
ရုရှားနိုင်ငံမှ ဝယ်ယူထားသော စက်သုံးဆီများ ရောက်ရှိလာပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးမှာ ထပ်မံမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ ပြည်တွင်းစက်သုံးဆီဈေးမှာ ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် အောက်တိန်း 92 တစ်လီတာလျှင် ၂၄၈၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၀၆၅ ကျပ်နှင့် ပရီမံဒီဇယ် တစ်လီတာလျှင် ၃၁၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ဈေးကွက်မှ သိရသည်။
အဆိုပါဈေးနှုန်းမှာ စက်တင်ဘာ ၁၂ ရက်ကထက် အောက်တိန်း 92 တစ်လီတာလျှင် ၁၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၀၅ ကျပ်နှင့် ဒီဇယ်ဆီ ၂ မျိုးမှာ တစ်လီတာ ၇၅ ကျပ်စီ မြင့်တက်သွားသည်။ ရုရှားနိုင်ငံမှ ဝယ်ယူထားသော စက်သုံးဆီရောက်ရှိပါက ပြည်တွင်းစက်သုံးဆီဈေး ကျဆင်းမည်ဟု စကစ က ဝါဒဖြန့်ခဲ့သော်လည်း လက်တွေ့တွင် ဆီဈေးမှာ ဆက်လက်မြင့်တက်မှု ရှိနေခြင်းဖြစ်သည်။
ထိုသို့ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီတန်ချန် (၃၀၀၀၀) မှာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့ပြီး ထိုသို့ရောက်ရှိသည့်အကြောင်းကို စကစ က ဖုံးကွယ်ထားကာ စက်တင်ဘာ ၁၂ ရက်မှ စကစရဲ့ ပြောခွင့်ရသူ ဇော်မင်းထွန်းက အတည်ပြုခဲ့သည်။
ထိုသို့ ရုရှားဆီရောက်ရှိနေပြီး ဈေးကွက်အတွင်း ဖြန့်ဝေမှု မရှိခဲ့ဟုဆိုသည့် ၎င်း၏ပြောကြားချက်ကြောင့် ရက်အတန်ကြာ ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးမှာ ပြန်လည်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။
“ဆိုင်တွေကလည်း ရုရှားက ဆီတွေ ရောက်ရင် ဈေးကျမယ်ဆိုလို့ စောင့်နေကြတာ။ နောက်တော့ရောက်လို့ရောက်မှန်းတောင် မသိလိုက်ကြဘူး။ အခု ထင်သလိုဖြစ်မလာဘဲ ဈေးတောင် ပြန်တက်ကုန်တယ်” ဟု အလ တ်စားစက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသ ည်။ ထိုသို့ ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်သော် လည်း ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၈၇ ဒေါ် လာခန့်ဖြင့် ရက်အတော်ကြာတည်ငြိမ်နေသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီများ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးအတွက် ဖွဲ့စည်းထားသော ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်တွင် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်ဟုသာ ဖော်ပြထားပြီး အများပြည်သူအား ရောင်းချပေးရန်ဟူ၍ ဖော်ပြထားခြင်းမရှိရာ ၎င်းတို့အကျိုးစီးပွါး အတွက်သာ ဦးစားပေး တင်သွင်းခဲ့ခြင်း ဖြစ်သည်။ (LNK)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
႐ုရွားနိုင္ငံမွ ဝယ္ယူထားေသာ စက္သုံးဆီမ်ား ေရာက္ရွိလာၿပီးေနာက္ ျပည္တြင္းစက္သုံးဆီေဈးမွာ ထပ္မံျမင့္တက္လာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။
ယေန႕ ျပည္တြင္းစက္သုံးဆီေဈးမွာ ရန္ကုန္ၿမိဳ႕ရွိ အေရာင္းဆိုင္မ်ားတြင္ ေအာက္တိန္း 92 တစ္လီတာလွ်င္ ၂၄၈၅ က်ပ္၊ ေအာက္တိန္း 95 တစ္လီတာလွ်င္ ၂၅၇၅ က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္ ၃၀၆၅ က်ပ္ႏွင့္ ပရီမံဒီဇယ္ တစ္လီတာလွ်င္ ၃၁၅၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေနေၾကာင္း ေဈးကြက္မွ သိရသည္။
အဆိုပါေဈးႏႈန္းမွာ စက္တင္ဘာ ၁၂ ရက္ကထက္ ေအာက္တိန္း 92 တစ္လီတာလွ်င္ ၁၂၀ က်ပ္၊ ေအာက္တိန္း 95 တစ္လီတာလွ်င္ ၁၀၅ က်ပ္ႏွင့္ ဒီဇယ္ဆီ ၂ မ်ိဳးမွာ တစ္လီတာ ၇၅ က်ပ္စီ ျမင့္တက္သြားသည္။ ႐ုရွားနိုင္ငံမွ ဝယ္ယူထားေသာ စက္သုံးဆီေရာက္ရွိပါက ျပည္တြင္းစက္သုံးဆီေဈး က်ဆင္းမည္ဟု စကစ က ဝါဒျဖန႔္ခဲ့ေသာ္လည္း လက္ေတြ႕တြင္ ဆီေဈးမွာ ဆက္လက္ျမင့္တက္မႈ ရွိေနျခင္းျဖစ္သည္။
ထိုသို႔ ႐ုရွားနိုင္ငံမွ ဝယ္ယူထားသည့္ စက္သုံးဆီတန္ခ်န္ (၃၀၀၀၀) မွာ စက္တင္ဘာ ၄ ရက္ေန႕ကတည္းက ေရာက္ရွိေနခဲ့ၿပီး ထိုသို႔ေရာက္ရွိသည့္အေၾကာင္းကို စကစ က ဖုံးကြယ္ထားကာ စက္တင္ဘာ ၁၂ ရက္မွ စကစရဲ႕ ေျပာခြင့္ရသူ ေဇာ္မင္းထြန္းက အတည္ျပဳခဲ့သည္။
ထိုသို႔ ႐ုရွားဆီေရာက္ရွိေနၿပီး ေဈးကြက္အတြင္း ျဖန႔္ေဝမႈ မရွိခဲ့ဟုဆိုသည့္ ၎၏ေျပာၾကားခ်က္ေၾကာင့္ ရက္အတန္ၾကာ ၿငိမ္ေနသည့္ ျပည္တြင္းစက္သုံးဆီေဈးမွာ ျပန္လည္ျမင့္တက္သြားခဲ့ျခင္းျဖစ္သည္။
“ဆိုင္ေတြကလည္း ႐ုရွားက ဆီေတြ ေရာက္ရင္ ေဈးက်မယ္ဆိုလို႔ ေစာင့္ေနၾကတာ။ ေနာက္ေတာ့ေရာက္လို႔ေရာက္မွန္းေတာင္ မသိလိုက္ၾကဘူး။ အခု ထင္သလိုျဖစ္မလာဘဲ ေဈးေတာင္ ျပန္တက္ကုန္တယ္” ဟု အလ တ္စားစက္သုံးဆီ အေရာင္းဆိုင္ရွင္တစ္ဦးက ေျပာသ ည္။ ထိုသို႔ ျပည္တြင္းစက္သုံးဆီေဈး ျပန္တက္ေသာ္ လည္း ကမာၻ႔ေရနံစိမ္းေဈးမွာ တစ္စည္လွ်င္ ၈၇ ေဒၚ လာခန႔္ျဖင့္ ရက္အေတာ္ၾကာတည္ၿငိမ္ေနသည္။
႐ုရွားနိုင္ငံမွ စက္သုံးဆီမ်ား ဝယ္ယူသိုေလွာင္ျဖန႔္ျဖဴးေရးအတြက္ ဖြဲ႕စည္းထားေသာ ဦးေဆာင္ေကာ္မတီ၏ လုပ္ငန္းတာဝန္တြင္ သိုေလွာင္ထားေသာ စက္သုံးဆီမ်ားအား တပ္မေတာ္ႏွင့္ ဝန္ႀကီးဌာနအဖြဲ႕အစည္းမ်ားအား ျဖန႔္ျဖဴးေပးနိုင္ေရး ေဆာင္႐ြက္ရန္ဟုသာ ေဖာ္ျပထားၿပီး အမ်ားျပည္သူအား ေရာင္းခ်ေပးရန္ဟူ၍ ေဖာ္ျပထားျခင္းမရွိရာ ၎တို႔အက်ိဳးစီးပြါး အတြက္သာ ဦးစားေပး တင္သြင္းခဲ့ျခင္း ျဖစ္သည္။ (LNK)
Leave a Reply