အမျိုးသားရေး ၊ မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများ (သို့မဟုတ်) စစ်တပ် လက်ကိုင်တုတ် လူမိုက် တင်လင်းထိုက်

စစ်တပ်က အမျိုးသားရေး နှင့် မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများကို ၂၀၁၁ ခုနှစ်အချိန်ကတည်းက စတင် မွေးမြူခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ယနေ့ ၂၀၂၂ ခုနှစ် ၁၁ နှစ်ကျော်ကာလအတွင်း အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး အစွန်းရောက်များစွာ စစ်တပ်က မွေးထုတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သော လူသတ်သမား ကြည်လင်း အပါအဝင် တရားဥပဒေကို စစ်တပ် အားကိုးဖြင့် မထီမဲ့မြင်ပြုကြသည့် လူမိုက်၊ လူဇိုးနှင့်လူဆိုးများစွာသည် စစ်တပ်က အကာအကွယ်ပေးထားသော အမျိုး သားရေး၊ မဘသ အမည်ခံ လှုပ်ရှားသူများဖြစ်လာကြသည်။

အမျိုးသားရေး အစွန်းရောက်တိုင်းက ဒုစရိုက်သမားများ မဟုတ်ကြသော်လည်း မဘသနှင့် အမျိုးသားရေး အစွန်း ရောက်လှုပ်ရှားမှုများကို ဦးဆောင်ကြသူတိုင်း ဒုစရိုက်သမားများဖြစ်နေကြပြန်သည်။ နောက်ဆုံး NLD နှင့် လူထုခေါင်းဆောင် အဒေါ်အောင်ဆန်းစုကြည် ကို ဆဲဆိုလျှင်ပင် ဘာမှ လုပ်စရာမလိုဘဲ စစ်တပ်ထံမှ ငွေကြေးနှင့် ထောက် ပံ့မှုများရကာ အနေအစား ချောင်လည်ကြသည်။

ထို့ကြောင့် အမျိုးသားရေး အမည်ခံ မဘသ အဖွဲ့အတွင်းသို့ သူခိုးမှအစ ဖာခေါင်း အလယ် လူမိုက်ဇိုးသမား အဆုံး အကာအကွယ် ယူရန် ဝင်ရောက်ခဲ့ကြသည်။ ထိုထဲတွင် သာကေတမှ ၂ လုံး၊ ၃ လုံးဒိုင်၊ လောင်းကစားဝိုင်းများနှင့် ဇိုးအဖြစ် ကျော်ကြားသူ လင်းလင်း (ခေါ်) တင်လင်းထိုက်လည်း ပါဝင်နေသည်။

မဘသနှင့် အမျိုးသားရေးအစွန်းရောက်အဖြစ် စစ်တပ်၏ လက်ကိုင်တုတ် မဖြစ်ခင်က တင်လင်းထိုက်သည် ၂၀၀၈ ကာလ နှစ်ကြိမ်တိတိ လောင်းကစားမှုဖြင့် အဖမ်းခံခဲ့ရပြီး နှစ်ကြိမ်လုံး ထောင်မကျဘဲ ငွေကြေး လာဘ်ထိုး၍ လွတ်မြောက်ခဲ့သည်။

တင်လင်းထိုက် ဇကလည်း မသေးလှ။ လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေစဉ် စစ်တပ်အရာရှိ တစ်ဦးက ၎င်းထံတွင် ဘောလုံးပွဲ ပုံမှန် လောင်းရင်း ရင်းနှီးသွားခဲ့ကြသည်။ ထိုစစ်တပ်အရာရှိ ဘောပွဲလောင်း၍ နိုင်သဖြင့် တင်လင်းထိုက် နေအိမ်တွင် လောင်းကြေး အနိုင်ရငွေ လာထုတ်သောအခါ မိတ်ဆွေ လူမိုက် ဝင်းထွဋ်ဝင်းနှင့် ပေါင်းကာ ဝိုင်းရိုက်ကြသည်။

ယင်းနောက် တင်လင်းထိုက်တို့ကပင် စစ်အရာရှိက အိမ်ပေါ်တတ် သေနတ်ပြ၍ ချိန်းခြောက်ငွေလုပါသည်ဟု အမှုပြန်ဖွင့်ခဲ့သည်။ ထိုမျှ ဆိုးသွမ်းလူလည်ကျလွန်းသူ တင်လင်းထိုက်သည် နောက်ပိုင်းတွင် စစ်တပ်၏ လက်ကိုင် တုတ် အမျိုးသားရေး၊ မဘသ အမည်ခံ လှုပ်ရှားမှု၏ ဦးဆောင်သူတစ်ဦးဖြစ်လာသည်။

၂၀၁၁ ခုနှစ် ၉၆၉ အဖွဲ့များ စတင်ပေါ်ပေါက်လာချိန် ၉၆၉ မဘသ အမျိုးသားရေးအမည်ခံ အစွန်းရောက်အဖွဲ့တွင်ပါဝင်ခဲ့သည်။ စစ်တပ်နှင့်သိန်းအစိုးရက အမျိုးသားရေးဆိုသူများကို မြှောက်စားချိန် အမျိုး သားရေးအစွန်းရောက် အယူအဆ အားကောင်းလာချိန်တွင် သူက ၎င်းလုပ်ဆောင်နေသည့် လောင်းကစားဒိုင်အ ပါအဝင် ဒုစရိုက် လုပ်ငန်းများကို အကာကွယ်ရနိုင်အောင် အမျိုးသားရေးသမားအဖြစ်သူ့ကိုယ်သူပုံ ပေါ်ဖော်ကာ မဘသ အဖွဲ့ထဲ ပူးကပ်ပါဝင်ခဲ့သည်။

သူ့ကို ဒုစရိုက်လုပ်ငန်းများနှင့်ပတ်သက်၍ အကြောင်းတခုခု ကြောင့် ခရိုင်ရဲစခန်း၊ မြို့နယ် ရဲစခန်းများက ခေါ်ယူလျှင် အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူကို အာဏာပိုင်က ခေါ်ယူသည်ဟု ဝါဒဖြန့်မှုကြောင့် နောက်ပိုင်း အာဏာ ပိုင်များက ၎င်းကို အလွယ်တကူ ဆင့်ခေါ်ရန် မဝံ့မရဲဖြစ်လာကြသည်။

တင်လင်းထိုက်က စစ်တပ်နှင့်မြို့နယ်ယန္တရားများ၏ ပံ့ပိုးမှုဖြင့် အမျိုးသားရေး အစွန်းရောက်အလုပ်အဖြစ် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတွေကိုနှောက်ယှက် ပိတ်သိမ်းခြင်း ၊ အစ္စဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ ချိတ်ပိတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။

လောင်းကစားဒိုင်၊ လူမိုက်၊ ဒုစရိုက်သမား တင်လင်းထိုက်သည် အမျိုးသားရေး လောကတွင် နာမည်ရလာပြီး စစ် တပ်ဘက်က အကြီးအကျယ် အကာအကွယ်ပေးလားသည်။ တင်လင်းထိုက်၏ နောက် ကြောင်း ဇစ်မြစ်ကို အမျိုးသားရေး အစွန်းရောက်များက မသိကြပေဘဲ မဘသ အမျိုးသားရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြသည်။

တင်လင်းထိုက် အမျိုးသားရေး အစွန်းရောက်နှင့် မဘသအဖြစ် လှုပ်ရှားခြင်းက ရည်ရွယ်ချက်တစ်ခုတည်းပင်။ သူ၏ ဒုစရိုက်နှင့် လောင်းကစားလုပ်ငန်းများအတွက် ကာဗာယူခြင်းသာဖြစ်သည်။ တင်လင်းထိုက်သည်လည်း အစ္စလမ်ဘာသာဝင် အသိုင်းအဝိုင်းမှပင်ဖြစ်ပြီး ယုံကြည်၍ အမျိုးသားရေးနှင့် မဘသ အလုပ်လုပ်ခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ပုတ် သင်ညိုကဲ့သို့ အရောင်ပြောင်းခြင်းသာဖြစ်သည်။

လက်ရှိအချိန်အထိ တင်လင်းထိုက်သည် လူမိုက် တပည့်တပန်းများစွာဖြင့် သာကေတ တစ်ကြော မင်းမူလျက်ရှိသည်။ လူမိုက်လောက ၊ လောင်းကစားလောကတွင် တင်လင်းထိုက် ပါဝင်ပတ်သက် ဗိုလ်ကျ အနိုင်ကျင့်မှုများစွာ အမျိုးသားရေး၊ မဘသ အမည်ခံပြီးနောက် ပို၍ လက်ရဲ ဇက်ရဲလုပ်ကိုင်လာသည်။

NLD အစိုးရက ၎င်း၏ မဘသ အစွန်းရောက်လှုပ်ရှားမှုများကြောင့် ဖမ်းရန် အမှုဖွင့်ခဲ့သော်လည်း သာကေတရဲက စစ်တပ်၏ ကာကွယ်ထားမှုကြောင့် မဖမ်းဘဲ လွှတ်ပေးထားခဲ့ရသည်။ ဝရမ်းပြေး အမည်ခံသော် လည်း လွတ်လပ်စွာပင် သွားလာနိုင်ခဲ့ပြီး မဖြစ်တော့သည့်အခြေအနေတွင်မှ အင်းစိန်ထောင်သို့ အဖမ်းခံခဲ့သည်။ အင်းစိန်ထောင်တွင်လည်း လူသတ်သမား ကြည်လင်း အပါအဝင် မဘသ အစွန်း ရောက်များနှင့် ထောင်တွင်း ကထိန်ပွဲကို ခြိမ့်ခြိမ့်သဲ စစ်တပ်၏ ထောက်ပံ့မှုဖြင့် ကထိန်းခင်းခဲ့ပြန်သည်။

ယခုအခါ တင်လင်းထိုက်သည် အမျိုးသားရေး အစွန်းရောက် အဖြစ်မှ သွေး သောက်အဖွဲ့ဆိုသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၊ NLD ပါတီ ဝင်များကို သတ်ဖြတ်နေသည့် အဖွဲ့တွင် ပါဝင်ပတ် သက်ခြင်းဖြင့် စစ်တပ်၏ ယန္တရားနှင့် စစ်အာဏာ ရှင်၏ ဩဇာ အာဏာစက် တည်မြဲရေးအတွက် ဆက် လက် အသုံးတော်ခံ ပါဝင်နေဆဲဖြစ် သည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် အင်းစိန်ထောင်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်း အပါအဝင် တရားခံများနှင့် တွေ့ရသည့် တင်လင်းထိုက်။

By ဟိဏ်းဝေယံ(တချိန်က မဘသ)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အမ်ိဳးသားေရး ၊ မဘသ အစြန္းေရာက္ အမည္ခံ လူသတ္သမား၊ ေလာင္းကစားဒိုင္ႏွင့္ ဒုစရိုက္သမားမ်ား (သို႔မဟုတ္) စစ္တပ္ လက္ကိုင္တုတ္ လူမိုက္ တင္လင္းထိုက္

စစ္တပ္က အမ်ိဳးသားေရး ႏွင့္ မဘသ အစြန္းေရာက္ အမည္ခံ လူသတ္သမား၊ ေလာင္းကစားဒိုင္ႏွင့္ ဒုစရိုက္သမားမ်ားကို ၂၀၁၁ ခုႏွစ္အခ်ိန္ကတည္းက စတင္ ေမြးျမဴခဲ့ၾကသည္။ ၂၀၁၁ ခုႏွစ္မွ ယေန႕ ၂၀၂၂ ခုႏွစ္ ၁၁ ႏွစ္ေက်ာ္ကာလအတြင္း အမ်ိဳးသားေရး၊ ဘာသာေရး၊ သာသနာေရး အစြန္းေရာက္မ်ားစြာ စစ္တပ္က ေမြးထုတ္ခဲ့သည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို သတ္ျဖတ္ခဲ့ေသာ လူသတ္သမား ၾကည္လင္း အပါအဝင္ တရားဥပေဒကို စစ္တပ္ အားကိုးျဖင့္ မထီမဲ့ျမင္ျပဳၾကသည့္ လူမိုက္၊ လူဇိုးႏွင့္လူဆိုးမ်ားစြာသည္ စစ္တပ္က အကာအကြယ္ေပးထားေသာ အမ်ိဳး သားေရး၊ မဘသ အမည္ခံ လႈပ္ရွားသူမ်ားျဖစ္လာၾကသည္။

အမ်ိဳးသားေရး အစြန္းေရာက္တိုင္းက ဒုစရိုက္သမားမ်ား မဟုတ္ၾကေသာ္လည္း မဘသႏွင့္ အမ်ိဳးသားေရး အစြန္း ေရာက္လႈပ္ရွားမႈမ်ားကို ဦးေဆာင္ၾကသူတိုင္း ဒုစရိုက္သမားမ်ားျဖစ္ေနၾကျပန္သည္။ ေနာက္ဆုံး NLD ႏွင့္ လူထုေခါင္းေဆာင္ အေဒၚေအာင္ဆန္းစုၾကည္ ကို ဆဲဆိုလွ်င္ပင္ ဘာမွ လုပ္စရာမလိုဘဲ စစ္တပ္ထံမွ ေငြေၾကးႏွင့္ ေထာက္ ပံ့မႈမ်ားရကာ အေနအစား ေခ်ာင္လည္ၾကသည္။

ထို႔ေၾကာင့္ အမ်ိဳးသားေရး အမည္ခံ မဘသ အဖြဲ႕အတြင္းသို႔ သူခိုးမွအစ ဖာေခါင္း အလယ္ လူမိုက္ဇိုးသမား အဆုံး အကာအကြယ္ ယူရန္ ဝင္ေရာက္ခဲ့ၾကသည္။ ထိုထဲတြင္ သာေကတမွ ၂ လုံး၊ ၃ လုံးဒိုင္၊ ေလာင္းကစား၀ိုင္းမ်ားႏွင့္ ဇိုးအျဖစ္ ေက်ာ္ၾကားသူ လင္းလင္း (ေခၚ) တင္လင္းထိုက္လည္း ပါဝင္ေနသည္။

မဘသႏွင့္ အမ်ိဳးသားေရးအစြန္းေရာက္အျဖစ္ စစ္တပ္၏ လက္ကိုင္တုတ္ မျဖစ္ခင္က တင္လင္းထိုက္သည္ ၂၀၀၈ ကာလ ႏွစ္ႀကိမ္တိတိ ေလာင္းကစားမႈျဖင့္ အဖမ္းခံခဲ့ရၿပီး ႏွစ္ႀကိမ္လုံး ေထာင္မက်ဘဲ ေငြေၾကး လာဘ္ထိုး၍ လြတ္ေျမာက္ခဲ့သည္။

တင္လင္းထိုက္ ဇကလည္း မေသးလွ။ ေလာင္းကစားဒိုင္အျဖစ္ လုပ္ကိုင္ေနစဥ္ စစ္တပ္အရာရွိ တစ္ဦးက ၎ထံတြင္ ေဘာလုံးပြဲ ပုံမွန္ ေလာင္းရင္း ရင္းႏွီးသြားခဲ့ၾကသည္။ ထိုစစ္တပ္အရာရွိ ေဘာပြဲေလာင္း၍ နိုင္သျဖင့္ တင္လင္းထိုက္ ေနအိမ္တြင္ ေလာင္းေၾကး အနိုင္ရေငြ လာထုတ္ေသာအခါ မိတ္ေဆြ လူမိုက္ ဝင္းထြဋ္ဝင္းႏွင့္ ေပါင္းကာ ၀ိုင္းရိုက္ၾကသည္။

ယင္းေနာက္ တင္လင္းထိုက္တို႔ကပင္ စစ္အရာရွိက အိမ္ေပၚတတ္ ေသနတ္ျပ၍ ခ်ိန္းေျခာက္ေငြလုပါသည္ဟု အမႈျပန္ဖြင့္ခဲ့သည္။ ထိုမွ် ဆိုးသြမ္းလူလည္က်လြန္းသူ တင္လင္းထိုက္သည္ ေနာက္ပိုင္းတြင္ စစ္တပ္၏ လက္ကိုင္ တုတ္ အမ်ိဳးသားေရး၊ မဘသ အမည္ခံ လႈပ္ရွားမႈ၏ ဦးေဆာင္သူတစ္ဦးျဖစ္လာသည္။

၂၀၁၁ ခုႏွစ္ ၉၆၉ အဖြဲ႕မ်ား စတင္ေပၚေပါက္လာခ်ိန္ ၉၆၉ မဘသ အမ်ိဳးသားေရးအမည္ခံ အစြန္းေရာက္အဖြဲ႕တြင္ပါဝင္ခဲ့သည္။ စစ္တပ္ႏွင့္သိန္းအစိုးရက အမ်ိဳးသားေရးဆိုသူမ်ားကို ျမႇောက္စားခ်ိန္ အမ်ိဳး သားေရးအစြန္းေရာက္ အယူအဆ အားေကာင္းလာခ်ိန္တြင္ သူက ၎လုပ္ေဆာင္ေနသည့္ ေလာင္းကစားဒိုင္အ ပါအဝင္ ဒုစရိုက္ လုပ္ငန္းမ်ားကို အကာကြယ္ရနိုင္ေအာင္ အမ်ိဳးသားေရးသမားအျဖစ္သူ႕ကိုယ္သူပုံ ေပၚေဖာ္ကာ မဘသ အဖြဲ႕ထဲ ပူးကပ္ပါဝင္ခဲ့သည္။

သူ႕ကို ဒုစရိုက္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ အေၾကာင္းတခုခု ေၾကာင့္ ခရိုင္ရဲစခန္း၊ ၿမိဳ႕နယ္ ရဲစခန္းမ်ားက ေခၚယူလွ်င္ အမ်ိဳးသားေရး ဦးေဆာင္လႈပ္ရွားသူကို အာဏာပိုင္က ေခၚယူသည္ဟု ဝါဒျဖန႔္မႈေၾကာင့္ ေနာက္ပိုင္း အာဏာ ပိုင္မ်ားက ၎ကို အလြယ္တကူ ဆင့္ေခၚရန္ မဝံ့မရဲျဖစ္လာၾကသည္။

တင္လင္းထိုက္က စစ္တပ္ႏွင့္ၿမိဳ႕နယ္ယႏၲရားမ်ား၏ ပံ့ပိုးမႈျဖင့္ အမ်ိဳးသားေရး အစြန္းေရာက္အလုပ္အျဖစ္ အစၥလာမ္ ဘာသာဝင္မ်ား၏ ဘာသာေရးအခမ္းအနားေတြကိုေႏွာက္ယွက္ ပိတ္သိမ္းျခင္း ၊ အစၥဘာသာေရး အေဆာက္အအုံမ်ား၊ စာသင္ေက်ာင္းမ်ား ခ်ိတ္ပိတ္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့သည္။

ေလာင္းကစားဒိုင္၊ လူမိုက္၊ ဒုစရိုက္သမား တင္လင္းထိုက္သည္ အမ်ိဳးသားေရး ေလာကတြင္ နာမည္ရလာၿပီး စစ္ တပ္ဘက္က အႀကီးအက်ယ္ အကာအကြယ္ေပးလားသည္။ တင္လင္းထိုက္၏ ေနာက္ ေၾကာင္း ဇစ္ျမစ္ကို အမ်ိဳးသားေရး အစြန္းေရာက္မ်ားက မသိၾကေပဘဲ မဘသ အမ်ိဳးသားေရး သူရဲေကာင္းအျဖစ္ ဂုဏ္ျပဳခဲ့ၾကသည္။

တင္လင္းထိုက္ အမ်ိဳးသားေရး အစြန္းေရာက္ႏွင့္ မဘသအျဖစ္ လႈပ္ရွားျခင္းက ရည္႐ြယ္ခ်က္တစ္ခုတည္းပင္။ သူ၏ ဒုစရိုက္ႏွင့္ ေလာင္းကစားလုပ္ငန္းမ်ားအတြက္ ကာဗာယူျခင္းသာျဖစ္သည္။ တင္လင္းထိုက္သည္လည္း အစၥလမ္ဘာသာဝင္ အသိုင္းအ၀ိုင္းမွပင္ျဖစ္ၿပီး ယုံၾကည္၍ အမ်ိဳးသားေရးႏွင့္ မဘသ အလုပ္လုပ္ျခင္းမဟုတ္ဘဲ ကိုယ္က်ိဳးစီးပြားအတြက္ ပုတ္ သင္ညိုကဲ့သို႔ အေရာင္ေျပာင္းျခင္းသာျဖစ္သည္။

လက္ရွိအခ်ိန္အထိ တင္လင္းထိုက္သည္ လူမိုက္ တပည့္တပန္းမ်ားစြာျဖင့္ သာေကတ တစ္ေၾကာ မင္းမူလ်က္ရွိသည္။ လူမိုက္ေလာက ၊ ေလာင္းကစားေလာကတြင္ တင္လင္းထိုက္ ပါဝင္ပတ္သက္ ဗိုလ္က် အနိုင္က်င့္မႈမ်ားစြာ အမ်ိဳးသားေရး၊ မဘသ အမည္ခံၿပီးေနာက္ ပို၍ လက္ရဲ ဇက္ရဲလုပ္ကိုင္လာသည္။

NLD အစိုးရက ၎၏ မဘသ အစြန္းေရာက္လႈပ္ရွားမႈမ်ားေၾကာင့္ ဖမ္းရန္ အမႈဖြင့္ခဲ့ေသာ္လည္း သာေကတရဲက စစ္တပ္၏ ကာကြယ္ထားမႈေၾကာင့္ မဖမ္းဘဲ လႊတ္ေပးထားခဲ့ရသည္။ ၀ရမ္းေျပး အမည္ခံေသာ္ လည္း လြတ္လပ္စြာပင္ သြားလာနိုင္ခဲ့ၿပီး မျဖစ္ေတာ့သည့္အေျခအေနတြင္မွ အင္းစိန္ေထာင္သို႔ အဖမ္းခံခဲ့သည္။ အင္းစိန္ေထာင္တြင္လည္း လူသတ္သမား ၾကည္လင္း အပါအဝင္ မဘသ အစြန္း ေရာက္မ်ားႏွင့္ ေထာင္တြင္း ကထိန္ပြဲကို ၿခိမ့္ၿခိမ့္သဲ စစ္တပ္၏ ေထာက္ပံ့မႈျဖင့္ ကထိန္းခင္းခဲ့ျပန္သည္။

ယခုအခါ တင္လင္းထိုက္သည္ အမ်ိဳးသားေရး အစြန္းေရာက္ အျဖစ္မွ ေသြး ေသာက္အဖြဲ႕ဆိုသည့္ စစ္အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားသူမ်ား၊ NLD ပါတီ ဝင္မ်ားကို သတ္ျဖတ္ေနသည့္ အဖြဲ႕တြင္ ပါဝင္ပတ္ သက္ျခင္းျဖင့္ စစ္တပ္၏ ယႏၲရားႏွင့္ စစ္အာဏာ ရွင္၏ ဩဇာ အာဏာစက္ တည္ၿမဲေရးအတြက္ ဆက္ လက္ အသုံးေတာ္ခံ ပါဝင္ေနဆဲျဖစ္ သည္။

ဓာတ္ပုံ- ၂၀၁၈ ခုႏွစ္ အင္းစိန္ေထာင္တြင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို သတ္ျဖတ္ခဲ့သည့္ ၾကည္လင္း အပါအဝင္ တရားခံမ်ားႏွင့္ ေတြ႕ရသည့္ တင္လင္းထိုက္။

By ဟိဏ္းေဝယံ(တခ်ိန္က မဘသ)

Be the first to comment

Leave a Reply

Your email address will not be published.


*