
ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးသားနဲ့သမီးအတွက်အချိန်ပေးပြုစုပေးတတ်သလိုအလှူ အတန်းတွေလည်းပါဝင်ကြိုးစားလုပ်ဆောင်ပေးတတ်တဲ့ရုပ်ရှင် သရုပ် ဆောင် သက်မွန်မြင့်က
အနုပညာအလုပ်များရပ်နားထားရတဲ့ အကြောင်းကို သူ့ဖေ့ဘွတ် စာမျက်နှာမှာ စက်တင်ဘာလ (၁၄)ရက်နေ့က အခုလိုရေးသားထားတာတွေ့ရပါတယ်။’ကိုဗစ်ရောဂါအခြေအနေ တိုင်ပြည်ရေးအခြေအနေအပြင်သူမခံစားနေရတဲ့ SLE Lupas ရောဂါကြောင့်ပရိတ်သတ်တွေနဲ့ပါဝေးကွာနေရလို့စိတ်မကောင်းဖြစ်ကြောင်းကိုအခုလို ရေးသားရင်ဖွင့်ခဲ့ပါတယ် ။
သရုပ်ဆောင်သက်မွန်က”ကျွန်မတွေးခဲ့တာ အသက် ၄၀ လောက်ဆို နားမယ်ပေါ့ ၊ နားမယ်ဆိုတာ အသက် မွေးဝမ်းကျောင်း အနေနဲ့ နားမယ်ပြောတာပါ၊လုံးဝ မစွန့်လွှတ်နိုင်တာမို့ တချို့ အရမ်း သဘောကျတဲ့ ဇာတ်တို့ ရိုက်သင့်တဲ့ ဇာတ်တို့လောက်ပဲ ရိုက်ပြီး
ကလေးတွေကို အချိန်ပေးမယ် ပျိုးထောင်မယ် ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း ဘာသာရေးလေးလုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းတော့မယ်ပေါ့၊ခုတော့ နားရတာမှ ဆက်လုပ်လို့ကို မရတော့တာ၊ပထမ ကိုဗစ်၊ဒုတိယ ကိုယ့် SLE Lupas ရောဂါ၊ တတိယ တိုင်းပြည်အခြေအနေ နားရတာမှာလေ တကယ်ပါပဲကိုယ်နားချင်တာ ဒီလိုမျိုးမဟုတ်ဘူးပရိသတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီဆိုပြီးဝမ်းနည်းတဲ့ emotion sticker လေးတွေနဲ့ရေးသားဖော်ပြခဲ့ပါတယ် ။
ဇူလိုင်(၂၄)ရက်နေ့မှစပြီးဖေ့ဘုတ်pageမှာမည့်သည့်အကြောင်းအရာမှရေးတင်ခြင်းမရှိဘဲ စက်တင် ဘာ (၁၄)ရက်နေ့ညပိုင်း၌သူမရဲ့ခံစားချက်တစ်ချို့ရေးသားရင်ဖွင့်ခြင်းဖြစ်ကြောင်းတွေ့ရသည်။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Leave a Reply