ဗြိတိန်ဘုရင်မကြီး နတ်ရွာစံတာကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ခွင့်မရတဲ့ အပယ်ခံ စကစ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် နတ်ရွာစံလွန်သည့် ယခုကာလအတွင်း ကမ္ဘာ့နိုင်ငံ အသီးသီး၏ အစိုးရအသီးသီးက မိမိနိုင်ငံရှိသက်ဆိုင်ရာ ဗြိတိန်သံရုံး အသီးသီးတွင် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာများ သွားရောက် ပေးအပ်၍

သံရုံးစာအုပ်များတွင် တရားဝင် လက်မှတ်များ ရေးထိုးမှတ်တမ်းပြုလျက်ရှိကြရာ စကစ အနေဖြင့် ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးသို့ သွားရောက်ခါ ဝမ်းနည်းကြောင်း ရေးထိုးခွင့် မရှိသေးဟု ဆိုသော သတင်း တရပ်ကို ကြားသိရပါသည်။

ဗြိတိန်အစိုးရက ၎င်းတို့၏သံရုံးများတွင် ဝမ်းနည်းကြောင်း လက်မှတ်လာရောက် ထိုးခွင့် မရှိသော နိုင်ငံ (၆) နိုင်ငံ ဖေါ်ပြထားရာ မြန်မာနိုင်ငံ ပါဝင်လျက်ရှိကြောင်း သိရပါတယ်။

အစိုးရတရပ် အနေဖြင့် လက်မှတ်ထိုးခွင့် မရှိစေကာမူ အများပြည်သူများအတွက် ခွင့်ပြုထားသော ဝမ်းနည်းကြောင်း စာအုပ်တွင် အများပြည်သူများ နည်းတူသာလျှင် ပါဝင် ရေးသားလက်မှတ်ထိုးခွင့်ရှိမည်ဟု သိရပါသည်။

ယင်း (၆) နိုင်ငံတွင် ရုရှား၊ ဘယ်လာရုဇ်နဲ့ မြောက်ကိုရီးယား နိုင်ငံများလဲ ပါဝင်ကြောင်း သိရပါသည်။ (BON, Source – အတွင်းသတင်း)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘက္ နတ္႐ြာစံလြန္သည့္ ယခုကာလအတြင္း ကမာၻ႔နိုင္ငံ အသီးသီး၏ အစိုးရအသီးသီးက မိမိနိုင္ငံရွိသက္ဆိုင္ရာ ၿဗိတိန္သံ႐ုံး အသီးသီးတြင္ ဝမ္းနည္းေၾကကြဲေၾကာင္း သဝဏ္လႊာမ်ား သြားေရာက္ ေပးအပ္၍

သံ႐ုံးစာအုပ္မ်ားတြင္ တရားဝင္ လက္မွတ္မ်ား ေရးထိုးမွတ္တမ္းျပဳလ်က္ရွိၾကရာ စကစ အေနျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ၿဗိတိန္သံ႐ုံးသို႔ သြားေရာက္ခါ ဝမ္းနည္းေၾကာင္း ေရးထိုးခြင့္ မရွိေသးဟု ဆိုေသာ သတင္း တရပ္ကို ၾကားသိရပါသည္။

ၿဗိတိန္အစိုးရက ၎တို႔၏သံ႐ုံးမ်ားတြင္ ဝမ္းနည္းေၾကာင္း လက္မွတ္လာေရာက္ ထိုးခြင့္ မရွိေသာ နိုင္ငံ (၆) နိုင္ငံ ေဖၚျပထားရာ ျမန္မာနိုင္ငံ ပါဝင္လ်က္ရွိေၾကာင္း သိရပါတယ္။

အစိုးရတရပ္ အေနျဖင့္ လက္မွတ္ထိုးခြင့္ မရွိေစကာမူ အမ်ားျပည္သူမ်ားအတြက္ ခြင့္ျပဳထားေသာ ဝမ္းနည္းေၾကာင္း စာအုပ္တြင္ အမ်ားျပည္သူမ်ား နည္းတူသာလွ်င္ ပါဝင္ ေရးသားလက္မွတ္ထိုးခြင့္ရွိမည္ဟု သိရပါသည္။

ယင္း (၆) နိုင္ငံတြင္ ႐ုရွား၊ ဘယ္လာ႐ုဇ္နဲ႕ ေျမာက္ကိုရီးယား နိုင္ငံမ်ားလဲ ပါဝင္ေၾကာင္း သိရပါသည္။ (BON, Source – အတြင္းသတင္း)

Be the first to comment

Leave a Reply

Your email address will not be published.


*