
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ နေ့လည် ၁နာရီခွဲ ပြင်ပ ငွေကြေးဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ဝန်းကျင် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ပေါ်နေတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
လက်ရှိ ငွေလဲကောင်တာအများစုမှာ ဒေါ်လာအရော င်းအဝယ်ပြုလုပ်မှုနည်းပါးပြီးတော့ ကောင်တာတွေမှာ ဒေါ်လာဝယ်ရခက်သလို ပြင်ပဈေးကွက်မှာပဲ အရောင်း အဝယ်ပြုလုပ်မှုရှိတယ်လို့ ဒေါ်လာဝယ်ယူသူတစ်ဦးကပြောပါတယ်။
ပြင်ပဒေါ်လာဈေး ဆွဲတင်နေမှုတွေကို ထိန်းနိုင်ဖို့ နိုင်ငံ ခြားငွေ တရားမဝင်ရောင်းဝယ်နေတဲ့ အွန်လိုင်းလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ စည်းမျဉ်းတွေအရ ထိရောက်စွာအရေးယူမယ်ဆိုပြီး သြဂုတ် ၂၇ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
ဈေးကွက်ရဲ့ ဒေါ်လာလိုအပ်ချက်ကိုဖြည့်နိုင်ဖို့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးထားတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး စက်သုံးဆီနဲ့ စားသုံးဆီကဏ္ဍတွေအတွက် ဒေါ်လာလိုအပ်ချက်ရှိရင် ထပ်မံထောက်ပံ့ပေးမယ်ဆိုပြီး ထုတ်ပြန်ထားပါသေးတယ်။
လက်ရှိမှာ အမေရိကန်နိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုးက အားကောင်းနေပြီး ဒေါ်လာနဲ့လဲလှယ်တဲ့ အခြားငွေတန်ဖိုးတွေက ကျဆင်းလျက်ရှိတယ်လို့ သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ နိုင္ငံျခားေငြလဲလွယ္ႏႈန္း တစ္ေဒၚလာ ၂၁၀၀ က်ပ္ျဖစ္ၿပီး စက္တင္ဘာ ၁၂ ရက္ေန႕ ေန႕လည္ ၁နာရီခြဲ ျပင္ပ ေငြေၾကးေဈးကြက္ထဲမွာ တစ္ေဒၚလာကို က်ပ္ ၃၅၀၀ ဝန္းက်င္ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ျဖစ္ေပၚေနတယ္လို႔ ျပင္ပနိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီက သိရပါတယ္။
လက္ရွိ ေငြလဲေကာင္တာအမ်ားစုမွာ ေဒၚလာအေရာ င္းအဝယ္ျပဳလုပ္မႈနည္းပါးၿပီးေတာ့ ေကာင္တာေတြမွာ ေဒၚလာဝယ္ရခက္သလို ျပင္ပေဈးကြက္မွာပဲ အေရာင္း အဝယ္ျပဳလုပ္မႈရွိတယ္လို႔ ေဒၚလာဝယ္ယူသူတစ္ဦးကေျပာပါတယ္။
ျပင္ပေဒၚလာေဈး ဆြဲတင္ေနမႈေတြကို ထိန္းနိုင္ဖို႔ နိုင္ငံ ျခားေငြ တရားမဝင္ေရာင္းဝယ္ေနတဲ့ အြန္လိုင္းလုပ္ငန္းေတြကို နိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒနဲ႕ စည္းမ်ဥ္းေတြအရ ထိေရာက္စြာအေရးယူမယ္ဆိုၿပီး ၾသဂုတ္ ၂၇ ရက္ေန႕က ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။
ေဈးကြက္ရဲ႕ ေဒၚလာလိုအပ္ခ်က္ကိုျဖည့္နိုင္ဖို႔ ေဒၚလာ သန္း ၂၀၀ ေထာက္ပံ့ေပးထားတယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားၿပီး စက္သုံးဆီနဲ႕ စားသုံးဆီက႑ေတြအတြက္ ေဒၚလာလိုအပ္ခ်က္ရွိရင္ ထပ္မံေထာက္ပံ့ေပးမယ္ဆိုၿပီး ထုတ္ျပန္ထားပါေသးတယ္။
လက္ရွိမွာ အေမရိကန္နိုင္ငံ ဗဟိုဘဏ္က အတိုးႏႈန္းျမႇင့္တင္မႈေတြ ဆက္တိုက္ျပဳလုပ္ေနတဲ့အတြက္ အေမရိကန္ေဒၚလာတန္ဖိုးက အားေကာင္းေနၿပီး ေဒၚလာနဲ႕လဲလွယ္တဲ့ အျခားေငြတန္ဖိုးေတြက က်ဆင္းလ်က္ရွိတယ္လို႔ သိရပါတယ္။
Leave a Reply