လယ်သမားတွေကို စစ်ကောင်စီက ဓာတ် မြေဩဇာ တစ်ရွာတစ်အိတ်နှုန်းထောက်ပံ့လို့ တစ်အိမ် တပြည်သာရ၊ စေတနာမပါရင်လည်း မပေးနဲ့ဟု လယ်သမားတစ်ဦးကဆို

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်က လယ် သမားတွေအတွက် စစ်ကောင်စီက ဓာတ်မြေဩဇာထောက်ပံ့တယ်ဆိုပြီး စက်တင်ဘာလ ၉ ရက်နေ့ကစလို့ တစ်ရွာကို တစ်အိတ်နှုန်းနဲ့ ပေးပို့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီက တရွာတအိတ်နှုန်းနဲ့သာပေးလို့ လယ်စိုက်တဲ့ဒေသခံတောင်သူတွေ မျှပြီးရယူတာ တအိမ်ကိုတပြည်နှုန်းနဲ့သာရတယ်လို့ ကျိုက်လတ်မြို့နယ်၊ဘုံလုံချောင်းဒေသခံရွာသားတဦးက ပြောပါ တယ်။

“အခုဟာက တအိမ်ကိုတအိတ်လည်းမဟုတ်ဘူး၊ တစ်ရွာကိုတစ်အိတ်တဲ့၊ စိုက်တဲ့အိမ်တွေမျှယူရတာ တအိမ်မှတပြည်နှုန်းလောက်ဘဲရတယ်။ ပေးပါလားကွာ တရွာကိုအိတ် ၅၀ လောက်။ အခုဟာက ဟာသလိုဖြစ်နေတယ်။ ထောက်ပံ့ပေးတာတော့ ကျေးဇူးတင်ပါတယ် အခုလို မျိုးတော့မလုပ်သင့်ဘူး လယ်ဧကတွေကအများကြီး ဓာတ်မြေသြဇာ စျေးတွေကလည်း မကျသေးဘူး၊ ချွေတာသုံးနေရတာ ဒီနှစ်တော့စပါးအထွက်မတိုးနိုင်တော့ဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

ဧရာ၀တီတိုင်းစစ်ကောင်စီကတော့ ၎င်းတို့ရဲ့လူမှုကွန်ယက်တွေမှာ စပါးစိုက်တောင်သူတွေကို ဓာတ်မြေ ဩဇာတွေထောက်ပံ့ပေးခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲဝါဒဖြန့်ဖော်ပြနေတာတွေကိုလည်း တွေ့ရပါတယ်။

လက်ရှိစစ်ကောင်စီလက်ထက်မှာ အခြေခံကုန်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေကြီးမြင့်နေတဲ့ အပြင် စိုက်ပျိုးရေးအတွက် သွင်းအားစုတွေဖြစ်တဲ့ ဓာတ် မြေဩဇာဈေးနှုန်းတွေလည်း ယခင်ထက် ၃ ဆ ခန့်ဈေးတက်နေပြီး ဓာတ်မြေသြဇာ တစ်အိတ်ကို ကျပ် ၁၃၀၀၀၀ ဝန်းကျင်အထိဖြစ်နေလို့ စပါး စိုက်တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံလယ်သမားတွေဆီကသိရပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လယ္သမားေတြကို စစ္ေကာင္စီက ဓာတ္ ေျမဩဇာ တစ္႐ြာတစ္အိတ္ႏႈန္းေထာက္ပံ့လို႔ တစ္အိမ္ တျပည္သာရ

ဧရာဝတီတိုင္း၊ ဖ်ာပုံခရိုင္၊က်ိဳက္လတ္ၿမိဳ႕နယ္က လယ္ သမားေတြအတြက္ စစ္ေကာင္စီက ဓာတ္ေျမဩဇာေထာက္ပံ့တယ္ဆိုၿပီး စက္တင္ဘာလ ၉ ရက္ေန႕ကစလို႔ တစ္႐ြာကို တစ္အိတ္ႏႈန္းနဲ႕ ေပးပို႔တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

စစ္ေကာင္စီက တ႐ြာတအိတ္ႏႈန္းနဲ႕သာေပးလို႔ လယ္စိုက္တဲ့ေဒသခံေတာင္သူေတြ မွ်ၿပီးရယူတာ တအိမ္ကိုတျပည္ႏႈန္းနဲ႕သာရတယ္လို႔ က်ိဳက္လတ္ၿမိဳ႕နယ္၊ဘုံလုံေခ်ာင္းေဒသခံ႐ြာသားတဦးက ေျပာပါ တယ္။

“အခုဟာက တအိမ္ကိုတအိတ္လည္းမဟုတ္ဘူး၊ တစ္႐ြာကိုတစ္အိတ္တဲ့၊ စိုက္တဲ့အိမ္ေတြမွ်ယူရတာ တအိမ္မွတျပည္ႏႈန္းေလာက္ဘဲရတယ္။ ေပးပါလားကြာ တ႐ြာကိုအိတ္ ၅၀ ေလာက္။ အခုဟာက ဟာသလိုျဖစ္ေနတယ္။ ေထာက္ပံ့ေပးတာေတာ့ ေက်းဇူးတင္ပါတယ္ အခုလို မ်ိဳးေတာ့မလုပ္သင့္ဘူး လယ္ဧကေတြကအမ်ားႀကီး ဓာတ္ေျမၾသဇာ ေစ်းေတြကလည္း မက်ေသးဘူး၊ ေခြၽတာသုံးေနရတာ ဒီႏွစ္ေတာ့စပါးအထြက္မတိုးနိုင္ေတာ့ဘူး” လို႔ လုံၿခဳံေရးအရအမည္မေဖာ္လိုတဲ့ ေဒသခံက ေျပာပါတယ္။

ဧရာ၀တီတိုင္းစစ္ေကာင္စီကေတာ့ ၎တို႔ရဲ႕လူမႈကြန္ယက္ေတြမွာ စပါးစိုက္ေတာင္သူေတြကို ဓာတ္ေျမ ဩဇာေတြေထာက္ပံ့ေပးခဲ့တယ္ဆိုၿပီး ဓာတ္ပုံေတြနဲဝါဒျဖန႔္ေဖာ္ျပေနတာေတြကိုလည္း ေတြ႕ရပါတယ္။

လက္ရွိစစ္ေကာင္စီလက္ထက္မွာ အေျခခံကုန္ေဈးႏႈန္းေတြနဲ႕ စက္သုံးဆီေဈးႏႈန္းေတြႀကီးျမင့္ေနတဲ့ အျပင္ စိုက္ပ်ိဳးေရးအတြက္ သြင္းအားစုေတြျဖစ္တဲ့ ဓာတ္ ေျမဩဇာေဈးႏႈန္းေတြလည္း ယခင္ထက္ ၃ ဆ ခန႔္ေဈးတက္ေနၿပီး ဓာတ္ေျမၾသဇာ တစ္အိတ္ကို က်ပ္ ၁၃၀၀၀၀ ဝန္းက်င္အထိျဖစ္ေနလို႔ စပါး စိုက္ေတာင္သူေတြ အခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံလယ္သမားေတြဆီကသိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*