ကမ္ဘာ့ငွေကြေးဖောင်းပွမှု အမြင့်ဆုံး (၅) နိုင်ငံထဲတွင် မြန်မာ ပါဝင်လာ၊ ဘိုတုကြောင့် ကမ္ဘာကျော်ပါပြီ

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှုန်းထားဟာ ၁၂၇ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး (၅) နိုင်ငံထဲကို ပါဝင်သွားပြီးလို့ သိရပါတယ်။

အဆိုပါ စစ်တမ်းကို အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဟန့်ခ်က ပြုစုခဲ့တာ ဖြစ်ပြီး နှစ်စဉ် ထုတ်ပြန်လေ့ ရှိတာ ဖြစ်ပါတယ်။ကမ္ဘာ့ငွေကြေး အဖောင်းပွဆုံးနိုင်ငံဇယားရဲ့ ထိပ်ဆုံးမှာတော့ အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံက ငွေကြေး ဖောင်းပွမှု ၄၇၇ ရာခိုင်နှုန်းနဲ့ တည်ရှိနေပါတယ်။

အဲဒီနောက်မှာ ကျူးဘားနိုင်ငံက ၁၅၈ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လက်ဘနွန် နိုင်ငံက ၁၃၆ ရာခိုင်နှုန်းနဲ့ တတိယ၊ တူရကီနိုင်ငံက ၁၃၄ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ အသီးသီး ရှိနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှုန်းဟာ ဒေဝါလီခံသွားရတဲ့ သီရိလင်္ကာနိုင်ငံထက် ၂၁ ရာခိုင်နှုန်းခန့် ပိုမိုနေတာကို ထူးဆန်းစွာ တွေ့ရှိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားခဲ့ရတဲ့နောက် ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ စီးပွားရေးအဖွဲ့များက မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေး အလား အလာကို မှန်းဆလို့ မရနိုင်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုး အလွန်အမင်း လျော့ကျလာမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းထားတွေလည်း နှစ်ဆကျော် တိုးတက်လာကာ အာဏာသိမ်းပြီး တနှစ်ခွဲ ကြာမြင့်ချိန်မှာပင် ကမ္ဘာ့ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ၅ နိုင်ငံစာရင်းအတွင်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝင်ငွေလျော့ကျလာခင်း စတဲ့ အချက်တွေကြောင့် ပြည်သူများအနေနဲ့ အခ က်အခဲ အကျပ်အတည်းများ အများအပြား ရင်ဆိုင်တွေ့ရလျက် ရှိပြီး ဒုစရိုက်မှုများလည်း ပေါများလာကာ မြန်မာနိုင်ငံအနေနဲ့ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်ခန့်မှန်း နေကြပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျမန္မာနိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈ ႏႈန္းထားဟာ ၁၂၇ ရာခိုင္ႏႈန္းကို ေရာက္ရွိခဲ့ၿပီး ဗင္နီဇြဲလားနိုင္ငံကို ေက်ာ္လြန္ၿပီး ကမာၻ႔ေငြေၾကးအေဖာင္းပြဆုံး (၅) နိုင္ငံထဲကို ပါဝင္သြားၿပီးလို႔ သိရပါတယ္။

အဆိုပါ စစ္တမ္းကို အေမရိကန္နိုင္ငံ ဂြၽန္ေဟာ့ကင္း တကၠသိုလ္က စီးပြားေရးပါေမာကၡ ဟန႔္ခ္က ျပဳစုခဲ့တာ ျဖစ္ၿပီး ႏွစ္စဥ္ ထုတ္ျပန္ေလ့ ရွိတာ ျဖစ္ပါတယ္။ကမာၻ႔ေငြေၾကး အေဖာင္းပြဆုံးနိုင္ငံဇယားရဲ႕ ထိပ္ဆုံးမွာေတာ့ အာဖရိကတိုက္ ဇင္ဘာေဘြ နိုင္ငံက ေငြေၾကး ေဖာင္းပြမႈ ၄၇၇ ရာခိုင္ႏႈန္းနဲ႕ တည္ရွိေနပါတယ္။

အဲဒီေနာက္မွာ က်ဴးဘားနိုင္ငံက ၁၅၈ ရာခိုင္ႏႈန္းနဲ႕ ဒုတိယ၊ လက္ဘႏြန္ နိုင္ငံက ၁၃၆ ရာခိုင္ႏႈန္းနဲ႕ တတိယ၊ တူရကီနိုင္ငံက ၁၃၄ ရာခိုင္ႏႈန္းနဲ႕ စတုတၳေနရာမွာ အသီးသီး ရွိေနၾကပါတယ္။

ျမန္မာနိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈ ႏႈန္းဟာ ေဒဝါလီခံသြားရတဲ့ သီရိလကၤာနိုင္ငံထက္ ၂၁ ရာခိုင္ႏႈန္းခန႔္ ပိုမိုေနတာကို ထူးဆန္းစြာ ေတြ႕ရွိရပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီး ျမန္မာနိုင္ငံရဲ႕ စီးပြားေရး ၿပိဳလဲသြားခဲ့ရတဲ့ေနာက္ ကမာၻ႔ဘဏ္တို႔လို နိုင္ငံတကာ စီးပြားေရးအဖြဲ႕မ်ားက ျမန္မာနိုင္ငံရဲ႕ အနာဂတ္စီးပြားေရး အလား အလာကို မွန္းဆလို႔ မရနိုင္ဘဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

ျမန္မာက်ပ္ေငြ တန္ဖိုး အလြန္အမင္း ေလ်ာ့က်လာမႈနဲ႕အတူ ေငြေၾကးေဖာင္းပြမႈႏႈန္းထားေတြလည္း ႏွစ္ဆေက်ာ္ တိုးတက္လာကာ အာဏာသိမ္းၿပီး တႏွစ္ခြဲ ၾကာျမင့္ခ်ိန္မွာပင္ ကမာၻ႔ေငြေၾကးေဖာင္းပြမႈ အျမင့္ဆုံး ၅ နိုင္ငံစာရင္းအတြင္း ဝင္သြားခဲ့ၿပီ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးျခင္း၊ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္း၊ ဝင္ေငြေလ်ာ့က်လာခင္း စတဲ့ အခ်က္ေတြေၾကာင့္ ျပည္သူမ်ားအေနနဲ႕ အခ က္အခဲ အက်ပ္အတည္းမ်ား အမ်ားအျပား ရင္ဆိုင္ေတြ႕ရလ်က္ ရွိၿပီး ဒုစရိုက္မႈမ်ားလည္း ေပါမ်ားလာကာ ျမန္မာနိုင္ငံအေနနဲ႕ က်ရႈံးနိုင္ငံအျဖစ္ကို ဦးတည္ေနတယ္လို႔ စီးပြားေရး ပညာရွင္မ်ားက သုံးသပ္ခန႔္မွန္း ေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*