ကုန်ဈေးနှုန်း မြင့်တက်နေသဖြင့် စျေးမှာ ငပိရည်ကျိုနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူသူ များပြားလာ၊ ကြာရင် ဒီထက်ပိုပြီး ငတ်ပါတော့မယ်…

ကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် ငပိရည်ကျိုနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူသူများပြားလာကြောင်း ကုန်စိမ်းရောင်းချသူများက ပြောပါသည်။

မြန်မာနိုင်ငံတွင် လူတိုင်းနီးပါးစားသုံးသည့် ငပိရည်ကျိုဈေးသည် ငါးစင်ရိုင်း ငပိရည်ကျို တစ်ဆယ်သားလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်နှင့် ငါးပြေမ ငပိရည်ကျိုတစ်ဆယ်သားလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ကြား ရောင်းချနေပြီး ယခင်ကထက် ကျပ်ငွေတစ်ရာကျပ်မှ နှစ်ရာကျပ်ကြား မြင့်တက်လာသော်လည်း ဝယ်သူကျသွားခြင်းမရှိဘဲ ပို၍များပြားလာကြောင်း ငပိရည်ကျို (အစိမ်း) ရောင်းချသူများက ပြောပါသည်။

“ငပိရည်ကျိုဆို အရောင်းရဆုံးက ငါးစင်ရိုင်းနဲ့ ငါး ပြေမ နှပ်တဲ့ဟာပေါ့။ ဈေးကတော့ တစ်ရာလောက်တက်သွားတယ်။ ဒါကလဲ ဒိုင်မှာကိုက တက်တာလေ။ ဝယ်သူအချို့ဆို ငါးပိုထည့်ပေးပါဆိုပြီး တောင်းတာတွေ့တယ်” ဟု ဆိပ်ကမ်းသာလမ်းအတွင်း ငပိရည်ကျိုရောင်းချနေသူတစ်ဦးကပြောသည်။

လတ်တလော ဈေးကွက်အတွင်း ဝယ်ယူသူများပြားလာသည့် ကုန်စိမ်းများသည် ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေး၊ ကောက်ရိုးမှို၊ စိုက်မှို၊ ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်နှင့် ရုံးပတီသီးတို့ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူများက ပြောပါတယ်။

“အမကုန်စိမ်းရောင်းလာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ တစ်ခါမှ ဒီလောက်မရောင်းရဘူး။ အခုလူတွေက ဟင်းစားထက် အသီးအရွက်စားသူများလာတယ်။ ရုံးပတီသီးနဲ့ ကန်းစွန်ရွက်က အရောင်းရဆုံးပဲ။ ကန်စွန်းရွက်ဆို ရောင်းကောင်းပါတယ်ဆိုတဲ့ တရုတ်ကန်စွန်းတောင် မဝယ်ကြတော့ဘူး။ တစည်း ၄၀၀ မို့လို့။ ကန် စွန်းရွက် အသေးလေးတွေပဲ ဝယ်ကြတော့တယ်” ဟု ကြည့်မြင်တိုင်ညဈေးအတွင်း ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်ရှိ မိသားစု (၄) ဦးရှိသည့် အိမ်ထော င်ရှင်မတစ်ဦး၏ တစ်နေ့တာ ကုန်ကျစရိတ်ကို မေးမြန်းရာ မနက်၊ နေ့လယ်နှင့် ညစာထမင်းဟင်းစရိတ်အတွက်တင်ပင် ကျပ်ငွေ ၈ ထောင်နီးပါးရှိကြောင်း ပြောပါတယ်။

“ပိုက်ဆံ ၈ ထောင်ဆိုတာ မနက်စာ အဆာပြေစားတာမပါသေးဘူး။ အသားစားချင်ရင် ကြက်သားနဲ့ ငါး ဘက်ပဲ ခြေဦးလှမ်းနိုင်တယ်။ ဆိတ်သားတို့ ဝက်သားတို့က အိမ်ကလူတွေနဲ့ မကိုက်ဘူး။ ဟင်းသီးဟင်းရွက်ဈေးကလဲ ကန်စွန်းရွက်နှစ်စည်းနဲ့ မှိုနဲ့ချက်မယ်ဆိုတောင် နှစ်ထောင်ဖြစ်ပြီ။ ဆန်ရယ် ဆီရယ်ကလည်း ဈေးကတက်မှတက်ပဲ။

ကုန်ဈေးနှုန်းသာတက်လာတာ ဝင်ငွေက ဒုံရင်းပဲဆိုတော့ ချွေတာပြီးစားတောင် တစ်ရက်ရှစ်ထောင်ကုန်တယ်။ ဒါတောင် အရင်လို ကြော်လှော်နေတာမဟုတ်ဘူး။ ဆီကျန်ရေကျန်လေး ချက်နေရတာ။ ဟိုကောင်တွေ အုပ်ချုပ်ကတည်းက တိုင်းပြည်က တဖြေးဖြေးနဲ့ ငတ်တော့မယ်” ဟု စမ်းချောင်းမြို့နယ်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ မြို့နယ်လေးခုရှိ လေဟာပြင် ညဈေးကြီး၊ ဂွဈေး၊ ဆိပ်ကမ်းသာလမ်း(အလယ်ဘလောက်) ဈေး၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စိမ်းဈေးများအား လိုက်လံမေးမြန်းရာ ပဲပင်ပေါက်တစ်ဆယ်သားလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ကြား၊ ပဲပြားတစ်တုံးလျှင် ၂၀၀ ကျပ်၊ ပဲသွေးတစ်တုံးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ကြား၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၈၀၀ ကျပ်၊ ပန်းပွ င့်(မုန်လာပန်း)တစ်ထုပ်လျှင် ၁,၂၀၀ ကျပ်မှ ၁,၄၀၀ ကျပ်ကြား၊ ဘူးသီး(အလတ်)တစ်လုံးလျှင် ၁,၀၀၀ ကျပ်မှ ၁,၁၀၀ ကျပ်ကြား၊ ရုံးပတီသီးတစည်း(လေးတောင့်ပါ)လျှင် ၁၀၀ ကျပ်ဖြင့် ယနေ့ရောင်းချနေကြောင်း သိရသည်။ (MPA)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ကုန္ေဈးႏႈန္းျမင့္တက္ေနသျဖင့္ ငပိရည္က်ိဳႏွင့္ ဟင္းသီးဟင္း႐ြက္ ဝယ္ယူသူမ်ားျပားလာေၾကာင္း ကုန္စိမ္းေရာင္းခ်သဴမ်ားက ေျပာပါသည္။

ျမန္မာနိုင္ငံတြင္ လူတိုင္းနီးပါးစားသုံးသည့္ ငပိရည္က်ိဳေဈးသည္ ငါးစင္ရိုင္း ငပိရည္က်ိဳ တစ္ဆယ္သားလွ်င္ ၄၀၀ က်ပ္မွ ၅၀၀ က်ပ္ႏွင့္ ငါးေျပမ ငပိရည္က်ိဳတစ္ဆယ္သားလွ်င္ ၆၀၀ က်ပ္မွ ၇၀၀ က်ပ္ၾကား ေရာင္းခ်ေနၿပီး ယခင္ကထက္ က်ပ္ေငြတစ္ရာက်ပ္မွ ႏွစ္ရာက်ပ္ၾကား ျမင့္တက္လာေသာ္လည္း ဝယ္သူက်သြားျခင္းမရွိဘဲ ပို၍မ်ားျပားလာေၾကာင္း ငပိရည္က်ိဳ (အစိမ္း) ေရာင္းခ်သဴမ်ားက ေျပာပါသည္။

“ငပိရည္က်ိဳဆို အေရာင္းရဆုံးက ငါးစင္ရိုင္းနဲ႕ ငါး ေျပမ ႏွပ္တဲ့ဟာေပါ့။ ေဈးကေတာ့ တစ္ရာေလာက္တက္သြားတယ္။ ဒါကလဲ ဒိုင္မွာကိုက တက္တာေလ။ ဝယ္သူအခ်ိဳ႕ဆို ငါးပိုထည့္ေပးပါဆိုၿပီး ေတာင္းတာေတြ႕တယ္” ဟု ဆိပ္ကမ္းသာလမ္းအတြင္း ငပိရည္က်ိဳေရာင္းခ်ေနသူတစ္ဦးကေျပာသည္။

လတ္တေလာ ေဈးကြက္အတြင္း ဝယ္ယူသူမ်ားျပားလာသည့္ ကုန္စိမ္းမ်ားသည္ ဘူးသီး၊ ခရမ္းသီး၊ ကန္စြန္း႐ြက္၊ ပဲပင္ေပါက္၊ ပဲျပား၊ ပဲေသြး၊ ေကာက္ရိုးမွို၊ စိုက္မွို၊ ကန္စြန္း႐ြက္၊ ေဂၚဖီ၊ ေဂၚဖီထုပ္၊ ပန္းပြင့္ႏွင့္ ႐ုံးပတီသီးတို႔ျဖစ္ေၾကာင္း ကုန္စိမ္းေရာင္းခ်သဴမ်ားက ေျပာပါတယ္။

“အမကုန္စိမ္းေရာင္းလာတာ ဆယ္စုႏွစ္တစ္ခုေလာက္ရွိၿပီ။ တစ္ခါမွ ဒီေလာက္မေရာင္းရဘူး။ အခုလူေတြက ဟင္းစားထက္ အသီးအ႐ြက္စားသူမ်ားလာတယ္။ ႐ုံးပတီသီးနဲ႕ ကန္းစြန္႐ြက္က အေရာင္းရဆုံးပဲ။ ကန္စြန္း႐ြက္ဆို ေရာင္းေကာင္းပါတယ္ဆိုတဲ့ တ႐ုတ္ကန္စြန္းေတာင္ မဝယ္ၾကေတာ့ဘူး။ တစည္း ၄၀၀ မို႔လို႔။ ကန္ စြန္း႐ြက္ အေသးေလးေတြပဲ ဝယ္ၾကေတာ့တယ္” ဟု ၾကည့္ျမင္တိုင္ညေဈးအတြင္း ကုန္စိမ္းေရာင္းခ်သဴတစ္ဦးက ေျပာပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ မိသားစု (၄) ဦးရွိသည့္ အိမ္ေထာ င္ရွင္မတစ္ဦး၏ တစ္ေန႕တာ ကုန္က်စရိတ္ကို ေမးျမန္းရာ မနက္၊ ေန႕လယ္ႏွင့္ ညစာထမင္းဟင္းစရိတ္အတြက္တင္ပင္ က်ပ္ေငြ ၈ ေထာင္နီးပါးရွိေၾကာင္း ေျပာပါတယ္။

“ပိုက္ဆံ ၈ ေထာင္ဆိုတာ မနက္စာ အဆာေျပစားတာမပါေသးဘူး။ အသားစားခ်င္ရင္ ၾကက္သားနဲ႕ ငါး ဘက္ပဲ ေျခဦးလွမ္းနိုင္တယ္။ ဆိတ္သားတို႔ ဝက္သားတို႔က အိမ္ကလူေတြနဲ႕ မကိုက္ဘူး။ ဟင္းသီးဟင္း႐ြက္ေဈးကလဲ ကန္စြန္း႐ြက္ႏွစ္စည္းနဲ႕ မွိုနဲ႕ခ်က္မယ္ဆိုေတာင္ ႏွစ္ေထာင္ျဖစ္ၿပီ။ ဆန္ရယ္ ဆီရယ္ကလည္း ေဈးကတက္မွတက္ပဲ။

ကုန္ေဈးႏႈန္းသာတက္လာတာ ဝင္ေငြက ဒုံရင္းပဲဆိုေတာ့ ေခြၽတာၿပီးစားေတာင္ တစ္ရက္ရွစ္ေထာင္ကုန္တယ္။ ဒါေတာင္ အရင္လို ေၾကာ္ေလွာ္ေနတာမဟုတ္ဘူး။ ဆီက်န္ေရက်န္ေလး ခ်က္ေနရတာ။ ဟိုေကာင္ေတြ အုပ္ခ်ဳပ္ကတည္းက တိုင္းျပည္က တေျဖးေျဖးနဲ႕ ငတ္ေတာ့မယ္” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ေန အိမ္ေထာင္ရွင္မတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္း၊ ၿမိဳ႕နယ္ေလးခုရွိ ေလဟာျပင္ ညေဈးႀကီး၊ ဂြေဈး၊ ဆိပ္ကမ္းသာလမ္း(အလယ္ဘေလာက္) ေဈး၊ ပုဇြန္ေတာင္ေဈးအတြင္းရွိ ကုန္စိမ္းေဈးမ်ားအား လိုက္လံေမးျမန္းရာ ပဲပင္ေပါက္တစ္ဆယ္သားလွ်င္ ၃၀၀ က်ပ္မွ ၃၅၀ က်ပ္ၾကား၊ ပဲျပားတစ္တုံးလွ်င္ ၂၀၀ က်ပ္၊ ပဲေသြးတစ္တုံးလွ်င္ ၂၀၀ က်ပ္မွ ၂၅၀ က်ပ္ၾကား၊ ေဂၚဖီထုပ္တစ္ထုပ္လွ်င္ ၁၈၀၀ က်ပ္၊ ပန္းပြ င့္(မုန္လာပန္း)တစ္ထုပ္လွ်င္ ၁,၂၀၀ က်ပ္မွ ၁,၄၀၀ က်ပ္ၾကား၊ ဘူးသီး(အလတ္)တစ္လုံးလွ်င္ ၁,၀၀၀ က်ပ္မွ ၁,၁၀၀ က်ပ္ၾကား၊ ႐ုံးပတီသီးတစည္း(ေလးေတာင့္ပါ)လွ်င္ ၁၀၀ က်ပ္ျဖင့္ ယေန႕ေရာင္းခ်ေနေၾကာင္း သိရသည္။ (MPA)

Be the first to comment

Leave a Reply

Your email address will not be published.


*