“ရုရှားနိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီ တန်ချိန် (၃၀၀၀၀) ရောက်ရှိ၊ အများပြည်သူအား ရောင်းချရန် မဟုတ်” ဟုဆို..

ရုရှားနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သည့် စက်သုံးဆီ တန် (၃၀၀၀၀) မှာ စက်တင်ဘာ ၄ ရက်နေ့က ရောက်ရှိပြီ ဖြစ်သော်လည်း အများပြည်သူထံရောင်းချရန် မဟုတ်ခဲ့ကြောင်း စကစရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် မီဒီယာမှ တဆင့် ဝန်ခံပြောကြားခဲ့သည်။

အဆိုပါ စက်သုံးဆီရောက်ရှိမှုမှာ ပထမအသုတ် ရောက်ရှိခြင်းဖြစ်ပြီး သတင်းဖုံးကွယ်ထားကာ စကစ လက်အောက်ခံ ဌာနဆိုင်ရာများကို ဦးစားပေးရောင်းချခဲ့ကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံးဆီအား စက်သုံးဆီကုမ္ပဏီများကို ရောင်းချပေးရန်ရှိကြောင်း သိရသည်။

“အခုအချိန်ထိလည်း ရုရှားဆီစျေးကွက်အခြေအနေကို စကစ အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတာ မရှိသေးဘူး။ ရောက်လာတယ်ဆိုတာလည်း ခိုးကြောင်ခိုးဝှက်နဲ့။ အခု သတင်းတွေမှာပါမှ ရောက်နေပြီဆိုတာသိရတာ” ဟု စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။

ရုရှားနိုင်ငံထံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်တွင် သို လှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်ဟုသာ ဖော်ပြထားပြီး အများပြည်သူအား ရောင်းချပေးရန်ဟူ၍ ဖော်ပြထားခြင်းမရှိရာ ၎င်းတို့အကျိုးစီးပွါး အတွက်သာ ဦးစားပေး တင်သွင်းခြင်း ဖြစ်သည်။

စကစ အနေဖြင့် ရုရှားထံမှ နောက်ထပ်စက်သုံးဆီများ ထပ်မံရောက်ရှိရန်ရှိသည်ဟု ဆိုသော်လည်း ဝယ်ယူသည့်ပမာဏနှင့် စျေးနှုန်းကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။သို့သော် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူနိုင်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း ကျဆင်းကာ ကုန်စည်လည်ပတ်မှု အထောက်အကူပြုစေမည်ဟု ဝါဒဖြန့် ကြွေးကြော်ခဲ့သော်လည်း အထင်နှင့် အမြင်မှာ တခြားစီ ဖြစ်နေခဲ့သည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ရန်ကုန်မြို့ရှိ ဆိုင်များ၌ အောက်တိန်း 92 တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၀၇၅ ကျပ်ဖြင့် အမြင့်စျေးတွင် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ရေနံစိမ်းစျေးမှာ တစ်စည်လျှင် ၈၆ ဒေါ်လာရှိပြီး အကျဖက် ဦးတည်နေကြောင်း ကမ္ဘာ့စျေးကွက်သတင်းများအရ သိရသည်။ (LNK)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

“႐ုရွားနိုင္ငံမွ တင္သြင္းသည့္ စက္သုံးဆီ တန္ခ်ိန္ (၃၀၀၀၀) ေရာက္ရွိ၊ အမ်ားျပည္သူအား ေရာင္းခ်ရန္ မဟုတ္” ဟုဆို..

႐ုရွားနိုင္ငံမွ ဝယ္ယူတင္သြင္းခဲ့သည့္ စက္သုံးဆီ တန္ (၃၀၀၀၀) မွာ စက္တင္ဘာ ၄ ရက္ေန႕က ေရာက္ရွိၿပီ ျဖစ္ေသာ္လည္း အမ်ားျပည္သူထံေရာင္းခ်ရန္ မဟုတ္ခဲ့ေၾကာင္း စကစရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဇာ္မင္းထြန္းက ဝါဒျဖန့္ မီဒီယာမွ တဆင့္ ဝန္ခံေျပာၾကားခဲ့သည္။

အဆိုပါ စက္သုံးဆီေရာက္ရွိမႈမွာ ပထမအသုတ္ ေရာက္ရွိျခင္းျဖစ္ၿပီး သတင္းဖုံးကြယ္ထားကာ စကစ လက္ေအာက္ခံ ဌာနဆိုင္ရာမ်ားကို ဦးစားေပးေရာင္းခ်ခဲ့ေၾကာင္းႏွင့္ ထပ္မံဝင္ေရာက္မည့္ စက္သုံးဆီအား စက္သုံးဆီကုမၸဏီမ်ားကို ေရာင္းခ်ေပးရန္ရွိေၾကာင္း သိရသည္။

“အခုအခ်ိန္ထိလည္း ႐ုရွားဆီေစ်းကြက္အေျခအေနကို စကစ အေနနဲ႕ ပြင့္ပြင့္လင္းလင္းေျပာတာ မရွိေသးဘူး။ ေရာက္လာတယ္ဆိုတာလည္း ခိုးေၾကာင္ခိုးဝွက္နဲ႕။ အခု သတင္းေတြမွာပါမွ ေရာက္ေနၿပီဆိုတာသိရတာ” ဟု စက္သုံးဆီအေရာင္းဆိုင္ရွင္တစ္ဦးကေျပာသည္။

႐ုရွားနိုင္ငံထံမွ စက္သုံးဆီဝယ္ယူသိုေလွာင္ျဖန့္ျဖဴးေရးဦးေဆာင္ေကာ္မတီ၏ လုပ္ငန္းတာဝန္တြင္ သိုေလွာင္ထားေသာ စက္သုံးဆီမ်ားအား တပ္မေတာ္ႏွင့္ ဝန္ႀကီးဌာနအဖြဲ႕အစည္းမ်ားအား ျဖန့္ျဖဴးေပးနိုင္ေရး ေဆာင္႐ြက္ရန္ဟုသာ ေဖာ္ျပထားၿပီး အမ်ားျပည္သူအား ေရာင္းခ်ေပးရန္ဟူ၍ ေဖာ္ျပထားျခင္းမရွိရာ ၎တို႔အက်ိဳးစီးပြါး အတြက္သာ ဦးစားေပး တင္သြင္းျခင္း ျဖစ္သည္။

စကစ အေနျဖင့္ ႐ုရွားထံမွ ေနာက္ထပ္စက္သုံးဆီမ်ား ထပ္မံေရာက္ရွိရန္ရွိသည္ဟု ဆိုေသာ္လည္း ဝယ္ယူသည့္ပမာဏႏွင့္ ေစ်းႏႈန္းကိုမူ ထုတ္ေဖာ္ေျပာၾကားထားျခင္းမရွိေပ။

သို႔ေသာ္ ႐ုရွားနိုင္ငံမွ စက္သုံးဆီဝယ္ယူနိုင္ျခင္းေၾကာင့္ ျပည္တြင္းစက္သုံးဆီေစ်းႏႈန္း က်ဆင္းကာ ကုန္စည္လည္ပတ္မႈ အေထာက္အကူျပဳေစမည္ဟု ဝါဒျဖန့္ ေႂကြးေၾကာ္ခဲ့ေသာ္လည္း အထင္ႏွင့္ အျမင္မွာ တျခားစီ ျဖစ္ေနခဲ့သည္။

လက္ရွိ ျပည္တြင္းစက္သုံးဆီေစ်းႏႈန္းမွာ ရန္ကုန္ၿမိဳ႕ရွိ ဆိုင္မ်ား၌ ေအာက္တိန္း 92 တစ္လီတာလွ်င္ ၂၃၆၅ က်ပ္၊ ေအာက္တိန္း 95 တစ္လီတာလွ်င္ ၂၄၇၀ က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ ၂၉၉၀ က်ပ္ႏွင့္ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၃၀၇၅ က်ပ္ျဖင့္ အျမင့္ေစ်းတြင္ ရွိေနဆဲျဖစ္သည္။

ကမာၻ႔ေရနံစိမ္းေစ်းမွာ တစ္စည္လွ်င္ ၈၆ ေဒၚလာရွိၿပီး အက်ဖက္ ဦးတည္ေနေၾကာင္း ကမာၻ႔ေစ်းကြက္သတင္းမ်ားအရ သိရသည္။ (LNK)

Be the first to comment

Leave a Reply

Your email address will not be published.


*