ရွှေနဲ့ ဒေါ်လာ ဈေးထိုးကျသွားလို့ ခြောက်ခြားနေတဲ့ သူတွေ ခေါင်းထဲမှတ်ထားရမယ့် အချက်များ

ရွှေနဲ့ဒေါ်လာဟာ အခိုင်မာဆုံးပါ။ ကျပ်နဲ့ ယှဉ်တဲ့အခါ ရှိသင့်တဲ့ ဈေးတန်းမှာပဲရှိရမှာပါ။ စကစ ဒေါ်လာ ပေါ်လစီ အမှားကြောင့် စွတ်တက်တယ်။ ပေါ်လစီအမှားပေါ် ထပ်ပြီး အမြတ်ထုပ်ဖို့ ချောင်းနေတဲ့ လူတစုက ထပ်ပြီး ခြောက်တယ် လှန့်တယ်။

အဲတော့ ကြောက်တယ်၊ ချွေးနည်းစာ ပိုင်ဆိုင်မှုလေးတွေ အလုံးအထည်လျော့မှာ ကြောက်တော့ ဝယ်ရရောင်းရလွယ်တဲ့ ခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာ ပြေးဝယ်တယ်။ နှာခေါင်းစည်း (Mask) တို့ အောက်ဆီဂျင်တို့လိုပါပဲ။ လိုလိုမလိုလို ကြောက်ပြီးဝယ်တဲ့အခါ ရောင်းလိုအားနဲ့ ဝယ်လိုအား (supply demand) မမျှတော့ ဖြစ်သင့်တဲ့ ဈေးတွေထက် ၂ ဆ ခုန်တက်ကုန်တယ်။

အဲတုန်းက အကွက်မြင်လို့ mask တို့ အောက်ဆီဂျင်တို့ ရောင်းသလို ကြိုကိုင်ထားတဲ့ သူတွေ မျိုးမျိုးမြတ်မြတ် ရလိုက်တယ်။ ရွှေတို့ ဒေါ်လာတို့ ဆိုတာ ဒီနိုင်ငံထဲမှာ လုံးဝ အကန့်အသတ်ရှိနေတဲ့ ပစ္စည်းမျိုးတော့ မဟုတ်ပါဘူး။ ဝင်လာစရာ လမ်းကြောင်းတွေ အများကြီးရှိနေပါတယ်။

ထပ်ပြောမယ်။ ဒေါ်လာနဲ့ ရွှေဟာ အခိုင်မာဆုံးပါ။ ဖြစ်သင့်တဲ့ ဈေးတန်တခု မှာ ခိုင်မာနေမှာပါ။ ဈေး ၃ ဆ လောက် ခုန်တက်သွားရလောက်အောင်အထိ ဆိုတာတော့ ခုနက mask တို့ အောက်ဆီ ဂျင်တို့လိုမျိုးပဲ ထင်ပါတယ်။ အချိန်တန်တော့ သူ့ဈေးတန်းတခုကို ပြန်ရောက်သွားပါတယ်။

တက်စေချင်လား ကျစေချင်လား တလွဲပေါ်လစီ ကောက်ထုတ်လိုက်ရုံပဲ။ ရွှေသမင်က မင်းကြီးတာကပဲ ထွက်ပါတယ်။ ထုတ်ကုန် (Export) မရှိလို့ သွင်းကုန် (import) ပဲရှိနေလို့တို့ ဘာတို့ ဆိုပေမယ့် သယံဇာတနဲ့ မမြင်နိုင်တဲ့ ငွေမဲတွေက အများကြီးပါ။

နောက်တခုက နိုင်ငံစီးပွားရေး စုတ်ပြတ်သတ်သွားလို့ နိုင်ငံခြား ထွက်မယ့်သူ တန်းစီနေပါတယ်။ ထိုင်းနိုင်ငံတစ်ခုထဲမှာတင် တရားဝင် ၁ သန်းရှိပါတယ်။ (တရားမဝင်မပါသေး) အဲဒီ တစ်သန်း က တစ်လ ကို တစ်ယောက် ဒေါ်လာ ၂၀၀ အိမ်ကို ပြန်လွှဲရင်တောင် တစ်လ ကို ဒေါ်လာ သန်း ၂၀၀ ရှိပါတယ်။

ထပ်ထွက်နေတဲ့ သူတွေ မပါသေးပါ။ (ဥပမာ ပေးရရင် mask တွေဝယ်မရလို့ တစ်ဘူး တစ်သောင်းနဲ့ ဝယ်ထားတဲ့ mask တောင်ခုထိ အိမ်မှာရှိနေတုန်း) (Lin Set)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေ႐ႊနဲ႕ေဒၚလာဟာ အခိုင္မာဆုံးပါ။ က်ပ္နဲ႕ ယွဥ္တဲ့အခါ ရွိသင့္တဲ့ ေဈးတန္းမွာပဲရွိရမွာပါ။ စကစ ေဒၚလာ ေပၚလစီ အမွားေၾကာင့္ စြတ္တက္တယ္။ ေပၚလစီအမွားေပၚ ထပ္ၿပီး အျမတ္ထုပ္ဖို႔ ေခ်ာင္းေနတဲ့ လူတစုက ထပ္ၿပီး ေျခာက္တယ္ လွန႔္တယ္။

အဲေတာ့ ေၾကာက္တယ္၊ ေခြၽးနည္းစာ ပိုင္ဆိုင္မႈေလးေတြ အလုံးအထည္ေလ်ာ့မွာ ေၾကာက္ေတာ့ ဝယ္ရေရာင္းရလြယ္တဲ့ ခိုင္မာတဲ့ ေ႐ႊနဲ႕ ေဒၚလာ ေျပးဝယ္တယ္။ ႏွာေခါင္းစည္း (Mask) တို႔ ေအာက္ဆီဂ်င္တို႔လိုပါပဲ။ လိုလိုမလိုလို ေၾကာက္ၿပီးဝယ္တဲ့အခါ ေရာင္းလိုအားနဲ႕ ဝယ္လိုအား (supply demand) မမွ်ေတာ့ ျဖစ္သင့္တဲ့ ေဈးေတြထက္ ၂ ဆ ခုန္တက္ကုန္တယ္။

အဲတုန္းက အကြက္ျမင္လို႔ mask တို႔ ေအာက္ဆီဂ်င္တို႔ ေရာင္းသလို ႀကိဳကိုင္ထားတဲ့ သူေတြ မ်ိဳးမ်ိဳးျမတ္ျမတ္ ရလိုက္တယ္။ ေ႐ႊတို႔ ေဒၚလာတို႔ ဆိုတာ ဒီနိုင္ငံထဲမွာ လုံးဝ အကန႔္အသတ္ရွိေနတဲ့ ပစၥည္းမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဝင္လာစရာ လမ္းေၾကာင္းေတြ အမ်ားႀကီးရွိေနပါတယ္။

ထပ္ေျပာမယ္။ ေဒၚလာနဲ႕ ေ႐ႊဟာ အခိုင္မာဆုံးပါ။ ျဖစ္သင့္တဲ့ ေဈးတန္တခု မွာ ခိုင္မာေနမွာပါ။ ေဈး ၃ ဆ ေလာက္ ခုန္တက္သြားရေလာက္ေအာင္အထိ ဆိုတာေတာ့ ခုနက mask တို႔ ေအာက္ဆီ ဂ်င္တို႔လိုမ်ိဳးပဲ ထင္ပါတယ္။ အခ်ိန္တန္ေတာ့ သူ႕ေဈးတန္းတခုကို ျပန္ေရာက္သြားပါတယ္။

တက္ေစခ်င္လား က်ေစခ်င္လား တလြဲေပၚလစီ ေကာက္ထုတ္လိုက္႐ုံပဲ။ ေ႐ႊသမင္က မင္းႀကီးတာကပဲ ထြက္ပါတယ္။ ထုတ္ကုန္ (Export) မရွိလို႔ သြင္းကုန္ (import) ပဲရွိေနလို႔တို႔ ဘာတို႔ ဆိုေပမယ့္ သယံဇာတနဲ႕ မျမင္နိုင္တဲ့ ေငြမဲေတြက အမ်ားႀကီးပါ။

ေနာက္တခုက နိုင္ငံစီးပြားေရး စုတ္ျပတ္သတ္သြားလို႔ နိုင္ငံျခား ထြက္မယ့္သူ တန္းစီေနပါတယ္။ ထိုင္းနိုင္ငံတစ္ခုထဲမွာတင္ တရားဝင္ ၁ သန္းရွိပါတယ္။ (တရားမဝင္မပါေသး) အဲဒီ တစ္သန္း က တစ္လ ကို တစ္ေယာက္ ေဒၚလာ ၂၀၀ အိမ္ကို ျပန္လႊဲရင္ေတာင္ တစ္လ ကို ေဒၚလာ သန္း ၂၀၀ ရွိပါတယ္။

ထပ္ထြက္ေနတဲ့ သူေတြ မပါေသးပါ။ (ဥပမာ ေပးရရင္ mask ေတြဝယ္မရလို႔ တစ္ဘူး တစ္ေသာင္းနဲ႕ ဝယ္ထားတဲ့ mask ေတာင္ခုထိ အိမ္မွာရွိေနတုန္း) (Lin Set)

Be the first to comment

Leave a Reply

Your email address will not be published.


*