
ဖားကန့်မြို့နယ် တန်းဂေါ်(အောင်ဘာလေမှော်)ကျေးရွာတွင် ကျောက်စိမ်းအကြောကြီးတွေ့ရှိသဖြင့် လမ်းမကြီးပေါ်ထိ ကျောက်စိမ်းတူးဖော်နေကြတယ်လို့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရွာခံတစ်ဦးကပြောပါတယ်။“အခုအောင်ဘာလေက အရမ်းနာမည်ကြီးနေတယ်လေ။ လမ်းမကြီးကိုတောင်တူးစားနေကြပြီ။ စက်တွေနဲ့ပဲတူးနေကြတာ။ အခုက အဲဒီလမ်းမကြီးအစား
ဟိုးဘက်က လမ်းအသစ်ဖောက်ထားတဲ့ဘက်ကနေ သွားလာနေရတာပေါ့ ” လို့ဆိုပါတယ်။ တန်းဂေါ်(အောင်ဘာလေမှော်)ကျေးရွာဟာ ယခုနှစ် အတွင်း
မြန်မာငွေကျပ်သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ကျောက်စိမ်းတုံးများထွက်ရှိနေတဲ့အတွက် အခုလိုပြန်လည်စည်းကားလာခြင်းဖြစ်သလို ဖားကန့်မြို့နယ်အတွင်းရှိ သူဋ္ဌေးကြီးများရဲ့
အထူးအာရုံစိုက်ခြင်းကို ခံနေရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ “ရေမဆေးသမားတွေက တစ်နေ့ပြီးတစ်နေ့ ပိုပိုများလာတယ်။ ညဘက်ဆိုရင်ပိုများတယ်၊ တချို့က ဒီကအမျိုးတွေဆီမှာနေပြီး
ရှာကြတယ်၊ ပြီးတော့ လုံးခင်းတို့၊မှော်ပုံတို့ကနေလာပြီး ကျောက်လာရှာတဲ့လူတွေလည်း အများကြီးပဲ ” လို့ ရေမဆေးသမားတစ်ဦးကပြောပါတယ်။အောင်ဘာလေဟာ လွန်ခဲ့တဲ့(၁၈)နှစ်ကတည်းကနေ
အရမ်းနာမည်ကြီးခဲ့တဲ့ မှော်ဒေသဖြစ်ပြီး ၂၀၁၃ခုနှစ် တွင်တိုက်ပွဲတွေကြောင့် နှစ်အတန်ကြာငြိမ်နေခဲ့ပါတယ်။ အောင်ဘာလေက ၂၀၂၂ခုနှစ် စက်တင်ဘာလကစတင်ပြီး
တဖန်ပြန်လည်စည်းကားလာတဲ့ မှော်ဒေသဖြစ်သလို စျေးရောင်းသူတွေနဲ့ ရေမဆေးရှာဖွေသူများကလည်း တစ်နေ့ပြီးတစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
တဖန်ပြန်လည်စည်းကားလာတဲ့ မှော်ဒေသဖြစ်သလို ဈေးရောင်းသူတွေနဲ့ ရေမဆေးရှာဖွေသူများကလည်း တစ်နေ့ပြီးတစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Leave a Reply