စစ်ကောင်စီကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကော က်ပွဲ ဖြစ်မဖြစ်ပြောဖို့စောသေးတယ်လို့ စစ်ခေါင်း ဆောင်ပြော
လက်ရှိမြန်မာနိုင်ငံရဲ့အခြေဟာ လာမယ့်ကာလတိုအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့ သုံးသပ်မိတဲ့အတွက် စစ်ကောင်စီက ကျင်းပမယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲကို ကာလတခုအထိရွေ့ဆိုင်းနိုင်ခြေနဲ့ပတ်သတ်ပြီး ရုရှနိုင်ငံရဲ့ သတင်းမီဒီယာဖြစ်တဲ့ RIA သတင်းထောက်ရဲ့ မေးမြန်မှုကို
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဖို့စောသေးတယ်လို့ မလုံမလဲအမူအယာနဲ့ ပြန်ဖြေခဲ့ပါတယ်။“ရွေးကောက်ပွဲဖြစ်ရေးမဖြစ်ရေးဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာမှု နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု သည်အပေါ်မှာလည်း အများကြီးတည်ပါတယ်။
သို့သော်လည်း တတ်နိုင်သလောက်ကျနော်တို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွ က်နေတယ်ဆိုတာ ပြောလိုပါတယ်။”“ရွေးကောက်ပွဲဆိုတာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လည်းလိုတယ်။ နောက်ပြီးကျ အပြင်ကနေပြီး ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ ဖြစ်ရပ်မျိုးမဖြစ်ဖို့လည်းလိုတယ်။
ပြည်သူတွေလွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်ရှိဖို့လိုတယ် ဒါသိပ်အရေးကြီးတယ်။ ဒါမှသာသူတို့ခံစားချက်ကို သူတို့ ဆန္ဒဖော်ထုတ်ခွင့်ရမှာဖြစ်ပါတယ်။သည်ဟာကို ကျနော်တို့ရအောင်ကြိုးစားနေတာဖြစ်ပါတယ်။”
ပြည်တွင်းတော်လှန်ရေးနဲ့ပတ်သတ်တဲ့ တည်ငြိမ်မှုနဲ့ပတ်သတ်ပြီး ဘယ်အချိန်လောက်ပြီးမြောက်နိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ပြောဖို့ခက်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Be the first to comment
Leave a Reply
Your email address will not be published.
*