
သရုပ်ဆောာင် ထူးခန့်ကျော်ကတော့ တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်အားပေးမှုကို လက်ခံရရှိပြီးသားသူတစ်ယောက် ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲခေတ်မှာလည်း “မမှီဝဲနဲ့ကင်းအောင်နေ” မှ ဗေဒါ ဇာတ်ရုပ်နဲ့
ပိုပြီးကျော်ကြားလာခဲ့တဲ့ ထူးခန့်ကျော်ဟာ လက်ရှိမှာ ပရဟိတဆေးကုသပေးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ မြန်မာ့ရိုးရာအကြောပြင်နည်းနဲ့
အခမဲ့ဆေးကုသပေးနေတဲ့ ထူးခန့်ကျော်ဟာ လက်ရှိမှာစေတီတစ်ဆူကို တည်ထားဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထူးခန့်ကျော်က သူ့ရဲ့ဆေးကုခန်းမှာ ဆေးလာကုတဲ့လူနာဆီက
အလှူငွေသိန်း (၅၀) ကျပ်တိတိရရှိခဲ့ကြောင်းကို “အင်မတန်ဝမ်းသာပီတိဖြစ်ရရင်းသာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ပါတယ်အမေ ကျွန်တော်ထံခြေထောက်များထုံ ကျင်ပြီးလမ်းသိပ်မလျှေက်နိုင်တာ
လာရောက်ကုသရင်းသက်သာမှု့ရခဲ့လို့ ကျွန်တော်တည်ထားမည့်စေတီတော်မြတ်အတွက်အလှူငွေ၅၀သိန်း(သိန်းငါးဆယ်)ကျပ်တိတိအား မင်္ဂလာဒုံမြို့နယ် အမှတ်၇ အသံလွှင့်ရုံလမ်းနေအမေဒေါ်သန်းငွေမှ
လှူဒါန်းမှု့ပြုလုပ်သွားခဲ့ပေသည်။ အလှူငွေသိန်း၅၀ကျပ်အားလာရောက်လှူဒါန်းသွားသောကောင်းမှု့ကံစေတနာတို့ကြောင့် အမေဒေါ်သန်းငွေတို့မိသားစုအားလုံးဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ၍
နှလုံးစိတ်ဝမ်းအေးချမ်းကြကာ ဘာသာသာသနာအကျိုးအားဒိထက်မကသည်ပိုးထမ်းရွက်နိုင်သောသူတော်ကောင်းမြတ်များဖြစ်ကြစေပြီ ဒိထက်မကလှူဒါန်းနိုင်ကြသောပုဂ္ဂိုလ်ထူးမြတ်မြတ်များဖြစ်ကြကာ
ကပ်ကြီးသုံးပါးဘေးဆိုးကြီးတို့မှကင်းဝေးကြစေ၍ ကိုယ်တွင်းကိုယ်ပရောဂါဟူသမျှပိန်းကြာရွက်ပေါ်တွင်ရေမတင်မှီသကဲ့သို့လွင့်စဉ်ပပျောက်ကြစေပြီး တနေ့တခြားစီးပွားလာဘ်လာဘများဒီရေလားသကဲ့သို့
ကြီးပွားတိုးတက်ကြ၍ ကောင်းကျိုးချမ်းသာအလုံးစုံကိုပြီးပြညိ့လျှံစွာရရှိကြစေပြီးလူ နတ် ဗြဟ္မာသတ္တဝါအားလုံးဝမ်းမြောက်စွာသာဓုခေါ်ဖို့တင်ပေးရင်း မင်္ဂလာညချမ်းလေးမှာ
အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ပြောလာပါတယ်။ ထူးခန့်ကျော်ကတော့ စေတနာထားပြီး အခမဲ့ဆေးကုသပေးပေမယ့် သူ့ကိုယုံကြည်လို့ လာရောက်ဆေးကုသမှုခံယူသူတွေကတော့
အလှူငွေတွေ နည်းများမဆို ထည့်ဝင်ရင်း ထူးခန့်ကျော်ရဲ့ စေတီတော်တည်ထားမယ့်အလှူမှာ တက်အားသရွေ့ပါဝင်နေကြတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သ႐ုပ္ေဆာာင္ ထူးခန႔္ေက်ာ္ကေတာ့ တစ္ေခတ္တစ္ခါကတည္းက ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး
ပရိသတ္အားေပးမႈကို လက္ခံရရွိၿပီးသားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲေခတ္မွာလည္း “မမွီဝဲနဲ႕ကင္းေအာင္ေန” မွ ေဗဒါ ဇာတ္႐ုပ္နဲ႕
ပိုၿပီးေက်ာ္ၾကားလာခဲ့တဲ့ ထူးခန႔္ေက်ာ္ဟာ လက္ရွိမွာ ပရဟိတေဆးကုသေပးရင္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနလ်က္ရွိပါတယ္။ ျမန္မာ့ရိုးရာအေၾကာျပင္နည္းနဲ႕
အခမဲ့ေဆးကုသေပးေနတဲ့ ထူးခန႔္ေက်ာ္ဟာ လက္ရွိမွာေစတီတစ္ဆူကို တည္ထားဖို႔ ႀကိဳးစားေနတာပဲျဖစ္ပါတယ္။ ဒီကေန႕မွာလည္း ထူးခန႔္ေက်ာ္က သူ႕ရဲ႕ေဆးကုခန္းမွာ ေဆးလာကုတဲ့လူနာဆီက
အလႉေငြသိန္း (၅၀) က်ပ္တိတိရရွိခဲ့ေၾကာင္းကို “အင္မတန္ဝမ္းသာပီတိျဖစ္ရရင္းသာဓုအႀကိမ္ႀကိမ္ေခၚဆိုလိုက္ပါတယ္အေမ ကြၽန္ေတာ္ထံေျခေထာက္မ်ားထုံ က်င္ၿပီးလမ္းသိပ္မေလွ်က္နိုင္တာ
လာေရာက္ကုသရင္းသက္သာမႈ႕ရခဲ့လို႔ ကြၽန္ေတာ္တည္ထားမည့္ေစတီေတာ္ျမတ္အတြက္အလႉေငြ၅၀သိန္း(သိန္းငါးဆယ္)က်ပ္တိတိအား မဂၤလာဒုံၿမိဳ႕နယ္ အမွတ္၇ အသံလႊင့္႐ုံလမ္းေနအေမေဒၚသန္းေငြမွ
လႉဒါန္းမႈ႕ျပဳလုပ္သြားခဲ့ေပသည္။ အလႉေငြသိန္း၅၀က်ပ္အားလာေရာက္လႉဒါန္းသြားေသာေကာင္းမႈ႕ကံေစတနာတို႔ေၾကာင့္ အေမေဒၚသန္းေငြတို႔မိသားစုအားလုံးေဘးရန္ခပ္သိမ္းကင္းၿငိမ္းၾက၍
ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကကာ ဘာသာသာသနာအက်ိဳးအားဒိထက္မကသည္ပိုးထမ္း႐ြက္နိုင္ေသာသူေတာ္ေကာင္းျမတ္မ်ားျဖစ္ၾကေစၿပီ ဒိထက္မကလႉဒါန္းနိုင္ၾကေသာပုဂၢိဳလ္ထူးျမတ္ျမတ္မ်ားျဖစ္ၾကကာ
ကပ္ႀကီးသုံးပါးေဘးဆိုးႀကီးတို႔မွကင္းေဝးၾကေစ၍ ကိုယ္တြင္းကိုယ္ပေရာဂါဟူသမွ်ပိန္းၾကာ႐ြက္ေပၚတြင္ေရမတင္မွီသကဲ့သို႔လြင့္စဥ္ပေပ်ာက္ၾကေစၿပီး တေန႕တျခားစီးပြားလာဘ္လာဘမ်ားဒီေရလားသကဲ့သို႔
ႀကီးပြားတိုးတက္ၾက၍ ေကာင္းက်ိဳးခ်မ္းသာအလုံးစုံကိုၿပီးျပညိ့လွ်ံစြာရရွိၾကေစၿပီးလူ နတ္ ျဗဟၼာသတၱဝါအားလုံးဝမ္းေျမာက္စြာသာဓုေခၚဖို႔တင္ေပးရင္း မဂၤလာညခ်မ္းေလးမွာ
အမ်ိဳးမ်ားအားလုံးက်န္းမာလို႔ခ်မ္းသာၾကပါေစ” ဆိုၿပီး ေျပာလာပါတယ္။ ထူးခန႔္ေက်ာ္ကေတာ့ ေစတနာထားၿပီး အခမဲ့ေဆးကုသေပးေပမယ့္ သူ႕ကိုယုံၾကည္လို႔ လာေရာက္ေဆးကုသမႈခံယူသူေတြကေတာ့
အလႉေငြေတြ နည္းမ်ားမဆို ထည့္ဝင္ရင္း ထူးခန႔္ေက်ာ္ရဲ႕ ေစတီေတာ္တည္ထားမယ့္အလႉမွာ တက္အားသေ႐ြ႕ပါဝင္ေနၾကတာပဲျဖစ္ပါတယ္။ ခရက္ဒစ္။
Leave a Reply