အီသီယိုးပီးယားနိုင်ငံ အိုမိုတောင်ကြားရဲ့ ဝေးလံခေါင်သီတဲ့နေရာမှာ ဘိုဒီမျိုးနွယ်စုတွေ နေထိုင်ကြပါတယ်။ ဗိုက်ပူသူတွေကို ယောကျားပီသသူတွေလို့ သတ်မှတ်တာကတော့ သူတို့ရဲ့ ထူးခြားတဲ့အယူအဆပါပဲ။
ဘိုဒီမျိုးနွယ်စုဝင် လူငယ်တွေဟာ သူရဲကောင်းအဖြစ် ရွေးချယ်ခံရဖို့ ၆ လကြာ သီးသန့်ခွဲခြားနေထိုင်ရပါတယ်။အဲဒီကာလအတွင်းမှာ သူတို့က နွားနို့နဲ့ နွားသွေးကို သောက်ပြီး ဗိုက်ပူလာအောင် ကြိုးပမ်းရတာပါပဲ။
(ဒါပေမဲ့ ဘိုဒီမျိုးနွယ်စုတွေက နွားကို အမြတ်တနိုးထားကြလို့ နွားကို မသတ်ဘဲ နွားရဲ့ သွေးကြောကို မှိန်းနဲ့ထိုး (သို့) ပုဆိန်နဲ့ ပေါက်ကာ သွေးထုတ်ယူတာပါ။ ပြီးရင် အဲဒီဒဏ်ရာကို ရွံစေးနဲ့ ပြန်ပိတ်ပေးကြပါတယ်)
၆ လပြည့်လို့ ပြိုင်ပွဲဝင်တဲ့အခါ ဗိုက်အပူဆုံးသူကို သူရဲကောင်းအဖြစ် ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ ပြိုင်ပွဲပြီးရင်တော့ အဲဒီသူတွေက ပုံမှန်အတိုင်း ပြန်လည်စားသောက်နေထိုင်ကြလို့ ဗိုက်ပြန်ချပ်သွားတတ်ပါတယ်။
ဘိုဒီမျိုးနွယ်စုတွေနဲ့ နေထိုင်ခဲ့တဲ့ ပြင်သစ်ဓာတ်ပုံဆရာ အဲရစ်လက်ဖော့က သူတို့အကြောင်းကို ရေးသားပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။
Ref: Ethiopia Bodi Tribe_Team (ရိုးရာလေး)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဗိုက္ပူရင္ သူရဲေကာင္းလို႔ သတ္မွတ္ၾကတဲ့ အီသီယိုးပီးယားမ်ိဳးႏြယ္စု
အီသီယိုးပီးယားနိုင္ငံ အိုမိုေတာင္ၾကားရဲ႕ ေဝးလံေခါင္သီတဲ့ေနရာမွာ ဘိုဒီမ်ိဳးႏြယ္စုေတြ ေနထိုင္ၾကပါတယ္။ ဗိုက္ပူသူေတြကို ေယာက်ားပီသသူေတြလို႔ သတ္မွတ္တာကေတာ့ သူတို႔ရဲ႕ ထူးျခားတဲ့အယူအဆပါပဲ။
ဘိုဒီမ်ိဳးႏြယ္စုဝင္ လူငယ္ေတြဟာ သူရဲေကာင္းအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ ၆ လၾကာ သီးသန႔္ခြဲျခားေနထိုင္ရပါတယ္။အဲဒီကာလအတြင္းမွာ သူတို႔က ႏြားနို႔နဲ႕ ႏြားေသြးကို ေသာက္ၿပီး ဗိုက္ပူလာေအာင္ ႀကိဳးပမ္းရတာပါပဲ။
(ဒါေပမဲ့ ဘိုဒီမ်ိဳးႏြယ္စုေတြက ႏြားကို အျမတ္တနိုးထားၾကလို႔ ႏြားကို မသတ္ဘဲ ႏြားရဲ႕ ေသြးေၾကာကို မွိန္းနဲ႕ထိုး (သို႔) ပုဆိန္နဲ႕ ေပါက္ကာ ေသြးထုတ္ယူတာပါ။ ၿပီးရင္ အဲဒီဒဏ္ရာကို ႐ြံေစးနဲ႕ ျပန္ပိတ္ေပးၾကပါတယ္)
၆ လျပည့္လို႔ ၿပိဳင္ပြဲဝင္တဲ့အခါ ဗိုက္အပူဆုံးသူကို သူရဲေကာင္းအျဖစ္ ေ႐ြးခ်ယ္တင္ျမႇောက္ေလ့ရွိပါတယ္။ ၿပိဳင္ပြဲၿပီးရင္ေတာ့ အဲဒီသူေတြက ပုံမွန္အတိုင္း ျပန္လည္စားေသာက္ေနထိုင္ၾကလို႔ ဗိုက္ျပန္ခ်ပ္သြားတတ္ပါတယ္။
ဘိုဒီမ်ိဳးႏြယ္စုေတြနဲ႕ ေနထိုင္ခဲ့တဲ့ ျပင္သစ္ဓာတ္ပုံဆရာ အဲရစ္လက္ေဖာ့က သူတို႔အေၾကာင္းကို ေရးသားၿပီး ဓာတ္ပုံေတြ ရိုက္ကူးခဲ့တာပါ။
Ref: Ethiopia Bodi Tribe_Team (ရိုးရာေလး)
Leave a Reply