
ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ ကိုယ်စား လှယ်တွေ တက်ရောက်ကြမယ့် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနကို ရုရှားလက်အောက်ခံ နိုင်ငံတွေကို ဖိတ်ကြားထားတာမရှိတာကြောင့် “ မဖိတ်ရင် မတက်ဘူး “ လို့ စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက သူနဲ့ပနံသင့်တဲ့ သတင်းထောက်တွေကို ပြောဆိုလိုက်တယ်လို့ The Nation Voice က စုံစမ်းသိရှိရပါတယ်။
အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနကို နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပေမယ့် အဲဒီအခမ်းအနားကို မြန်မာ၊ ရုရှားနဲ့ ဘယ်လာရုဇ်တို့က ကိုယ်စားလှယ်တွေကို မဖိတ်ကြားထားဘူးလို့ ယူကေအစိုးရရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင် စီကို အသိအမှတ်မပြုဘဲ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းကြီးတွေ၊ လူပုဂ္ဂိုလ်တွေကို ယူကေက အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံထဲမှာရှိနေတဲ့ သံအမတ်ဟောင်းကိုလည်း ဖမ်းဆီးထောင်ချထားတာကိုပြုလုပ်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို သံအဆင့်လျှော့ချ ဆက် ဆံမှုနဲ့ ပတ်သက်ပြီး ဗြိတိန်သံရုံးတာဝန်ခံ ပိဗိုးဇ်ကို စစ်ကောင်စီက မြန်မာနိုင်ငံထဲက အတင်းအကျပ်မောင်းထုတ်တာတွေကို ပြုလုပ်ခဲ့ပါသေးတယ်။
လန်ဒန်မှာ ပြုလုပ်မယ့် ဘုရင်မကြီးရဲ့ ဈာပနကို နိုင်ငံတကာက ကိုယ်စားလှယ် (၅၀၀) လောက် တက်ရောက်ဖို့ ရှိနေပြီး အဲဒီထဲမှာ ဗြိတိန်နဲ့ သံတမန် ဆက်သွယ်ရေး ရှိတဲ့ နိုင်ငံအများစုက နိုင်ငံခေါင်းဆောင်တွေ စေလွှတ်ကြဖို့ ရှိပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အဂၤလန္ဘုရင္မႀကီးရဲ႕ ဈာပနကို “မဖိတ္ရင္ မတက္ဘူးေပါ့” လို႔ ေဇာ္မင္းထြန္းက ခပ္ေခ်ေခ်နဲ႕ေျပာ
ကမာၻ႔နိုင္ငံအသီးသီးက ေခါင္းေဆာင္ေတြ၊ ကိုယ္စား လွယ္ေတြ တက္ေရာက္ၾကမယ့္ အဲလစ္ဇဘက္ ဘုရင္မႀကီးရဲ႕ စ်ာပနကို ႐ုရွားလက္ေအာက္ခံ နိုင္ငံေတြကို ဖိတ္ၾကားထားတာမရွိတာေၾကာင့္ “ မဖိတ္ရင္ မတက္ဘူး “ လို႔ စစ္ေကာင္စီျပန္ၾကားေရး ေဇာ္မင္းထြန္းက သူနဲ႕ပနံသင့္တဲ့ သတင္းေထာက္ေတြကို ေျပာဆိုလိုက္တယ္လို႔ The Nation Voice က စုံစမ္းသိရွိရပါတယ္။
အဲလစ္ဇဘက္ ဘုရင္မႀကီးရဲ႕ ဈာပနကို နိုင္ငံတကာက ေခါင္းေဆာင္ေတြ တက္ေရာက္ၾကမွာ ျဖစ္ေပမယ့္ အဲဒီအခမ္းအနားကို ျမန္မာ၊ ႐ုရွားနဲ႕ ဘယ္လာ႐ုဇ္တို႔က ကိုယ္စားလွယ္ေတြကို မဖိတ္ၾကားထားဘူးလို႔ ယူေကအစိုးရရဲ႕ သတင္းရင္းျမစ္ကို ကိုးကားၿပီး ရိုက္တာသတင္းက ေဖာ္ျပထားပါတယ္။
ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္ စီကို အသိအမွတ္မျပဳဘဲ စစ္တပ္နဲ႕ စစ္ေခါင္းေဆာင္ေတြ၊ စစ္တပ္နဲ႕ ဆက္ႏႊယ္ေနတဲ့ လုပ္ငန္းႀကီးေတြ၊ လူပုဂၢိဳလ္ေတြကို ယူေကက အေရးယူ ပိတ္ဆို႔မႈေတြျပဳလုပ္ခဲ့သလို စစ္ေကာင္စီဘက္ကလည္း ျမန္မာနိုင္ငံထဲမွာရွိေနတဲ့ သံအမတ္ေဟာင္းကိုလည္း ဖမ္းဆီးေထာင္ခ်ထားတာကိုျပဳလုပ္ခဲ့ပါတယ္။
ၿဗိတိန္နိုင္ငံက ျမန္မာနိုင္ငံကို သံအဆင့္ေလွ်ာ့ခ် ဆက္ ဆံမႈနဲ႕ ပတ္သက္ၿပီး ၿဗိတိန္သံ႐ုံးတာဝန္ခံ ပိဗိုးဇ္ကို စစ္ေကာင္စီက ျမန္မာနိုင္ငံထဲက အတင္းအက်ပ္ေမာင္းထုတ္တာေတြကို ျပဳလုပ္ခဲ့ပါေသးတယ္။
လန္ဒန္မွာ ျပဳလုပ္မယ့္ ဘုရင္မႀကီးရဲ႕ စ်ာပနကို နိုင္ငံတကာက ကိုယ္စားလွယ္ (၅၀၀) ေလာက္ တက္ေရာက္ဖို႔ ရွိေနၿပီး အဲဒီထဲမွာ ၿဗိတိန္နဲ႕ သံတမန္ ဆက္သြယ္ေရး ရွိတဲ့ နိုင္ငံအမ်ားစုက နိုင္ငံေခါင္းေဆာင္ေတြ ေစလႊတ္ၾကဖို႔ ရွိပါတယ္။
Leave a Reply