
မိတ်ဆွေတို့ရေ ခိုင်သဇင်ငုဝါကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခုနောက်ပိုင်းမှာတော့ ခိုင်သဇင်ငုဝါက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေပိုမိုရရှိခဲ့ပါသေးတယ်။ ဒီနေ့ စက်တင်ဘာလ (၁၃)ရက်နေ့လေးကတော့
သရုပ်ဆောင် မင်းသမီးချောလေး ခိုင်သဇင်ငုဝါရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာ သူမက အသက် (၂၈)နှသစ်ပြည့်မြောက်သွားခဲ့တဲ့ မွေးနေ့လေးကျရောက်ခဲ့တာပဲဖြစ်ပါတယ်။
ခိုင်သဇင်ငုဝါကတော့ ဒီနေ့သူ့ရဲ့ မွေးနေ့လေးမှာ “28 နှစ်ပြည့် မွေးနေ့အတွက် ခွေးစာ ဌက်စာနဲ့ ငါးစာကျွေးတဲ့အလှူလေးဘဲ လုပ်ဖြစ်ပါတယ်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါသေးတယ်။
မိတ်ဆွေတို့ရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ခိုင်သဇင်ငုဝါရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply