ရွှေဈေးနဲ့ ဒေါ်လာဈေး ကျပေမယ့် ကုန်ဈေးနှုန်းတွေ မကျရတဲ့ နောက်ကွယ်က အကြောင်းရင်း

လတ်တလောအချိန်မှာတော့ ဩဂုတ်လကုန်နဲ့ စက်တက်ဘာလဆန်းမှာ စံချိန်တင် တက်ခဲ့တဲ့ ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်းဟာ တဖြည်းဖြည်းချင်း ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။

ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ကျဆင်းလာပေမယ့်လည်း ဈေးကွက် မတည်ငြိမ်တဲ့ အနေအထား ဖြစ်ပေါ်နေပြီး တချို့ရွှေဆိုင်တွေ အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။

ရွှေဈေးနဲ့ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့အတူ တပြိုင်တည်း မြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေအနေနဲ့ ယခုလို ဈေးပြန်ကျတဲ့ အချိန်မှာရော ပြန်မကျဘူးလားဆိုတဲ့ မေးခွန်း ပြည်သူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး ကုန်စုံဆိုင်ပိုင်ရှင်တဦးရဲ့ အဖြေက ပြည့်စုံကောင်းမွန် လှာတာကြောင့် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ-

ဒီနေ့ ရွှေဈေး၊ ဒေါ်လာ၊ ဘတ် ဈေးတွေကျတော့ မနက်ဖန် ကုန်ဈေးနှုန်းကျတော့မှာလားတဲ့။ ဟုတ် ဒီနေ့ ငွေကျုံ့ခြင်း (ဝါ) ကျပ်ငွေတန်ဖိုးတက်ခြင်းဟာ ၂.၃ ရာခိုင်နှုန်းနဲ့ ၂.၆ ရာခိုင်နှုန်းကြား ရှိပါတယ်။ ငွေကြေးဖောင်းပွစဉ်က ၃၅ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြား ဖောင်းပွခဲ့တာဖြစ်လို့ ကုန်သည်တွေကြား (လက္ကား) ဈေးလောက်ပဲ အကျရှိလိမ့်အုန်းမယ်။

ကုန်သည်နဲ့ စားသုံးသူကြား(လက်လီ) ဈေးကတော့ တပတ်လောက် ဒီနေ့နှုန်းနဲ့ ဆက်ကျချင်မှ ကျလိမ့်မယ်ထင်တယ်။ ဒီနေ့နှုန်းက ဆိုင်သေးလေးတွေအတွက်တောင် မပါသေးဘူးရယ်။ အရှိန်ဟုန်ပြင်းပြင်းနဲ့ ထပ်ကျဖို့ဆို ပြီးခဲ့တဲ့ရက်တွေက နှစ်ပတ်နဲ့ အထက်စာလောက် ဝယ်လှောင်ထားကြတဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူဘက်က ခုကျဈေးလောက်နဲ့ထပ်မဖြည့်ကျဖို့ဘဲလိုပါတယ်။

ခုက စားသုံးသူတွေ အပေါ် အလှည့်ပြန်ရောက်ပါပြီ။ကိုယ်တွေ ဆိုင်သေးလေးကတော့ ငွေကြေးမငြိမ်မချင်း ဒီနေ့ရောင်းဈေးသည် မနက်ဖန်ဝယ်ဈေး( ရောင်းရှုံး)ရယ်၊ ဒီနေ့ဝယ်ဈေးသည် မနက်ဖန်ရောင်းဈေး(ဝယ်ရှုံး)ရယ်ဆိုတဲ့ သံသယာထဲဘဲ ဝဲလည်ကျပေဦးတော့မည်။ (Ye Minn Thwin)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လတ္တေလာအခ်ိန္မွာေတာ့ ဩဂုတ္လကုန္နဲ႕ စက္တက္ဘာလဆန္းမွာ စံခ်ိန္တင္ တက္ခဲ့တဲ့ ေ႐ႊေဈးနဲ႕ ေဒၚလာေဈးႏႈန္းဟာ တျဖည္းျဖည္းခ်င္း ျပန္လည္ က်ဆင္းလာတာကို ေတြ႕ရပါတယ္။

ေ႐ႊေဈးနဲ႕ ေဒၚလာေဈးေတြ က်ဆင္းလာေပမယ့္လည္း ေဈးကြက္ မတည္ၿငိမ္တဲ့ အေနအထား ျဖစ္ေပၚေနၿပီး တခ်ိဳ႕ေ႐ႊဆိုင္ေတြ အေရာင္းပိတ္ထားတယ္လို႔ သိရပါတယ္။

ေ႐ႊေဈးနဲ႕ ေဒၚလာေဈး ျမင့္တက္လာမႈနဲ႕အတူ တၿပိဳင္တည္း ျမင့္တက္ခဲ့တဲ့ ကုန္ေဈးႏႈန္းေတြအေနနဲ႕ ယခုလို ေဈးျပန္က်တဲ့ အခ်ိန္မွာေရာ ျပန္မက်ဘဴးလားဆိုတဲ့ ေမးခြန္း ျပည္သူေတြၾကားထဲမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာပါတယ္။

အထက္ပါ ေမးခြန္းနဲ႕ ပတ္သက္ၿပီး ကုန္စုံဆိုင္ပိုင္ရွင္တဦးရဲ႕ အေျဖက ျပည့္စုံေကာင္းမြန္ လွာတာေၾကာင့္ ျပန္လည္ ေဖာ္ျပ ေပးလိုက္ပါတယ္ခင္ဗ်ာ-

ဒီေန႕ ေ႐ႊေဈး၊ ေဒၚလာ၊ ဘတ္ ေဈးေတြက်ေတာ့ မနက္ဖန္ ကုန္ေဈးႏႈန္းက်ေတာ့မွာလားတဲ့။ ဟုတ္ ဒီေန႕ ေငြက်ဳံ႕ျခင္း (ဝါ) က်ပ္ေငြတန္ဖိုးတက္ျခင္းဟာ ၂.၃ ရာခိုင္ႏႈန္းနဲ႕ ၂.၆ ရာခိုင္ႏႈန္းၾကား ရွိပါတယ္။ ေငြေၾကးေဖာင္းပြစဥ္က ၃၅ ရာခိုင္ႏႈန္းနဲ႕ ၆၀ ရာခိုင္ႏႈန္းၾကား ေဖာင္းပြခဲ့တာျဖစ္လို႔ ကုန္သည္ေတြၾကား (လကၠား) ေဈးေလာက္ပဲ အက်ရွိလိမ့္အုန္းမယ္။

ကုန္သည္နဲ႕ စားသုံးသူၾကား(လက္လီ) ေဈးကေတာ့ တပတ္ေလာက္ ဒီေန႕ႏႈန္းနဲ႕ ဆက္က်ခ်င္မွ က်လိမ့္မယ္ထင္တယ္။ ဒီေန႕ႏႈန္းက ဆိုင္ေသးေလးေတြအတြက္ေတာင္ မပါေသးဘူးရယ္။ အရွိန္ဟုန္ျပင္းျပင္းနဲ႕ ထပ္က်ဖိဳ႕ဆို ၿပီးခဲ့တဲ့ရက္ေတြက ႏွစ္ပတ္နဲ႕ အထက္စာေလာက္ ဝယ္ေလွာင္ထားၾကတဲ့ ကုန္ပစၥည္းေတြကို စားသုံးသူဘက္က ခုက်ေဈးေလာက္နဲ႕ထပ္မျဖည့္က်ဖိဳ႕ဘဲလိုပါတယ္။

ခုက စားသုံးသူေတြ အေပၚ အလွည့္ျပန္ေရာက္ပါၿပီ။ကိုယ္ေတြ ဆိုင္ေသးေလးကေတာ့ ေငြေၾကးမၿငိမ္မခ်င္း ဒီေန႕ေရာင္းေဈးသည္ မနက္ဖန္ဝယ္ေဈး( ေရာင္းရႈံး)ရယ္၊ ဒီေန႕ဝယ္ေဈးသည္ မနက္ဖန္ေရာင္းေဈး(ဝယ္ရႈံး)ရယ္ဆိုတဲ့ သံသယာထဲဘဲ ဝဲလည္က်ေပဦးေတာ့မည္။ (Ye Minn Thwin)

Be the first to comment

Leave a Reply

Your email address will not be published.


*