ကားဈေးနဲ့ မြေဈေးတွေ အဆမတန် တက်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ လှည့်ကွက်များနှင့်ကားနဲ့ မြေ ကိုင်ထားတဲ့သူတွေ မျက်ရည်ကျရမယ့် အချိန် ရောက်တော့မလား ဆိုတာကတော့…

ရုရှားရွှေတွေ ဝင်လာလို့ ရွှေဈေးက ၂၅ သိန်းထိ ပြန်ကျမယ်။ ကားဈေး မြေဈေးက အခုဈေးထက်နောက်ထပ် ၃၀ ရာခိုင်နှုန်း ခုန်တက်ဦးမယ်။ ဒါတွေဟာ သန်းရွှေလက်ထက်က ကားပါမစ် ၊ မြေပါမစ်တွေနဲ့ လုပ်စားဖို့ တန်ဖိုးရှိတဲ့ ရွှေကို တန်ဖိုးမရှိတဲ့ ပိုင်ဆိုင်မှု asset တွေနဲ့ ပြောင်းပြန် အရူး လုပ်ခဲ့တာ။

ဒီတော့ သိန်းစိန်ခေတ်လို တံခါးဖွင့် စီးပွါးရေးလည်း စရော ကားဈေး၊ မြေဈေးတွေ ပြိုကျပြီး ပိုက်‌ေ-ာမိကုန်ကြတာ။ကားကတော့ အသစ်ထုတ်တွေက နည်းပညာရော ဈေးရော သက်သာလာလို့ ကျတာ။ မြန်မာ နိုင်ငံက မြေဈေးတွေကျတော့ အခြေခံအဆောက်အဦးတွေ တိုးတက်ဖွံ့ဖြိုးလာပြီး ရင်းနှီးမြုပ်နှံမှုတွေ များတဲ့နေရာက အတက်ကြမ်းပြီး ပြန်မကျပေမဲ့ မြေဈေးတွေသာ တက်ပြီး မဖွံ့ဖြိုး မတိုးတက်လာတဲ့နေရာတွေကျတော့ ဈေးက ထိုးကျ ပြတ်ကျန်ခဲ့တာ။

ပတ်ဝန်းကျင်ကောင်းရုံတင်မကဘူး ခေတ်မီဆေးရုံ၊ ဈေးဝယ်စင်တာ၊ လူနေထိုင်မှုစိပ်ပြီး ဈေးရောင်းကောင်းတဲ့နေရာတွေကလွဲပြီး ကျန်တဲ့မြေအများစုဟာ ရောင်းမထွက်ပဲ ပိုက်‌ေ-ာမိ ကျန်နေရော။ အခုလည်း သန်းရွှေခေတ်က အတိုင်း ကားဈေး မြေဈေးတွေကို မတရားစွဲတင်ပြီး ပြည်သူတွေ လက်ထဲ ကိုင်ထားတဲ့ ဒေါ်လာနဲ့ ရွှေတွေ ဈေးကွက်ထဲ သူတို့ လိုသလောက် ရလာအောင် မက်လုံးပေးလာတာ။

ဒီတော့ တချိန် နိုင်ငံပြန် တည်ငြိမ်လာတဲ့အချိန်မှာ ရွှေနဲ့ ဒေါ်လာကိုင်ထားတဲ့သူဟာ ပိုချမ်းသာ ကြွယ်ဝလာနိုင်ပြီး လုပ်ငန်းလုပ်ဖို့ မဟုတ်ပဲ ဝယ်ရောင်းသဘော လုပ်ဖို့ ဝယ်ထားတဲ့ ကား မြေတွေကတော့ ထိုးကျနိုင်လို့ အချိန် အခါကို အမြဲစောင့်ကြည့်ပြီးမှ သတိနဲ့လုပ်သင့်တယ်။ အခုချိန် ရွှေဟာ မရောင်းလည်း မပုပ်မသိုး မပျက်သွားသလို ဈေးကျလို့ ထားထားရင်လည်း ကားလို ပြင်ဆင်စရိတ်တွေ အခွန်တွေလည်း တက်မနေဘူး။

အခု စကစရဲ့ သူတို့ ရည်မှန်းထားတဲ့ ကားတွေဆီကနေ အခွန်တိုးကောက်ချင်လို့ ကြည်ကြည်ဖြူဖြူနဲ့ ဆောင်လာအောင် ကားဈေးတွေ အဆမတန် တက်လာအောင် မက်လုံးပေးလိုက်တော့ အခုချိန် ကားဈေးတက်လို့ အပျော်လွန်နေကြသူတိုင်းဟာ တက်လာတဲ့ အခွန်ကို ပျော်ပျော်ကြီး ဆောင်ကြမည့်သဘောပါပဲ။

ဒါဟာလည်း အာဏာရှင်တွေ ခေတ်အဆက်ဆက် လုပ်စားနေကျ အခွန်ရအောင် ထောင်ချောက်ဆင် ရိုက်စားတဲ့အကွက်ဆိုတာ သတိထားသင့်တယ်၊ ခေတ်တွေ ပြန်ကောင်းလာလို့ ကားဆွေး ကားစုတ်တွေ တန်ဖိုးကျပြီး အပိုပစ္စည်းတွေ ဈေးတက် ရှားပါးလာတဲ့အခါကျရင် လက်ဝယ်မှာ ကားအဟောင်းကျန်တဲ့သူတွေ အရှုံး ကြီးကြီး ရင်ဆိုင်ရမယ်လို့ပဲ သုံးသပ်မိတယ်။ ကားဈေးတက်လို့ ဝယ်ရောင်း ဆော့ချင်ရင်တောင် လောဘတွေ လျှော့ပြီး မဆွေးမြေ့သေးတဲ့ အင်ဂျင်ကောင်းတဲ့ကားကိုသာ ဝယ်ထားသင့်တယ်။

လူများစု ထင်နေကြတာက ရွှေဈေး၊ ဒေါ်လာဈေးတက်လို့ ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ ထင်နေကြတာ။ တကယ်က မြန်မာကျပ်ငွေ တန်ဖိုးကျအောင် အာဏာနဲ့ ပိတ်ဆို့တားဆီးပြီး လူတစုသာ လက်ဝါး ကြီးအုပ် အမြတ်ထုတ်တဲ့ လုပ်ငန်းတွေ အကောင် အထည်ဖော်လာလို့ မြန်မာကျပ်ငွေ တန်ဖိုးကျတာထက် ပိုပြီး အခြေခံစားကုန်ဈေးနဲ့ ဆေးဈေးတွေ မတရားတက်လာတာ။

ဒီထက်လည်း ပြည်သူအပေါ် ယုတ်မာ ဂုတ်သွေးစုပ်ကြဦးမည့်အနေအထားဆိုတော့ ရွှေဈေး၊ ဒေါ်လာဈေးထက် ရန်သူမျိုးငါးပါးကြောင့် ကုန်ဈေးနှုန်းတွေ အဆ မတန်တက်လာရတယ်လို့ ပြောရင် ပိုမှန်မယ်။ (Aung Kyaw Oo)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

႐ုရွားေ႐ႊေတြ ဝင္လာလို႔ ေ႐ႊေဈးက ၂၅ သိန္းထိ ျပန္က်မယ္။ ကားေဈး ေျမေဈးက အခုေဈးထက္ေနာက္ထပ္ ၃၀ ရာခိုင္ႏႈန္း ခုန္တက္ဦးမယ္။ ဒါေတြဟာ သန္းေ႐ႊလက္ထက္က ကားပါမစ္ ၊ ေျမပါမစ္ေတြနဲ႕ လုပ္စားဖို႔ တန္ဖိုးရွိတဲ့ ေ႐ႊကို တန္ဖိုးမရွိတဲ့ ပိုင္ဆိုင္မႈ asset ေတြနဲ႕ ေျပာင္းျပန္ အ႐ူး လုပ္ခဲ့တာ။

ဒီေတာ့ သိန္းစိန္ေခတ္လို တံခါးဖြင့္ စီးပြါးေရးလည္း စေရာ ကားေဈး၊ ေျမေဈးေတြ ၿပိဳက်ၿပီး ပိုက္‌ေ-ာမိကုန္ၾကတာ။ကားကေတာ့ အသစ္ထုတ္ေတြက နည္းပညာေရာ ေဈးေရာ သက္သာလာလို႔ က်တာ။ ျမန္မာ နိုင္ငံက ေျမေဈးေတြက်ေတာ့ အေျခခံအေဆာက္အဦးေတြ တိုးတက္ဖြံ႕ၿဖိဳးလာၿပီး ရင္းႏွီးျမဳပ္ႏွံမႈေတြ မ်ားတဲ့ေနရာက အတက္ၾကမ္းၿပီး ျပန္မက်ေပမဲ့ ေျမေဈးေတြသာ တက္ၿပီး မဖြံ႕ၿဖိဳး မတိုးတက္လာတဲ့ေနရာေတြက်ေတာ့ ေဈးက ထိုးက် ျပတ္က်န္ခဲ့တာ။

ပတ္ဝန္းက်င္ေကာင္း႐ုံတင္မကဘူး ေခတ္မီေဆး႐ုံ၊ ေဈးဝယ္စင္တာ၊ လူေနထိုင္မႈစိပ္ၿပီး ေဈးေရာင္းေကာင္းတဲ့ေနရာေတြကလြဲၿပီး က်န္တဲ့ေျမအမ်ားစုဟာ ေရာင္းမထြက္ပဲ ပိုက္‌ေ-ာမိ က်န္ေနေရာ။ အခုလည္း သန္းေ႐ႊေခတ္က အတိုင္း ကားေဈး ေျမေဈးေတြကို မတရားစြဲတင္ၿပီး ျပည္သူေတြ လက္ထဲ ကိုင္ထားတဲ့ ေဒၚလာနဲ႕ ေ႐ႊေတြ ေဈးကြက္ထဲ သူတို႔ လိုသေလာက္ ရလာေအာင္ မက္လုံးေပးလာတာ။

ဒီေတာ့ တခ်ိန္ နိုင္ငံျပန္ တည္ၿငိမ္လာတဲ့အခ်ိန္မွာ ေ႐ႊနဲ႕ ေဒၚလာကိုင္ထားတဲ့သူဟာ ပိုခ်မ္းသာ ႂကြယ္ဝလာနိုင္ၿပီး လုပ္ငန္းလုပ္ဖို႔ မဟုတ္ပဲ ဝယ္ေရာင္းသေဘာ လုပ္ဖို႔ ဝယ္ထားတဲ့ ကား ေျမေတြကေတာ့ ထိုးက်နိဳင္လို႔ အခ်ိန္ အခါကို အၿမဲေစာင့္ၾကည့္ၿပီးမွ သတိနဲ႕လုပ္သင့္တယ္။ အခုခ်ိန္ ေ႐ႊဟာ မေရာင္းလည္း မပုပ္မသိုး မပ်က္သြားသလို ေဈးက်လိဳ႕ ထားထားရင္လည္း ကားလို ျပင္ဆင္စရိတ္ေတြ အခြန္ေတြလည္း တက္မေနဘူး။

အခု စကစရဲ႕ သူတို႔ ရည္မွန္းထားတဲ့ ကားေတြဆီကေန အခြန္တိုးေကာက္ခ်င္လို႔ ၾကည္ၾကည္ျဖဴျဖဴနဲ႕ ေဆာင္လာေအာင္ ကားေဈးေတြ အဆမတန္ တက္လာေအာင္ မက္လုံးေပးလိုက္ေတာ့ အခုခ်ိန္ ကားေဈးတက္လို႔ အေပ်ာ္လြန္ေနၾကသူတိုင္းဟာ တက္လာတဲ့ အခြန္ကို ေပ်ာ္ေပ်ာ္ႀကီး ေဆာင္ၾကမည့္သေဘာပါပဲ။

ဒါဟာလည္း အာဏာရွင္ေတြ ေခတ္အဆက္ဆက္ လုပ္စားေနက် အခြန္ရေအာင္ ေထာင္ေခ်ာက္ဆင္ ရိုက္စားတဲ့အကြက္ဆိုတာ သတိထားသင့္တယ္၊ ေခတ္ေတြ ျပန္ေကာင္းလာလို႔ ကားေဆြး ကားစုတ္ေတြ တန္ဖိုးက်ၿပီး အပိုပစၥည္းေတြ ေဈးတက္ ရွားပါးလာတဲ့အခါက်ရင္ လက္ဝယ္မွာ ကားအေဟာင္းက်န္တဲ့သူေတြ အရႈံး ႀကီးႀကီး ရင္ဆိုင္ရမယ္လို႔ပဲ သုံးသပ္မိတယ္။ ကားေဈးတက္လို႔ ဝယ္ေရာင္း ေဆာ့ခ်င္ရင္ေတာင္ ေလာဘေတြ ေလွ်ာ့ၿပီး မေဆြးေျမ့ေသးတဲ့ အင္ဂ်င္ေကာင္းတဲ့ကားကိုသာ ဝယ္ထားသင့္တယ္။

လူမ်ားစု ထင္ေနၾကတာက ေ႐ႊေဈး၊ ေဒၚလာေဈးတက္လို႔ ကုန္ေဈးႏႈန္းေတြ တက္လာတယ္လို႔ ထင္ေနၾကတာ။ တကယ္က ျမန္မာက်ပ္ေငြ တန္ဖိုးက်ေအာင္ အာဏာနဲ႕ ပိတ္ဆို႔တားဆီးၿပီး လူတစုသာ လက္ဝါး ႀကီးအုပ္ အျမတ္ထုတ္တဲ့ လုပ္ငန္းေတြ အေကာင္ အထည္ေဖာ္လာလို႔ ျမန္မာက်ပ္ေငြ တန္ဖိုးက်တာထက္ ပိုၿပီး အေျခခံစားကုန္ေဈးနဲ႕ ေဆးေဈးေတြ မတရားတက္လာတာ။

ဒီထက္လည္း ျပည္သူအေပၚ ယုတ္မာ ဂုတ္ေသြးစုပ္ၾကဦးမည့္အေနအထားဆိုေတာ့ ေ႐ႊေဈး၊ ေဒၚလာေဈးထက္ ရန္သူမ်ိဳးငါးပါးေၾကာင့္ ကုန္ေဈးႏႈန္းေတြ အဆ မတန္တက္လာရတယ္လို႔ ေျပာရင္ ပိုမွန္မယ္။ (Aung Kyaw Oo)

Be the first to comment

Leave a Reply

Your email address will not be published.


*