
မြန်မာရွှေဈေးတွေ ထိုးကျပြနေတာဟာ ဒေါ်လာဈေးကို ကျ ယောင်ဆောင်ပြတဲ့ ဈေးနှုန်းကြောင့်ပါ။ အမှန်က ရွှေဈေးဟာ ဒေါ်လာဈေးနဲ့ ချိန်ညှိထားလို့ ရွှေဈေးတွေ ထိုးကျပြရင် ဈေးကွက်မှာ ဒေါ်လာဈေးတွေပါ လိုက်ပါ ကျလာမယ်ဆိုတဲ့ ကလေးအတွေးနဲ့ လုပ်နေလို့ပါ။
လက်ရှိ ဈေးကွက်မှာ ဒေါ်လာဈေးကို နှိမ်ဝယ်နေကြလို့ အရောင်း မရှိသလောက်ပါပဲ။ ကမ္ဘာမှာ ဒေါ်လာဈေး မာလာတဲ့အချိန်မှာ မြန်မာမှာ ဒေါ်လာဈေးကျပြီ ဟစ်ကြွေးနေကြတာဟာ ဟာသ တခုပါပဲ။ ရွှေဈေးတွေ ထိုးကျတာလည်း လုပ်ဇာတ်တခု လုပ်ပြနေတာကို သိရင် အခုချိန် အဝယ်သင့်ဆုံးပါ။
အမေရိကန်ဗဟိုဘဏ်က အတိုးမြှင့်လိုက်တာ သေချာသွားလို့ ဒေါ်လာဈေးက မာသထက် မာသွားတယ်။ အမေရိကန်ဟာ သူဒေါ်လာတွေ သူဆီပြန်လာဖို့ ဖိတ်ခေါ်လိုက်တော့ အခုလို နိုင်ငံတကာမှာ ကိုဗစ်နဲ့ စစ်ပွဲတွေကြောင့် စီးပွါးမကောင်းတော့တဲ့ ငွေရှင်တွေက အမေရိကန်ထဲမှာ ပြန်ရင်းဖို့ အာရုံကျလာတော့ အမေရိကန် စီးပွါးရေးဟာ ပြန် တက်လာဖို့ ရှိပြီး နည်းပညာတွေလည်း တိုးတက်လာဖို့ ရှိတယ်။
အမေရိကန်ဒေါ်လာတွေ မာလာတော့ ကျန်တဲ့ နိုင်ငံတ ကာက စီးပွါးရေးတွေဟာ ထိုးကျ ရပ်တန့်သွားမည့်အနေအထား ဖြစ်သွားတာ။မြန်မာနိုင်ငံအတွက်ဆို ဒေါ်လာဈေးတွေက တက်သထက် တက်လာတော့မှာ။ ပြည်ပထွက် အလုပ်လုပ်တဲ့သူ ဘယ်လောက်များတယ်ပဲ ဆိုဆို မြန်မာကျပ်ငွေ တန်ဖိုးကျနေတဲ့ အရှိတရားကိုမျက်ကွယ်ပြုပြီး ဈေးနှိမ်ဝယ်နေတဲ့ ငွေကြေးပေါ်လစီအမှားကြောင့် မှောင်ခိုဈေးကွက်တွေ ဖြစ်ပြီး ဒေါ်လာ အဝယ်နဲ့ အရောင်း ဈေးကွာဟချက်တွေကြောင့် ပြည်ပက လူတွေဟာ သူမိသားစုအတွက် ငွေလွှဲပေးချင်တာတောင် လူထက်ဝက်ကျော်ဟာ မလွှဲတော့ပဲ ဖြစ်နိုင်ရင် တမိသားစုလုံးကို ပြည်ပ ခေါ်ထုတ်ဖို့တွေ လုပ်လာကြတယ်။
စိုက်ပျိုး မွေးမြူရေးကနေ နိုင်ငံခြားငွေတွေ ရဖို့အတွက်ကလည်း စိုက်ပျိုးမွေးမြူလို့ကောင်းတဲ့ နေရာတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ စိုက်မည့်တောင်သူ၊ မွေးမည့် မွေးမြူရေးသမားလည်း နည်းကုန်တော့ စိုက်ပျိုးမွေးမြူရေး အထွက်ကျပြီး နိုင်ငံခြားငွေက ရဖို့ ခက်နေတယ်။ ရွှေတွေ ထွက်ပြီး တူးဖော်ဖို့ကျတော့ ရွှေတူးရာမှာ အသုံးပြုတဲ့ အရာတွေဟာ တားမြစ် ကုန်စည်တွေအဖြစ် ပိတ်ထားတော့ ရွှေအထွက်က နည်းလာတယ်။
မြန်မာကျပ်ငွေတန်ဖိုးကျတာဟာ အမေရိကန်ဒေါ်လာဈေးတက်တာနဲ့လည်း မဆိုင်ပြန်တော့ ဒေါ်လာဈေးဟာ တက်သထက် တက်ဖို့ပဲရှိတယ်။ သွင်းကုန်တွေ တင်ပို့ရာမှာ တားဆီးပိတ်ပင် အခက်အခဲတွေ လာဘ်ထိုးမှုတွေ များလာတော့ ဆေးအပါအဝင် အစားအစာ ကုန် စည်တွေဟာ ဈေးကြီးသထက် ကြီးလာတယ်။ ကုန် ဈေးနှုန်းတွေ တက်တော့ ကျပ်ငွေရဲ့ ဝယ်နိုင်စွမ်းတွေ ကျသထက် ကျလာလို့ မြန်မာကျပ်ငွေ တန်ဖိုးက ပိုကျလာတယ်။
တချို့ က ဒေါ်လာဈေးတွေ ကျတာတောင် အခြေခံ စားကုန်ဈေးတွေ မကျလို့ အားမလို အားမရဖြစ်နေတယ်။ အခြေခံစားကုန်ဈေးတွေဟာ ဒေါ်လာဈေးနဲ့ တစိတ်တပိုင်းပဲ သက်ရောက်တာ။ စက်သုံးဆီဈေးတွေကို လက် ဝါးကြီးအုပ် အမြတ်ထုတ်နေကြတာရယ်။ သွင်းကုန်တွေကို လူတစုကသာ အမြတ်ထုတ် သွင်းခွင့်ရနေတာတွေဟာ အခြေခံစားကုန်ဈေးတွေကို မြင့်တက်စေပြီး ကျပ်ငွေတန်ဖိုးကို နေ့စဉ် ကျဆင်းစေတဲ့ အကြော င်းရင်းတွေပဲ ဖြစ်တယ်။
အခု ဒေါ်လာနဲ့ ရွှေကို လူတစုလက်ထဲမှာ စိတ်ကြိုက်အနေအထားနဲ့ ထိန်းထားနိုင်လို့ မြန်မာကျပ်ငွေ တန်ဖိုးဟာ ပြန်မာလာသလိုတွေ ဝါဒဖြန့်နေကြတာ။ တကယ်ကတော့ အဲဒီဝါဒဖြန့်နေသူအများစုဟာ ဈေးအကျစောင့်ပြီး ခိုင်မာမှု အရှိဆုံး ရွှေနဲ့ ဒေါ်လာကို သိမ်းချင်လို့ပဲ၊ အဲဒီလူတွေဟာ မြန်မာကျပ်ငွေတန်ဖိုးဟာ ထိန်းမရအောင် တင်းကြပ်မှုတွေကြားကနေ တန်ဖိုးကျနေတာ သိတော့ ဈေးကွက်ထဲမှာ သူတို့ လိုချင်တဲ့ ဒေါ်လာနဲ့ ရွှေကို ဈေးပေါပေါနဲ့ ရအောင် သိမ်းဖို့ စီးပွါးရေးသီအိုရီတွေ ချပြပြီး တွက်ပြနေတာ။
တကယ်တော့ မြန်မာစီးပွါးရေးဟာ သီအိုရီမရှိတဲ့ အာဏာရှင်တွေ စိတ်ကြိုက် သွန်ချင်သလို သွန်၊ မှောက်ချင်သလို မှောက် ကစားနေတာကို သတိပြုမိရင်ပဲ မိမိလက်ထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ ရွှေနဲ့ ဒေါ်လာကိုပဲ ကိုင်ထားကြမှာပါ။ (Aung Kyaw Oo)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာေ႐ႊေဈးေတြ ထိုးက်ျပေနတာဟာ ေဒၚလာေဈးကို က် ေယာင္ေဆာင္ျပတဲ့ ေဈးႏႈန္းေၾကာင့္ပါ။ အမွန္က ေ႐ႊေဈးဟာ ေဒၚလာေဈးနဲ႕ ခ်ိန္ညွိထားလို႔ ေ႐ႊေဈးေတြ ထိုးက်ျပရင္ ေဈးကြက္မွာ ေဒၚလာေဈးေတြပါ လိုက္ပါ က်လာမယ္ဆိုတဲ့ ကေလးအေတြးနဲ႕ လုပ္ေနလို႔ပါ။
လက္ရွိ ေဈးကြက္မွာ ေဒၚလာေဈးကို ႏွိမ္ဝယ္ေနၾကလို႔ အေရာင္း မရွိသေလာက္ပါပဲ။ ကမာၻမွာ ေဒၚလာေဈး မာလာတဲ့အခ်ိန္မွာ ျမန္မာမွာ ေဒၚလာေဈးက်ၿပီ ဟစ္ေႂကြးေနၾကတာဟာ ဟာသ တခုပါပဲ။ ေ႐ႊေဈးေတြ ထိုးက်တာလည္း လုပ္ဇာတ္တခု လုပ္ျပေနတာကို သိရင္ အခုခ်ိန္ အဝယ္သင့္ဆုံးပါ။
အေမရိကန္ဗဟိုဘဏ္က အတိုးျမႇင့္လိုက္တာ ေသခ်ာသြားလို႔ ေဒၚလာေဈးက မာသထက္ မာသြားတယ္။ အေမရိကန္ဟာ သူေဒၚလာေတြ သူဆီျပန္လာဖို႔ ဖိတ္ေခၚလိုက္ေတာ့ အခုလို နိုင္ငံတကာမွာ ကိုဗစ္နဲ႕ စစ္ပြဲေတြေၾကာင့္ စီးပြါးမေကာင္းေတာ့တဲ့ ေငြရွင္ေတြက အေမရိကန္ထဲမွာ ျပန္ရင္းဖို႔ အာ႐ုံက်လာေတာ့ အေမရိကန္ စီးပြါးေရးဟာ ျပန္ တက္လာဖို႔ ရွိၿပီး နည္းပညာေတြလည္း တိုးတက္လာဖို႔ ရွိတယ္။
အေမရိကန္ေဒၚလာေတြ မာလာေတာ့ က်န္တဲ့ နိုင္ငံတ ကာက စီးပြါးေရးေတြဟာ ထိုးက် ရပ္တန႔္သြားမည့္အေနအထား ျဖစ္သြားတာ။ျမန္မာနိုင္ငံအတြက္ဆို ေဒၚလာေဈးေတြက တက္သထက္ တက္လာေတာ့မွာ။ ျပည္ပထြက္ အလုပ္လုပ္တဲ့သူ ဘယ္ေလာက္မ်ားတယ္ပဲ ဆိုဆို ျမန္မာက်ပ္ေငြ တန္ဖိုးက်ေနတဲ့ အရွိတရားကိုမ်က္ကြယ္ျပဳၿပီး ေဈးႏွိမ္ဝယ္ေနတဲ့ ေငြေၾကးေပၚလစီအမွားေၾကာင့္ ေမွာင္ခိုေဈးကြက္ေတြ ျဖစ္ၿပီး ေဒၚလာ အဝယ္နဲ႕ အေရာင္း ေဈးကြာဟခ်က္ေတြေၾကာင့္ ျပည္ပက လူေတြဟာ သူမိသားစုအတြက္ ေငြလႊဲေပးခ်င္တာေတာင္ လူထက္ဝက္ေက်ာ္ဟာ မလႊဲေတာ့ပဲ ျဖစ္နိုင္ရင္ တမိသားစုလုံးကို ျပည္ပ ေခၚထုတ္ဖို႔ေတြ လုပ္လာၾကတယ္။
စိုက္ပ်ိဳး ေမြးျမဴေရးကေန နိုင္ငံျခားေငြေတြ ရဖို႔အတြက္ကလည္း စိုက္ပ်ိဳးေမြးျမဴလို႔ေကာင္းတဲ့ ေနရာေတြမွာ စစ္ပြဲေတြ ျဖစ္ေနေတာ့ စိုက္မည့္ေတာင္သူ၊ ေမြးမည့္ ေမြးျမဴေရးသမားလည္း နည္းကုန္ေတာ့ စိုက္ပ်ိဳးေမြးျမဴေရး အထြက္က်ၿပီး နိုင္ငံျခားေငြက ရဖို႔ ခက္ေနတယ္။ ေ႐ႊေတြ ထြက္ၿပီး တူးေဖာ္ဖို႔က်ေတာ့ ေ႐ႊတူးရာမွာ အသုံးျပဳတဲ့ အရာေတြဟာ တားျမစ္ ကုန္စည္ေတြအျဖစ္ ပိတ္ထားေတာ့ ေ႐ႊအထြက္က နည္းလာတယ္။
ျမန္မာက်ပ္ေငြတန္ဖိုးက်တာဟာ အေမရိကန္ေဒၚလာေဈးတက္တာနဲ႕လည္း မဆိုင္ျပန္ေတာ့ ေဒၚလာေဈးဟာ တက္သထက္ တက္ဖို႔ပဲရွိတယ္။ သြင္းကုန္ေတြ တင္ပို႔ရာမွာ တားဆီးပိတ္ပင္ အခက္အခဲေတြ လာဘ္ထိုးမႈေတြ မ်ားလာေတာ့ ေဆးအပါအဝင္ အစားအစာ ကုန္ စည္ေတြဟာ ေဈးႀကီးသထက္ ႀကီးလာတယ္။ ကုန္ ေဈးႏႈန္းေတြ တက္ေတာ့ က်ပ္ေငြရဲ႕ ဝယ္နိုင္စြမ္းေတြ က်သထက္ က်လာလို႔ ျမန္မာက်ပ္ေငြ တန္ဖိုးက ပိုက်လာတယ္။
တခ်ိဳ႕ က ေဒၚလာေဈးေတြ က်တာေတာင္ အေျခခံ စားကုန္ေဈးေတြ မက်လိဳ႕ အားမလို အားမရျဖစ္ေနတယ္။ အေျခခံစားကုန္ေဈးေတြဟာ ေဒၚလာေဈးနဲ႕ တစိတ္တပိုင္းပဲ သက္ေရာက္တာ။ စက္သုံးဆီေဈးေတြကို လက္ ဝါးႀကီးအုပ္ အျမတ္ထုတ္ေနၾကတာရယ္။ သြင္းကုန္ေတြကို လူတစုကသာ အျမတ္ထုတ္ သြင္းခြင့္ရေနတာေတြဟာ အေျခခံစားကုန္ေဈးေတြကို ျမင့္တက္ေစၿပီး က်ပ္ေငြတန္ဖိုးကို ေန႕စဥ္ က်ဆင္းေစတဲ့ အေၾကာ င္းရင္းေတြပဲ ျဖစ္တယ္။
အခု ေဒၚလာနဲ႕ ေ႐ႊကို လူတစုလက္ထဲမွာ စိတ္ႀကိဳက္အေနအထားနဲ႕ ထိန္းထားနိုင္လို႔ ျမန္မာက်ပ္ေငြ တန္ဖိုးဟာ ျပန္မာလာသလိုေတြ ဝါဒျဖန႔္ေနၾကတာ။ တကယ္ကေတာ့ အဲဒီဝါဒျဖန႔္ေနသူအမ်ားစုဟာ ေဈးအက်ေစာင့္ၿပီး ခိုင္မာမႈ အရွိဆုံး ေ႐ႊနဲ႕ ေဒၚလာကို သိမ္းခ်င္လို႔ပဲ၊ အဲဒီလူေတြဟာ ျမန္မာက်ပ္ေငြတန္ဖိုးဟာ ထိန္းမရေအာင္ တင္းၾကပ္မႈေတြၾကားကေန တန္ဖိုးက်ေနတာ သိေတာ့ ေဈးကြက္ထဲမွာ သူတို႔ လိုခ်င္တဲ့ ေဒၚလာနဲ႕ ေ႐ႊကို ေဈးေပါေပါနဲ႕ ရေအာင္ သိမ္းဖို႔ စီးပြါးေရးသီအိုရီေတြ ခ်ျပၿပီး တြက္ျပေနတာ။
တကယ္ေတာ့ ျမန္မာစီးပြါးေရးဟာ သီအိုရီမရွိတဲ့ အာဏာရွင္ေတြ စိတ္ႀကိဳက္ သြန္ခ်င္သလို သြန္၊ ေမွာက္ခ်င္သလို ေမွာက္ ကစားေနတာကို သတိျပဳမိရင္ပဲ မိမိလက္ထဲမွာ အခိုင္မာဆုံးျဖစ္တဲ့ ေ႐ႊနဲ႕ ေဒၚလာကိုပဲ ကိုင္ထားၾကမွာပါ။ (Aung Kyaw Oo)
Leave a Reply