တစ်နိုင်ငံလုံးက လေးစားရတဲ့ သူရဲကောင်းကြီး၊ တစ်နိုင်ငံလုံးက အားပေးချစ်ခင်ရတဲ့ အဆိုတော်ကြီး ဇေယျာသော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော် ကွယ်လွန်သွားခဲ့ပေမယ့် ဇေယျာသော်ရဲ့ဇနီး အဆိုတော် T-Zin ကတော့ ခင်ပွန်းသည်အစား
စစ်အာဏာရှင်လူတစ်စုနဲ့ လက်ပါးစေတွေကို ဆက်လက်ပြီး တော်လှန်နေလျက်ရှိပြီး သူမရဲ့အမြင်တွေကိုလည်း ရဲရဲဝံ့ဝံ့ချပြနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာလည်း ဇေယျာသော်ရဲ့အမျိုးသမီး T-Zin ဟာ
ပြည်သူတွေရဲ့မေတ္တာကိုရရှိဖို့ ဘုရားတရားလုပ်ပြနေတဲ့ လူအချို့နဲ့ပတ်သက်ပြီး “ဘုရားတရားလုပ်ပြတိုင်း လေးစားတဲ့ခေတ်မဟုတ်တော့တာ မသိကြဘူး။ သင်္ကန်းဝတ်ထားတိုင်း
ဇွတ်ကြည်ညိုတဲ့ခေတ်မဟုတ်တော့ဘူး။ ၈၈ကစောက်ချိုးတွေ၂၁မှာလာမချိုးနဲ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဇေယျာသော်ကတော့ “ဒီမိုကရေစီယုံကြည်ချက်” အတွက်
အသက်ကိုတောင်စတေးခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ ဇနီးသည် T-Zin ဟာလည်း ခင်ပွန်းဖြစ်သူရဲ့ မဆုံးသေးတဲ့ ပန်းတိုင်ဆီရောက်ဖို့ ကြိုးစားနေလျက်ရှိတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply