာလည္း ထင္ရွားသူ တစ္ဦး ျဖစ္ၿပီး လက္ရွိအခ်ိန္ ထိ ေဘာ္လုံးအဖြဲ႕ခ်ဴပ္ရဲ႕ ဥကၠဌ ျဖစ္သလို MNL ကိုလည္း ဦးေဆာင္ဖန္တီးခဲ့သူ တစ္ဦး ျဖစ္ပါတယ္။ MFF ဥကၠ႒ ဦးေဇာ္ေဇာ္သည္ အာဆီယံ ေဘာလုံး အဖြဲ႕ခ်ဳပ္ (AFF) ဒုတိယ ဥကၠ႒လည္း ျဖစ္ၿပီး AFF Football Development Committee ဥကၠ႒ အျဖစ္လည္း တာဝန္ယူထားပါတယ္။
ဦးေဇာ္ေဇာ္ ေဘာလုံးအဖြဲ႕ခ်ဴပ္ကို ေရာက္ရွိလာတာကလည္း ယခင္စစ္အစိုးရ လက္ထက္ လုပ္ငန္းရွင္ေတြကို အားကစားအဖြဲ႕ေတြမွာ ပါဝင္ခိုင္းတာနဲ႕ ခရီုနီမ်ား အုပ္စုလိုက္ အဖြဲ႕အသီးသီးစီ ေရာက္ရွိၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ဦးေဇာ္ေဇာ္ဟာ ကိုယ္ပိုင္ေငြေၾကးအမ်ားအျပား စိုက္ထုက္ကာ ႀကိဳးပမ္းေဆာင္႐ႊက္မႈေတြေၾကာ င့္ ေဘာလုံးပရိသတ္ ေတြၾကားမွာလည္း နာမည္ႀကီးသူတစ္ဦး ျဖစ္တလို အာရွေဘာလုံးအဖြဲ႕ခ်ဴပ္မွာလည္း အတြင္းေရးမႈး ေနရာ ယူထားပါေသးတယ္။ ျပည္တြင္းမွာလည္း ေဘာလုံးအကယ္ဒမီေက်ာင္းကို ထူေထာင္ဖြင့္လွစ္ေပးနိင္ခဲ့ၿပီး ကမာၻ ေဘာလုံအဖြဲ႕ခ်ဴပ္ရဲ႕ အသိ အမွတ္ျပဳမႈကို ရယူနိင္ခဲ့ပါတယ္။
အထက္ပါ ေဖာ္ျပခ်က္မ်ားသည္ ဦးေဇာ္ေဇာ္ကို သာမန္ အရပ္သား တေယာက္ကေန ျမန္မာျပည္ရဲ႕ အခ်မ္းသာဆုံး သူေဌးႀကီး အျဖစ္သို႔ ေရာက္ရွိေစခဲ့တဲ့ ေဖာ္ျပ ခ်က္မ်ား ျဖစ္ပါတယ္။
စစ္တပ္မွ ေဖေဖာ္ဝါရီ ၁ ရက္ေန႕တြင္ အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ ဦးေဇာ္ေဇာ္သည္ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့ၿပီး ၂၆-၁၂-၂၀၂၁ ရက္ေန႕တြင္ မင္းေအာင္လွိုင္ကို အရိုအေသေပးေနတဲ့ ပုံနဲ႕အတူ လူေတြၾကားမွာ ျပန္ေပၚလာတာကို ေတြ႕ရပါတယ္။
တနိုင္ငံလုံးက ခ်ဥ္ေနၾကတဲ့ မင္းေအာင္လွိုင္နဲ႕ တတန္းတည္း ေတြ႕ရတဲ့ ဦးေဇာ္ေဇာ္ကို ျပည္သူအမ်ားက ဝိုင္းဝန္း ေဝဖန္လ်က္ ရွိပါတယ္။ ဥစၥာစည္းစိမ္ မည္မွ်ပင္ ခ်မ္းသာပါေစ ျပည္သူနဲ႕ အတူမရွိတဲ့ ဘယ္သူပဲ ျဖစ္ျဖစ္ နာမည္ဆိုးရၿပီး တိတ္တဆိတ္ ေပ်ာက္ကြယ္သြားရမွာကေတာ့ အေသအခ်ာပဲ ဆိုတာ ဦးေဇာ္ေဇာ္ သတိမမူဘဲ ျဖစ္ေနတာလား ဆိုတာကေတာ့….
Leave a Reply