ရုရှားဓာတ်ဆီတွေကို မြန်မာကျပ်ငွေနဲ့ တိုက်ရိုက် ဝယ်ယူခဲ့ဟု အကြံကုန် စကစပြန်ကြားရေး ထုတ်ပြန်

ရုရှားနိုင်ငံက စက်သုံးဆီတွေ ထပ်မံရောက်ရှိလာဖို့ ရှိတယ်လို့ စကစ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံကနေ စက်သုံးဆီ တန်ချိန် သုံးသောင်း တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက်က ပထမအသုတ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ထပ်မံ ရောက်လာဖို့ ရှိနေတာလို့ သူက ပြောပါတယ်။

ပထမအသုတ်ရောက်ရှိလာတဲ့ စက်သုံးဆီတွေကိုတော့ အဓိက အစိုးရဌာနဆိုင်ရာတွေကို ဦးစားပေး ရောင်းချတာ ရှိပြီး နောက်လာမယ့် စက်သုံးဆီတွေကိုတော့ စက်သုံးဆီကုမ္ပဏီတွေကို ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကနေ စက်သုံးဆီ ဘယ်လောက်ထပ်မံ ဝင်ရောက်ဖို့ ရှိလဲဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူတဲ့အခါမှာ နှစ်နိုင်ငံငွေကြေး စီးဆင်းမှုနဲ့ တိုက်ရိုက်ပေးချေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျပ်ငွေနဲ့ တိုက်ရိုက် ဝယ်တာလား၊ ရုရှားသုံး ငွေကြေး ရူဘယ်ကို ဝယ်ပြီး ပေးချေတာလားဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ရုရှားဆီတွေ လာပေမယ့် မြန်မာငွေတန်ဖိုး လျော့ကျနေသရွေ့တော့ စက်သုံးဆီဈေးက ဘယ်တော့မှ ကျမှာ မဟုတ်ကြောင်း၊ ကျပ်ငွေအပေါ် ယုံကြည်မှု မရှိတော့ခြင်းက ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေပြီး ကုန် ဈေးနှုန်း အဆမတန်တက်လာတာဖြစ်ကြောင်း၊ ရုရှားက ဘယ်မှာမှ သုံးမရတဲ့ မြန်မာပိုက်ဆံ တသောင်းတန်တွေ ယူပြီး သူ့ဆီတွေ အလကားပေးမယ်လို့ အခုထိ ထင်နေကြသေးလားလို့ စက်သုံးဆီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သင်္ကြန်ပြီးကတည်းက ဂယက်အမျိုးမျိုးထပြီး တဟုန်ထိုးတက်ခဲ့တဲ့ စက်သုံးဆီ ဈေးနှုန်းဟာ လက်ရှိအချိန်မှာ အတက်ဖက်ကိုသာ ဦးတည်နေပြီး တလီတာ ၂၃၀၀ အောက်ကို လုံးဝ ပြန်မရောက်နိုင်တော့ဘူးလို့ ဈေးကွက် ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

႐ုရွားနိုင္ငံက စက္သုံးဆီေတြ ထပ္မံေရာက္ရွိလာဖို႔ ရွိတယ္လို႔ စကစ ဝါဒျဖန႔္ခ်ိေရး ေခါင္းေဆာင္ ေဇာ္မင္းထြန္းက ေျပာလိုက္ပါတယ္။ ႐ုရွားနိုင္ငံကေန စက္သုံးဆီ တန္ခ်ိန္ သုံးေသာင္း တင္ေဆာင္လာတဲ့ သေဘၤာေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ (၄) ရက္က ပထမအသုတ္အျဖစ္ ေရာက္ရွိခဲ့ၿပီးေနာက္ ထပ္မံ ေရာက္လာဖို႔ ရွိေနတာလို႔ သူက ေျပာပါတယ္။

ပထမအသုတ္ေရာက္ရွိလာတဲ့ စက္သုံးဆီေတြကိုေတာ့ အဓိက အစိုးရဌာနဆိုင္ရာေတြကို ဦးစားေပး ေရာင္းခ်တာ ရွိၿပီး ေနာက္လာမယ့္ စက္သုံးဆီေတြကိုေတာ့ စက္သုံးဆီကုမၸဏီေတြကို ေရာင္းခ်ေပးဖို႔ ရွိတယ္လို႔ သိရပါတယ္။ ႐ုရွားနိုင္ငံကေန စက္သုံးဆီ ဘယ္ေလာက္ထပ္မံ ဝင္ေရာက္ဖို႔ ရွိလဲဆိုတာေတာ့ မသိရေသးဘူးလို႔ သူက ဆိုပါတယ္။

႐ုရွားနိုင္ငံကေန စက္သုံးဆီဝယ္ယူတဲ့အခါမွာ ႏွစ္နိုင္ငံေငြေၾကး စီးဆင္းမႈနဲ႕ တိုက္ရိုက္ေပးေခ်တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ က်ပ္ေငြနဲ႕ တိုက္ရိုက္ ဝယ္တာလား၊ ႐ုရွားသုံး ေငြေၾကး ႐ူဘယ္ကို ဝယ္ၿပီး ေပးေခ်တာလားဆိုတာကိုေတာ့ ကြဲကြဲျပားျပား မသိရေသးပါဘူး။

႐ုရွားဆီေတြ လာေပမယ့္ ျမန္မာေငြတန္ဖိုး ေလ်ာ့က်ေနသေ႐ြ႕ေတာ့ စက္သုံးဆီေဈးက ဘယ္ေတာ့မွ က်မွာ မဟုတ္ေၾကာင္း၊ က်ပ္ေငြအေပၚ ယုံၾကည္မႈ မရွိေတာ့ျခင္းက ေငြေၾကးေဖာင္းပြမႈကို ပိုမိုျဖစ္ေပၚေစၿပီး ကုန္ ေဈးႏႈန္း အဆမတန္တက္လာတာျဖစ္ေၾကာင္း၊ ႐ုရွားက ဘယ္မွာမွ သုံးမရတဲ့ ျမန္မာပိုက္ဆံ တေသာင္းတန္ေတြ ယူၿပီး သူ႕ဆီေတြ အလကားေပးမယ္လို႔ အခုထိ ထင္ေနၾကေသးလားလို႔ စက္သုံးဆီ အသိုင္းအဝိုင္းနဲ႕ နီးစပ္သူတဦးက ေျပာပါတယ္။

သၾကၤန္ၿပီးကတည္းက ဂယက္အမ်ိဳးမ်ိဳးထၿပီး တဟုန္ထိုးတက္ခဲ့တဲ့ စက္သုံးဆီ ေဈးႏႈန္းဟာ လက္ရွိအခ်ိန္မွာ အတက္ဖက္ကိုသာ ဦးတည္ေနၿပီး တလီတာ ၂၃၀၀ ေအာက္ကို လုံးဝ ျပန္မေရာက္နိုင္ေတာ့ဘူးလို႔ ေဈးကြက္ ကြၽမ္းက်င္ပညာရွင္ေတြက သုံးသပ္ေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*