
ရုရှားသမ္မတပူတင်အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် မော်စကိုနှင့်စိန့်ပီတာဘတ်မှ အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက တောင်းဆိုလိုက်ကြကြောင်း မော်စကိုတိုင်းမ်က သတင်းဖော်ပြသည်။
မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့များမှ အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ စက်တင် ဘာလ ၁၂ ရက်နေ့ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုကြခြင်းဖြစ်ပြီး ရွေးကောက် ပွဲတွင် မဲမသမာမှုလုပ်ခြင်းနှင့် ကျရှုံးနေသည့် မအောင်မြင်သော ယူကရိန်း ကျူး ကျော်စစ်ကြောင့် နုတ်ထွက်ရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ယူကရိန်းက ရုရှား၏ ကျူးကျော်စစ်ကို တန်ပြန် ထိုးစစ်ဆင်ကာ ရုရှားသိမ်းပိုက်ခဲ့သော နယ်မြေများကို ပြန်လည် ရယူနေချိန်လည်းဖြစ်သည်။
ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သူများကို အရေးယူနိုင်သော ရုရှားဥပဒေအရ သမ္မတပူတင် နုတ်ထွက်ရေး တောင်းဆိုသောအရာရှိများအနေဖြင့် အရေးယူ အပြစ်ပေးခံရနိုင်သော အန္တရာယ်များ ကြုံတွေ့ရဖွယ်ရှိနေသည်။
“သမ္မတပူတင်ရဲ့ လုပ်ရပ်တွေဟာ ရုရှား နိုင်ငံသားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေပါတယ်” ဟု စိန့်ပီတာစဘတ်မြို့၊ Semyonovsky ခရိုင် အုပ်ချုပ်ရေး အရာရှိ Ksenia Torstrem က သူ၏ Twitter လူမှုကွန်ရက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။
“ရုရှားဖက်ဒရေးရှင်းသမ္မတ ရာထူးကနေ ဗလာဒီမာပူတင်ကို နုတ်ထွက်ပေးဖို့ ကျနော် တို့ တောင်းဆိုပါတယ်” ဟု အုပ်ချုပ်ရေးအရာရှိ ၁၉ ဦး လက်မှတ်ရေးထိုးထားသော ကြေညာချက်တွင် ဖော်ပြထားသည်။
“နောက်ထပ် လက်မှတ်ပေါင်း ၈၄ ခုကို လက်ခံရရှိထားပါတယ်။ လက်မှတ်တွေကို ကျနော်တို့ စိစစ်နေပါတယ်။ ” ဟု Torstrem က ရေးသားခဲ့သည်။
လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ Golos က ရုရှားနိုင်ငံ၏ ဒေသနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ရုရှားသမ္မတပူတင် လိုလားသော ကိုယ်စားလှယ်လောင်းများက မဲလိမ်၊ မဲခိုးမှု အပါအဝင် မဲမသမာမှု ဒါဇင်ပေါင်းမျာစွာ ကျူးလွန်ကြောင်း သတင်း ထုတ်ပြန်ကြေညာသည်။
စိန့်ပီတာစဘတ်မြို့ Smolninskoye ခရိုင်မှ အုပ်ချုပ်ရေးအရာရှိ Dmitry Palyuga ကလည်း ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့သော ရုရှားသမ္မတကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖြုတ်ချရန် ရုရှားလွှတ်တော်သို့ ယခင်အပတ်က တောင်းဆိုခဲ့သည်။
အဆိုပါတောင်းဆိုမှု ကြောင့် အုပ်ချုပ်ရေးအရာရှိ Palyuga ကို ရုရှားစစ်တပ်အပေါ် “အသရေပျက်စေသော” စွဲချက်ဖြင့် ရဲစခန်းသို့ ဆင့်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
႐ုရွားသမၼတ ပူတင္ ႏုတ္ထြက္ေပးရန္ အုပ္ခ်ဳပ္ေရးအရာရွိ ၁၉ ဦးက ေတာင္းဆို ၊ နိုင္ငံေတာ္ သစၥာေဖာက္မႈျဖင့္ လႊတ္ေတာ္က သမၼတပူတင္ကို စြဲခ်က္တင္ ျဖဳတ္ခ်ရန္ အုပ္ခ်ဳပ္ေရးအရာရွိ Dmitry Palyuga က တင္ျပခဲ့
႐ုရွားသမၼတပူတင္အေနျဖင့္ ရာထူးမွ ႏုတ္ထြက္ေပးရန္ ေမာ္စကိုႏွင့္စိန႔္ပီတာဘတ္မွ အုပ္ခ်ဳပ္ေရးအရာရွိ ၁၉ ဦးက ေတာင္းဆိုလိုက္ၾကေၾကာင္း ေမာ္စကိုတိုင္းမ္က သတင္းေဖာ္ျပသည္။
ေမာ္စကိုႏွင့္ စိန႔္ပီတာစဘတ္ၿမိဳ႕မ်ားမွ အုပ္ခ်ဳပ္ေရးအရာရွိ ၁၉ ဦးက ႐ုရွားသမၼတ ဗလာဒီမာပူတင္ထံသို႔ စက္တင္ ဘာလ ၁၂ ရက္ေန႕ ေပးပို႔ခဲ့သည့္ အိတ္ဖြင့္ေပးစာတြင္ ရာထူးမွႏုတ္ထြက္ရန္ ေတာင္းဆိုၾကျခင္းျဖစ္ၿပီး ေ႐ြးေကာက္ ပြဲတြင္ မဲမသမာမႈလုပ္ျခင္းႏွင့္ က်ရႈံးေနသည့္ မေအာင္ျမင္ေသာ ယူကရိန္း က်ဴး ေက်ာ္စစ္ေၾကာင့္ ႏုတ္ထြက္ရန္ ေတာင္းဆိုၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ ယူကရိန္းက ႐ုရွား၏ က်ဴးေက်ာ္စစ္ကို တန္ျပန္ ထိုးစစ္ဆင္ကာ ႐ုရွားသိမ္းပိုက္ခဲ့ေသာ နယ္ေျမမ်ားကို ျပန္လည္ ရယူေနခ်ိန္လည္းျဖစ္သည္။
ယူကရိန္းက်ဴးေက်ာ္စစ္ကို ဆန႔္က်င္သူမ်ားကို အေရးယူနိုင္ေသာ ႐ုရွားဥပေဒအရ သမၼတပူတင္ ႏုတ္ထြက္ေရး ေတာင္းဆိုေသာအရာရွိမ်ားအေနျဖင့္ အေရးယူ အျပစ္ေပးခံရနိုင္ေသာ အႏၲရာယ္မ်ား ႀကဳံေတြ႕ရဖြယ္ရွိေနသည္။
“သမၼတပူတင္ရဲ႕ လုပ္ရပ္ေတြဟာ ႐ုရွား နိုင္ငံသားေတြရဲ႕ အနာဂတ္ကို ဖ်က္ဆီးေနပါတယ္” ဟု စိန႔္ပီတာစဘတ္ၿမိဳ႕၊ Semyonovsky ခရိုင္ အုပ္ခ်ဳပ္ေရး အရာရွိ Ksenia Torstrem က သူ၏ Twitter လူမႈကြန္ရက္တြင္ ေဖာ္ျပထားေသာ သမၼတထံေပးပို႔သည့္ အိတ္ဖြင့္ေပးစာတြင္ ေရးသားထားသည္။
“႐ုရွားဖက္ဒေရးရွင္းသမၼတ ရာထူးကေန ဗလာဒီမာပူတင္ကို ႏုတ္ထြက္ေပးဖို႔ က်ေနာ္ တို႔ ေတာင္းဆိုပါတယ္” ဟု အုပ္ခ်ဳပ္ေရးအရာရွိ ၁၉ ဦး လက္မွတ္ေရးထိုးထားေသာ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
“ေနာက္ထပ္ လက္မွတ္ေပါင္း ၈၄ ခုကို လက္ခံရရွိထားပါတယ္။ လက္မွတ္ေတြကို က်ေနာ္တို႔ စိစစ္ေနပါတယ္။ ” ဟု Torstrem က ေရးသားခဲ့သည္။
လြတ္လပ္ေသာ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အဖြဲ႕ Golos က ႐ုရွားနိုင္ငံ၏ ေဒသႏွင့္ ေဒသဆိုင္ရာ ေ႐ြးေကာက္ပြဲမ်ားတြင္ ႐ုရွားသမၼတပူတင္ လိုလားေသာ ကိုယ္စားလွယ္ေလာင္းမ်ားက မဲလိမ္၊ မဲခိုးမႈ အပါအဝင္ မဲမသမာမႈ ဒါဇင္ေပါင္းမ်ာစြာ က်ဴးလြန္ေၾကာင္း သတင္း ထုတ္ျပန္ေၾကညာသည္။
စိန႔္ပီတာစဘတ္ၿမိဳ႕ Smolninskoye ခရိုင္မွ အုပ္ခ်ဳပ္ေရးအရာရွိ Dmitry Palyuga ကလည္း ယူကရိန္းနိုင္ငံကို က်ဴးေက်ာ္ခဲ့ေသာ ႐ုရွားသမၼတကို နိုင္ငံေတာ္သစၥာေဖာက္မႈျဖင့္ ျဖဳတ္ခ်ရန္ ႐ုရွားလႊတ္ေတာ္သို႔ ယခင္အပတ္က ေတာင္းဆိုခဲ့သည္။
အဆိုပါေတာင္းဆိုမႈ ေၾကာင့္ အုပ္ခ်ဳပ္ေရးအရာရွိ Palyuga ကို ႐ုရွားစစ္တပ္အေပၚ “အသေရပ်က္ေစေသာ” စြဲခ်က္ျဖင့္ ရဲစခန္းသို႔ ဆင့္ေခၚခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ျပန္လႊတ္ေပးခဲ့သည္။
Leave a Reply