
ယနေ့ နေ့လည်ပိုင်းတုန်းက မီဒီယာသမားတဦး ဖြစ်တဲ့ ဇေယျာမြတ်ခိုင် အကောင့်ကနေ ကိုယ်ပိုင် သီချင်းလေးနဲ့ ရောင်းတဲ့ ကြက်ဥပူတင်းသည်အဘ လုယက်ခံရပြီး ဆုံးသွားပြီ ဆိုတဲ့ သတင်း တက်လာပါတယ်။
သတင်းတက်လာပြီးတဲ့နောက် လူအများအပြားနဲ့ ဆယ်လီအကောင့်တချို့က မျှဝေမှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် လူမှုကွန်ရက်မှာ သတင်းပျံ့နှံ့မှု အားကောင်းခဲ့တာကို တွေ့ရပါတယ်။
သတင်း သိရရချင်း ပြည်သူများအနေနဲ့ အံ့ဩဝမ်းနည်း ယူကြုံးမရ ဖြစ်ခဲ့ကြပြီး ရန်ကုန်မြို့က ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မေးခွန်းထုတ်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် အချိန်နဲ့ တပြေးညီဆိုသလို အဘကို ယခင်က ကူညီခဲ့တဲ့ လူရွှင်တော် မိုးစက်က အဘကို တိုက်ရိုက် တွေ့ဆုံခဲ့တဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့တာကြောင့် နာရီပိုင်းအတွင်းမှာတင် သတင်းအမှား ဖြစ်ကြောင်း ပြည်သူများ သိရှိခဲ့ပါတယ်။
မူလတင်ထားသူ ဇေယျာမြတ်ခိုင်လည်း ပို့စ်ကို ပြန်ဖြုတ်ချသွားတာကို တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သတင်းအမှားများ ပျံ့နှံ့မှု အလွန် ဖြစ်ပေါ်နေတာကြောင့် ပြည်သူများ အနေနဲ့ အထူးဂရုပြုပြီးမှ မျှဝေကြဖို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။ (အဘရဲ့ လက်ရှိပုံတွေကို ဖော်ပြပေးလိုက်ပါတယ်)။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ယေန႕ ေန႕လည္ပိုင္းတုန္းက မီဒီယာသမားတဦး ျဖစ္တဲ့ ေဇယ်ာျမတ္ခိုင္ အေကာင့္ကေန ကိုယ္ပိုင္ သီခ်င္းေလးနဲ႕ ေရာင္းတဲ့ ၾကက္ဥပူတင္းသည္အဘ လုယက္ခံရၿပီး ဆုံးသြားၿပီ ဆိုတဲ့ သတင္း တက္လာပါတယ္။
သတင္းတက္လာၿပီးတဲ့ေနာက္ လူအမ်ားအျပားနဲ႕ ဆယ္လီအေကာင့္တခ်ိဳ႕က မွ်ေဝမႈေတြ ျပဳလုပ္ခဲ့ၾကတာေၾကာင့္ လူမႈကြန္ရက္မွာ သတင္းပ်ံ့ႏွံ႕မႈ အားေကာင္းခဲ့တာကို ေတြ႕ရပါတယ္။
သတင္း သိရရခ်င္း ျပည္သူမ်ားအေနနဲ႕ အံ့ဩဝမ္းနည္း ယူႀကဳံးမရ ျဖစ္ခဲ့ၾကၿပီး ရန္ကုန္ၿမိဳ႕က ျပည္သူေတြရဲ႕ လုံၿခဳံေရးအတြက္ ေမးခြန္းထုတ္မႈေတြ အမ်ားအျပား ထြက္ေပၚလာခဲ့ပါတယ္။
ဒါေပမယ့္ အခ်ိန္နဲ႕ တေျပးညီဆိုသလို အဘကို ယခင္က ကူညီခဲ့တဲ့ လူ႐ႊင္ေတာ္ မိုးစက္က အဘကို တိုက္ရိုက္ ေတြ႕ဆုံခဲ့တဲ့ ဗီဒီယိုကို လႊင့္တင္ခဲ့တာေၾကာင့္ နာရီပိုင္းအတြင္းမွာတင္ သတင္းအမွား ျဖစ္ေၾကာင္း ျပည္သူမ်ား သိရွိခဲ့ပါတယ္။
မူလတင္ထားသူ ေဇယ်ာျမတ္ခိုင္လည္း ပို႔စ္ကို ျပန္ျဖဳတ္ခ်သြားတာကို ေတြ႕ခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာ သတင္းအမွားမ်ား ပ်ံ့ႏွံ႕မႈ အလြန္ ျဖစ္ေပၚေနတာေၾကာင့္ ျပည္သူမ်ား အေနနဲ႕ အထူးဂ႐ုျပဳၿပီးမွ မွ်ေဝၾကဖို႔ တိုက္တြန္းလိုက္ပါရေစ ခင္ဗ်ာ။ (အဘရဲ႕ လက္ရွိပုံေတြကို ေဖာ္ျပေပးလိုက္ပါတယ္)။
Leave a Reply