ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ်တစ်သိန်းထိဖြစ်လာ၊ ကျဖို့ လမ်းမမြင်တဲ့ ဆန်ဈေးနဲ့ အတက်ပဲ ရှိတော့မယ့် ပြည်တွင်းဆန်ဈေးကွက် အလားအလာ

ပြည်တွင်း ဆန်စျေးကွက်ထဲ တစ်လအတွင်း ဆန်အမျိုးအစားအလိုက် စျေးနှုန်းတွေက ထပ်မံမြင့်တက်လာနေပြီး လက်လီစျေးကွက်ထဲ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းဝန်းကျင်အထိ ဖြစ်လာတယ်လို့ ဆန်ဝယ်ယူသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ဆန်စျေးနှုန်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လဒုတိယအပတ်နဲ့ အခု စက်တင်ဘာ ဒုတိယအပတ်တို့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ၀န်းကျင်လောက်ထပ်မံမြင့်တက်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လဒုတိယအပတ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့စျေးနှုန်းတွေအရ အကောင်းစားဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၅၈၀၀၀၊ တောင်ပျံတစ်အိတ်ကို ကျပ် ၆၈၀၀၀၊ ရက်၉၀ တစ်အိတ်ကို ၄၄၀၀၀ကျပ် နဲ့ မြောင်းမြ ပေါ်ဆန်းတစ်အိတ်ကို ၆၃၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို ၆၄၀၀၀ ကျပ်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ၈၇၀၀၀ ကျပ် စျေးရှိခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်မှာတော့ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၆၇၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို ၇၂၀၀၀ ကျပ်၊ ရက်၉၀ တစ်အိတ်ကို ၅၂၀၀၀ ကျပ်နဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ တောင်ပျံတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၃၀၀၀ အထိ ဆန်အသင်းက ထုတ်ပြန်တဲ့စျေးမှာတင် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဆန်စျေးနှုန်း မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းက ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှာ သက်သာတဲ့စျေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးနေပြီး ဆန်စျေးတက်ချိန် ထုတ်ရောင်းပေးနိုင်ဖို့ အရန်ဆန်စီမံကိန်းလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်

ပြည်တွင်း ဆန်ဈေးကွက်ထဲ တစ်လအတွင်း ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတွေက ထပ်မံမြင့်တက်လာနေပြီး လက်လီဈေးကွက်ထဲ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းဝန်းကျင်အထိ ဖြစ်လာတယ်လို့ ဆန်ဝယ်ယူသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လဒုတိယအပတ်နဲ့ အခု စက်တင်ဘာ ဒုတိယအပတ်တို့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ၀န်းကျင်လောက်ထပ်မံမြင့်တက်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လဒုတိယအပတ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ အကောင်းစားဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၅၈၀၀၀၊ တောင်ပျံတစ်အိတ်ကို ကျပ် ၆၈၀၀၀၊ ရက်၉၀ တစ်အိတ်ကို ၄၄၀၀၀ကျပ် နဲ့ မြောင်းမြ ပေါ်ဆန်းတစ်အိတ်ကို ၆၃၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို ၆၄၀၀၀ ကျပ်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ၈၇၀၀၀ ကျပ် ဈေးရှိခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်မှာတော့ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၆၇၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို ၇၂၀၀၀ ကျပ်၊ ရက်၉၀ တစ်အိတ်ကို ၅၂၀၀၀ ကျပ်နဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ တောင်ပျံတစ်အိတ်ကို ကျပ် ၇၀၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၃၀၀၀ အထိ ဆန်အသင်းက ထုတ်ပြန်တဲ့ဈေးမှာတင် ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဆန်ဈေးနှုန်း မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းက ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှာ သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးနေပြီး ဆန်ဈေးတက်ချိန် ထုတ်ရောင်းပေးနိုင်ဖို့ အရန်ဆန်စီမံကိန်းလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*