အိန္ဒိယရဲ့ ဆန်မူဝါဒ အသစ်ကြောင့်၊ မြန်မာ့ဆန် ပြည်ပမှာ ဈေးကောင်းရပြီး ပြည်တွင်း ဆန်ဈေးတွေ ထပ်တက်မည်၊ ကြိုတင် ပြင်ဆင်ထားကြပါတော့…

ဆန်တင်ပို့မှုများကို ထိန်းချုပ်ကန့်သတ်မယ့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများကို မြင့်တက်စေဖွယ်ရှိလာနေပြီး အဓိက ဆန်တင်ပို့သူ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့တွင် ဆန်ဈေးနှုန်းများက မြင့်တက်လိမ့်မည် ဖြစ် ကြောင်း ကုန်သည်များနှင့် ဆန်စပါးဈေးကွက် ကျွမ်း ကျင်သူများက သုံးသပ်နေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ဆန်ကွဲတင်ပို့မှုများအပေါ် ပိတ်ပင်ပြီး ဆန်အမျိုးအစား အမျိုးမျိုး ပြည်ပတင်ပို့မှုများအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပျမ်းမျှအောက် လျော့နည်းခဲ့သည့် မုတ်သုံမိုးရေချိန်ကြောင့် စိုက်ပျိုးမှုအပေါ် လျော့ကျစေခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးသော ဆန်စပါး တင်ပို့သူနိုင်ငံဖြစ်သည့် အိန္ဒိယသည် ထုတ် လုပ်ဖြည့်ဆည်းမှုများကို တိုးပွားစေရန်နှင့် ပြည်တွင်းဈေးနှုန်းများကို တည်ငြိမ်စေရန် ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ နိုင်ငံတကာ ဆန်စပါးအရေး လေ့လာသူတွေက ဆိုပါတယ်။

အိန္ဒိယ၏ ဆန်တင်ပို့မှုက ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်း ကျော်ရှိသလို ကမ္ဘာ့ဈေးကွက်တွင် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာတို့နှင့် ယှဉ်ပြိုင်နေတာပါ။

ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်သည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်မတိုင်မီ မြန်မာရှိ ၅ ရာခိုင်နှုန်းဆန်ကွဲက တစ်တန်လျှင် ဒေါ်လာ ၃၉၀ ၊ ၃၉၅ ခန့်ဖြင့် ဈေးခေါ်ခဲ့သည်။ အိန္ဒိယတွင် ၅ ရာခိုင်နှုန်း ဆန်ကွဲဖြူ ဈေးနှုန်းများက တစ်တန်လျင် ၃၄၈ ဒေါ်လာခန့်ဖြင့် ဈေးခေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းပဲ ထိုင်းနှင့် ဗီယက်နမ်တို့သည် ဈေး နှုန်းများ တိုးမြှင့်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။ ယင်းက ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ အရှိန်အဝါကို တိုးမြှင့်ရန်နှင့် တောင်သူများ၏ ဝင်ငွေကို တိုးတက်စေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်လာပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းဆန်ဈေးမြင့်တက်နေမှုမှာ လေးပုံတစ်ပုံခန့် ဆန်ချောတစ်အိတ်ပျမ်းမျှ ၂ သောင်းကျော် တက်သွားကာ ဆန်ကြမ်းတစ်အိတ်ပျမ်းမျှ ရှစ်ထောင်နဲ့ တစ်သောင်းကြားတက်သွားတယ်လို့ ဈေး ကွက်အတွင်းက သိရှိရပါတယ်။ ပြည်သူတစ်ဦးက တော့ “ဆန်ဈေးတက်နေတာ ကြည့်ကြပ်လုပ်ပေးပါအုံး ပြည်တွင်းဒုက္ခခက်ခဲနေရင် ပြည်ပကို မပို့ဘဲ လူလို နေထိုင်နိုင်ဖို့ ကို့ပြည်သူကိုပြန်ကြည့်ကြပါ” လို့ လက်ရှိ ၎င်းတို့ ဆန်ဝယ်ယူစားသောက်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောပါတယ်။

ဆန်စပါး ကုန်သည်တစ်ဦးကလည်း “ပြည်ပကို ထိန်းရောင်းစေချင်တယ် ပြည်တွင်းမှာ ဒီနှစ် အထွက်နှုန်းနည်းမှာ ဆန်ဈေးက တက်ဖို့ဘဲရှိတယ် အခြေခံ လူတန်းစားတွေအဖို့ အဆင်မပြေနိုင်လောက်ဘူး” လို့ သူ့အမြင်ကို ပြောပါတယ်။

ဆန်ဈေးမြင့်တက်မှုကို ထိန်းညှိတဲ့ အနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းကနေ တစ်အိမ်လျှင် ဆန်တစ်အိတ် နှုန်းဖြင့် သက်သာသောနှုန်ထားဖြင့် ဩဂုတ်လမှစ၍ ရောင်းချပေးနေပါတယ်။

ပြည်ပသို့ ဆန်တင်ပို့နေတဲ့ ကုန်သည်ကြီးတစ်ဦးက “ဆန်ကို ဖြေးဖြေးရောင်းကြပါ။ အိန္ဒိယဆိုတာ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ သူတို့က စကွဲတင်ပို့မှုကို ရပ်ထားတယ် ဆန်တင်ပို့တာကို အခွန် ၂၀ ရာ ခိုင်နှုန်း သတ်မှတ်လိုက်တော့ မြန်မာအပါအဝင် ဆန်တင်ပို့တဲ့နိုင်ငံတွေအတွက် ဈေးကောင်းရမဲ့သဘောပဲ” လို့ သူ့အမြင်ကို မှတ်ချက်ပေး ပြောပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ၈ လတာကာလအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် တစ်သန်းခွဲကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားပါတယ်။ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကုမ္ပဏီ ၄၄ ခုက သင်္ဘောဖြင့်သော်လည်း၊ နယ်စပ် လမ်းကြောင်းမှ လည်းကောင်း ပြည်ပနိုင်ငံတွေကိုတင်ပို့ထားပြီး တစ်လကို ပျမ်းမျှ တန်ချိန် တစ်သိန်းကျော်မှ နှစ်သိန်း ခွဲဝန်းကျင်အထိ တင်ပို့နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

မြန်မာလယ်ယာထွက်ကုန်တွေမှာ ဆန်ဟာ ပြည်ပဝင်ငွေအများဆုံးရှာဖွေပေးနေတဲ့ ပို့ကုန်တစ်မျိုးဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်ပဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၅၀၀၀) ခန့်အထိ ပိုမိုရရှိရန် မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရှိရပါတယ်။ (MFN)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အိႏၵိယရဲ႕ ဆန္မူဝါဒ အသစ္ေၾကာင့္၊ ျမန္မာ့ဆန္ ျပည္ပမွာ ေဈးေကာင္းရၿပီး ျပည္တြင္း ဆန္ေဈးေတြ ထပ္တက္မည္..

ဆန္တင္ပို႔မႈမ်ားကို ထိန္းခ်ဳပ္ကန႔္သတ္မယ့္ အိႏၵိယ၏ ဆုံးျဖတ္ခ်က္ေၾကာင့္ ကမာၻ႔ဆန္ေဈးႏႈန္းမ်ားကို ျမင့္တက္ေစဖြယ္ရွိလာေနၿပီး အဓိက ဆန္တင္ပို႔သူ နိုင္ငံမ်ားျဖစ္သည့္ အိႏၵိယ၊ ထိုင္း၊ ဗီယက္နမ္ႏွင့္ ျမန္မာတို႔တြင္ ဆန္ေဈးႏႈန္းမ်ားက ျမင့္တက္လိမ့္မည္ ျဖစ္ ေၾကာင္း ကုန္သည္မ်ားႏွင့္ ဆန္စပါးေဈးကြက္ ကြၽမ္း က်င္သူမ်ားက သုံးသပ္ေနၾကပါတယ္။

အိႏၵိယနိုင္ငံဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ ရက္ေန႕က ဆန္ကြဲတင္ပို႔မႈမ်ားအေပၚ ပိတ္ပင္ၿပီး ဆန္အမ်ိဳးအစား အမ်ိဳးမ်ိဳး ျပည္ပတင္ပို႔မႈမ်ားအေပၚ အခြန္ ၂၀ ရာခိုင္ႏႈန္း ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။ ပ်မ္းမွ်ေအာက္ ေလ်ာ့နည္းခဲ့သည့္ မုတ္သုံမိုးေရခ်ိန္ေၾကာင့္ စိုက္ပ်ိဳးမႈအေပၚ ေလ်ာ့က်ေစခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးေသာ ဆန္စပါး တင္ပို႔သူနိုင္ငံျဖစ္သည့္ အိႏၵိယသည္ ထုတ္ လုပ္ျဖည့္ဆည္းမႈမ်ားကို တိုးပြားေစရန္ႏွင့္ ျပည္တြင္းေဈးႏႈန္းမ်ားကို တည္ၿငိမ္ေစရန္ ႀကိဳးပမ္းေနျခင္းျဖစ္တယ္လို႔ နိုင္ငံတကာ ဆန္စပါးအေရး ေလ့လာသူေတြက ဆိုပါတယ္။

အိႏၵိယ၏ ဆန္တင္ပို႔မႈက ကမာၻ႔ဆန္တင္ပို႔မႈ၏ ၄၀ ရာခိုင္ႏႈန္း ေက်ာ္ရွိသလို ကမာၻ႔ေဈးကြက္တြင္ ထိုင္း၊ ဗီယက္နမ္၊ ပါကစၥတန္၊ ျမန္မာတို႔ႏွင့္ ယွဥ္ၿပိဳင္ေနတာပါ။

ျပည္ပတင္ပို႔မႈအေပၚ ကန႔္သတ္သည့္ အိႏၵိယ၏ ဆုံးျဖတ္ခ်က္မတိုင္မီ ျမန္မာရွိ ၅ ရာခိုင္ႏႈန္းဆန္ကြဲက တစ္တန္လွ်င္ ေဒၚလာ ၃၉၀ ၊ ၃၉၅ ခန႔္ျဖင့္ ေဈးေခၚခဲ့သည္။ အိႏၵိယတြင္ ၅ ရာခိုင္ႏႈန္း ဆန္ကြဲျဖဴ ေဈးႏႈန္းမ်ားက တစ္တန္လ်င္ ၃၄၈ ေဒၚလာခန႔္ျဖင့္ ေဈးေခၚခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းပဲ ထိုင္းႏွင့္ ဗီယက္နမ္တို႔သည္ ေဈး ႏႈန္းမ်ား တိုးျမႇင့္ရာတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူထားသည္။ ယင္းက ကမာၻ႔ေဈးကြက္တြင္ ၎တို႔၏ အရွိန္အဝါကို တိုးျမႇင့္ရန္ႏွင့္ ေတာင္သူမ်ား၏ ဝင္ေငြကို တိုးတက္ေစရန္ ရည္႐ြယ္သည့္ လုပ္ေဆာင္ခ်က္တစ္ရပ္ ျဖစ္လာပါတယ္။

လက္ရွိမွာေတာ့ ျပည္တြင္းဆန္ေဈးျမင့္တက္ေနမႈမွာ ေလးပုံတစ္ပုံခန႔္ ဆန္ေခ်ာတစ္အိတ္ပ်မ္းမွ် ၂ ေသာင္းေက်ာ္ တက္သြားကာ ဆန္ၾကမ္းတစ္အိတ္ပ်မ္းမွ် ရွစ္ေထာင္နဲ႕ တစ္ေသာင္းၾကားတက္သြားတယ္လို႔ ေဈး ကြက္အတြင္းက သိရွိရပါတယ္။ ျပည္သူတစ္ဦးက ေတာ့ “ဆန္ေဈးတက္ေနတာ ၾကည့္ၾကပ္လုပ္ေပးပါအုံး ျပည္တြင္းဒုကၡခက္ခဲေနရင္ ျပည္ပကို မပို႔ဘဲ လူလို ေနထိုင္နိုင္ဖို႔ ကို႔ျပည္သူကိုျပန္ၾကည့္ၾကပါ” လို႔ လက္ရွိ ၎တို႔ ဆန္ဝယ္ယူစားေသာက္ေနရတဲ့ အေျခအေနနဲ႕ ပတ္သက္လို႔ ေျပာပါတယ္။

ဆန္စပါး ကုန္သည္တစ္ဦးကလည္း “ျပည္ပကို ထိန္းေရာင္းေစခ်င္တယ္ ျပည္တြင္းမွာ ဒီႏွစ္ အထြက္ႏႈန္းနည္းမွာ ဆန္ေဈးက တက္ဖို႔ဘဲရွိတယ္ အေျခခံ လူတန္းစားေတြအဖို႔ အဆင္မေျပနိုင္ေလာက္ဘူး” လို႔ သူ႕အျမင္ကို ေျပာပါတယ္။

ဆန္ေဈးျမင့္တက္မႈကို ထိန္းညွိတဲ့ အေနနဲ႕ ျမန္မာနိုင္ငံဆန္စပါးအသင္းကေန တစ္အိမ္လွ်င္ ဆန္တစ္အိတ္ ႏႈန္းျဖင့္ သက္သာေသာႏႈန္ထားျဖင့္ ဩဂုတ္လမွစ၍ ေရာင္းခ်ေပးေနပါတယ္။

ျပည္ပသို႔ ဆန္တင္ပို႔ေနတဲ့ ကုန္သည္ႀကီးတစ္ဦးက “ဆန္ကို ေျဖးေျဖးေရာင္းၾကပါ။ အိႏၵိယဆိုတာ ကမာၻေပၚမွာ ဆန္တင္ပို႔မႈ အမ်ားဆုံးနိုင္ငံ သူတို႔က စကြဲတင္ပို႔မႈကို ရပ္ထားတယ္ ဆန္တင္ပို႔တာကို အခြန္ ၂၀ ရာ ခိုင္ႏႈန္း သတ္မွတ္လိုက္ေတာ့ ျမန္မာအပါအဝင္ ဆန္တင္ပို႔တဲ့နိုင္ငံေတြအတြက္ ေဈးေကာင္းရမဲ့သေဘာပဲ” လို႔ သူ႕အျမင္ကို မွတ္ခ်က္ေပး ေျပာပါတယ္။

၂၀၂၂ခုႏွစ္ ဇန္နဝါရီ ၁ ရက္ကေန ၾသဂုတ္ ၃၁ ရက္အထိ ၈ လတာကာလအတြင္း ဆန္နဲ႕ ဆန္ကြဲ တန္ခ်ိန္ တစ္သန္းခြဲေက်ာ္ တင္ပို႔ထားတယ္လို႔ ျမန္မာနိုင္ငံဆန္စပါး အသင္းခ်ဳပ္မွ ထုတ္ျပန္ထားပါတယ္။ ျပည္ပသို႔ ဆန္တင္ပို႔ရာတြင္ ကုမၸဏီ ၄၄ ခုက သေဘၤာျဖင့္ေသာ္လည္း၊ နယ္စပ္ လမ္းေၾကာင္းမွ လည္းေကာင္း ျပည္ပနိုင္ငံေတြကိုတင္ပို႔ထားၿပီး တစ္လကို ပ်မ္းမွ် တန္ခ်ိန္ တစ္သိန္းေက်ာ္မွ ႏွစ္သိန္း ခြဲဝန္းက်င္အထိ တင္ပို႔ေနျခင္းျဖစ္တယ္လို႔ သိရွိရပါတယ္။

ျမန္မာလယ္ယာထြက္ကုန္ေတြမွာ ဆန္ဟာ ျပည္ပဝင္ေငြအမ်ားဆုံးရွာေဖြေပးေနတဲ့ ပို႔ကုန္တစ္မ်ိဳးျဖစ္ၿပီး လာမယ့္ ၂၀၂၅ ခုႏွစ္မွာ ျပည္ပဆန္တင္ပို႔မႈကေန အေမရိကန္ေဒၚလာ သန္းေပါင္း (၁၅၀၀၀) ခန႔္အထိ ပိုမိုရရွိရန္ ေမွ်ာ္မွန္းထားတယ္လို႔ ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရွိရပါတယ္။ (MFN)

Be the first to comment

Leave a Reply

Your email address will not be published.


*