“စစ်ကောင်စီတပ်တွေကို ဒရုန်းအုပ်စုလိုက်နဲ့ ဗုံးကြဲတိုက်ခိုက်သွားဖို့ ရှိတယ်။ အဲ့ကျရင် သူတို့ ဘယ်လိုသေလို့သေမှန်းတောင် မသိလိုက်ဘူး ဖြစ်သွားလိမ့်မယ်”လို့ ဆိုလာတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့

နည်းပညာကျွမ်းကျင်သော Generation – Z လူငယ်များ ဦးဆောင်နေသည့် Federal Wimgs ဒရုန်းတပ်ဖွဲ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်များကို ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်တပ်ဖွဲ့တစ်ခုဖြစ်သည်။

တချိန်က မြို့ပြလမ်းမများပေါ်တွင် လက်နက်မပါ အကြမ်းမဖက် ဆန္ဒဖော်ထုတ်ခဲ့ကြသော Generation – Z လူငယ်များသည် စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြပြီး ၎င်းတို့ကျွမ်းကျင်သော အင်ဂျင် နီယာပညာရပ်ဖြင့် တိုက်ခိုက်ရေးဒရုန်းများ တီထွင်ကာ စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေကြခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တပ်များကို လေကြောင်းမှ ရဟတ်ယာဥ်များ၊ တိုက်လေယာဥ်များဖြင့် အသာစီးယူကာ ဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီတပ်များသည် Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒရုန်းစစ်ဆင်ရေးများကို စိုးရိမ်ထိတ်လန့်နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။

ဒရုန်းတပ် ဖွဲ့စည်းရသည့်ရည်ရွယ်ချက်၊ တိုက်ခိုက်ရေးဒရုန်းများ တီထွင်ထုတ်လုပ်မှုအခြေအနေ၊ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အခြေအနေ၊ တော်လှန် ရေးအင်အားစုများထံ တိုက်ခိုက်ရေးဒရုန်း ဖြန့်ကျက်နေမှုအခြေအနေများကို Federal Wings ဒရုန်းတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးအား ဧရာဝတီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး – Federal Wings အဖွဲ့ကို ဘယ်တုန်းက စဖွဲ့ခဲ့သလဲ။ ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ဖြစ်သလဲ။

ဖြေ – ငြိမ်းချမ်းစွာဆန္ဒပြတာတွေ ရက်ရက်စက်စက်ဖြိုခွင်းတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်မှဖြစ်မယ်လို့ အားလုံးကလက်ခံလာကြတဲ့အချိန်မှာ Federal Wings ရဲ့သန္ဓေ စပြီးတည်တယ်လို့ပြောရပါမယ်။

နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တာကြော င့် လက်နက်ကိုင်တော်လှန်ရေးမှာ နည်းပညာနဲ့ ဘယ်လိုပါဝင်နိုင်မယ်ဆိုတာကိုဆန်းစစ်ကြရင်းကနေ ဒရုန်း (Drone) တွေ ထုတ်လုပ်ပြီး တိုက်ပွဲဝင်သူတွေကို ကူမယ်ဆိုပြီး စတင်ခဲ့ကြတယ်။ နောက်ပိုင်း NUG အစိုးရဖွဲ့ပြီးတဲ့အခါကျတော့ NUG ကိုလှူမယ်ဆိုပြီး စဖြစ်ခဲ့ကြတာပါ။

မေး – ဒရုန်း (Drone) တပ်ဖွဲ့ တည်ဆောက်လုပ်ကိုင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ။

ဖြေ – နည်းပညာနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အားဖြည့်ပေးဖို့အတွက် အမျိုးမျိုးကြံစည်စဉ်းစားခဲ့ကြပါတယ်။ ပဲ့ထိန်းဒုံးတွေကနေစလို့ မောင်းပြန်သေနတ်တွေအထိ ထုတ်လုပ်နိုင်ဖို့ ကြံစည်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒရုန်း (Drone) ရဲ့ စစ်ရေးအရ လွယ်ကူအသုံး ဝင်မှုတွေ အလွယ်တကူတည်ဆောက်နိုင်တာတွေ အသုံး ပြုတဲ့ပစ္စည်းတွေ လွယ်လင့်တကူ ရရှိနိုင်တဲ့အချက်တွေကြောင့် ဒရုန်း (Drone) တည်ဆောက်ရေးကို ဦးစားပေးဖြစ်ခဲ့တာပါ။

မေး – ဒရုန်းတွေ တည်ဆောက်ပြီး တပ်ဖွဲ့ ဖွဲ့စည်းတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ နည်းပညာ၊ စက်ကိရိယာနဲ့ ငွေကြေးပိုင်း အခက်အခဲတွေ ဘာတွေကြုံရလဲ ပြောပြပေးပါ။

ဖြေ – ပုံမှန်အချိန်အခါမျိုးမှာတည်ဆောက်ဖို့အတွက် ခက်ခဲတဲ့နည်းပညာတစ်ခု မဟုတ်ပေမယ့် လွတ်လွတ်လပ်လပ်ဆောင်ရွက်လို့မရတဲ့အခြေအနေမျိုးမှာ အစိမ်းသက်သက်စတင်ရပြီး စွန့်ဦးတည်ထွင်ရတဲ့ကိစ္စဖြစ်တာကြောင့် ကြပ်ကြပ်တည်းတည်းနဲ့စမ်းသပ်ရတဲ့ကိစ္စတွေ၊ ပစ္စည်းမှာယူရအဆင်မပြေတဲ့ကိစ္စတွေ ခက်ခက်ခဲခဲသယ်ယူပို့ဆောင်ရတဲ့ကိစ္စတွေ အများကြီးကျော်ဖြတ်ခဲ့ကြရပါတယ်။ ပုံမှန်အချိန်ကာလဆိုရင် ၁ လ၊ ၂ လနဲ့ ပြီးစီးရမယ့်ကိစ္စမျိုးတွေမှာ လပေါင်းများစွာ ကြန့်ကြာခဲ့ရတာမျိုးတွေ ရှိပါတယ်။

တချို့ဒေသတွေမှာဆိုရင် ဒရုန်း (Drone) ပျံသန်းစမ်းသပ်မှုတစ်ခုကိုလုပ်ရဖို့အတွက် လနဲ့ချီပြီး စောင့် ဆိုင်းခဲ့ရတာမျိုးတွေရှိပါတယ်။ ငွေကြေးပိုင်းဆိုင်ရာကတော့ Federal Wings အဖွဲ့ဝင်တစ်ယောက်က အခုအချိန်အထိ အလုံးစုံစိုက်ထုတ်နေခဲ့တာမို့ ခက်ခဲမှုမရှိခဲ့ပါဘူး။

အခုအချိန်အထိ Federal Wings ရဲ့ ကုန်ကျမှုက ဒရူန်း (Drone) အတွက် သီးသန့်ဆိုရင် ဒေါ်လာ ၅ သိန်းကျော်ကုန်ကျမှုရှိပြီဖြစ်ပြီး Sniper တပ်ဖွဲ့တွေအတွက် လက်နက်တပ်ဆင်လေ့ကျင့်တာတွေမှာ ဒေါ်လာ ၃ သိန်းကျော်နဲ့ အခြားသော အထွေထွေကုန်ကျမှုအပါအဝင်ဆိုရင် စုစုပေါင်းဒေါ်လာ ၁ သန်းကျော်ပြီ ဖြစ်ပါတယ်။

မေး – လက်ရှိအခြေအနေကရော ဝေဟင်ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီကို ဘယ်လောက်အထိ တိုက်ခိုက် ချေ မှုန်းနိုင်တဲ့ အနေအထား ရောက်ပြီလဲ။ ဘယ်လောက်အထိ မျှော်လင့်လို့ ရသလဲ။

ဖြေ – လက်ရှိအခြေအနေမှာတော့ ဒရုန်း (Drone) တပ်ဖွဲ့တွေဟာ မြေပြင်တပ်ဖွဲ့တွေကို အထောက်အကူကြီးကြီးမားမားပေးနိုင်တယ်ဆိုတာကို အားလုံးကလက်ခံကြရတဲ့အနေအထားပါ။ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း ဘယ်ခေတ်အခါကမှမကြုံဖူးတဲ့ ဝေဟင်တိုက်ခိုက်မှုတွေကို တွေ့ကြုံနေကြရပြီး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကြောက်လန့်နေကြရပြီဖြစ်ပါတယ်။

ရှေ့တန်းစခန်းတွေတင်မကဘဲ နောက်တန်းစခန်းတွေ မဟာဗျူဟာမြောက်နေရာတွေအထိ ခြိမ်းခြောက်နိုင်တဲ့ ဒရုန်း (Drone) တိုက်ခိုက်မှုတွေအထိ သေချာပေါက် ကြုံတွေ့လာရပါလိမ့်မယ်။ လတ်တလောအနေနဲ့ဆိုရင် တချို့နေရာဒေသတွေမှာ စကစရဲ့ လက်နက်ကြီးစခန်းနေရာတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့အထိ မျှခြေတစ်ခုမှာ ဆိုင်ထားနိုင်ပါပြီ။

မေး – ကျနော်တို့သိသလောက် Federal Wings တပ်ဖွဲ့ရဲ့ ဒရုန်းတစ်စီးက ၈၁ မမ ဗုံးသီး ၂ လုံးအထိ သယ်နိုင်တယ် ပြောတယ်။ အဲဒီ ဗုံးသီးတွေနဲ့ တိုက်ခိုက်မှုက ဘယ်လောက်အထိ အဖျက်စွမ်းအားရှိလဲ။

ဖြေ – ၈၁ မမ ဗုံးသီး ၂ လုံးအထိသယ်နိုင်တယ်ဆိုတာက ပျမ်းမျှသယ်နိုင်အားကို ပြောတာပါ။ လိုအပ်တယ်ဆိုရင် ဒီထက်ပိုမိုပြီး သယ်ဆောင်နိုင်စွမ်းရှိတဲ့ ဒရုန်း (Drone) အမျိုးအစားတွေထုတ်လုပ်နိုင်ပါပြီ။ ထမ်းဆောင်ရတဲ့ Mission (တိုက်ခိုက်ရေးအစီအစဥ်) အပေါ်မူတည်ပြီး ချိန်ဆသုံးဆွဲနိုင်တဲ့ ဗုံးသီးတွေကို စမ်းသပ်နေပြီဖြစ်ပါတယ်။

နေ့ည ရာသီမရွေး တိုက်ခိုက်နိုင်ပြီး ပစ်မှတ်တိကျမှုနှုန်းများပြားခြင်းဟာ ဒရုန်း (Drone) ရဲ့ အဖျက်စွမ်းအားတစ်ခုလို့ ပြောရပါမယ်။ မြေပြင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ထောက်လှမ်းရေးအချက်အလက်တွေ အပြန်အလှန်ပေးပို့နိုင်တာတွေ အနီးကပ်ပူးပေါင်းစစ်ဆင်နိုင်တာတွေက စကစတပ်တွေကို ဒုက္ခအပေးနိုင်ဆုံးပါပဲ။ Federal Wings ရဲ့ Drone တွေဟာ မြေပြင်ကပေးပို့လာတဲ့ မြေပုံညွှန်းတွေအတိုင်း အလိုအလျှောက်ပျံသန်းပြီး ဗုံးကြဲနိုင်တဲ့ အဆင့်မြင့်နည်းစနစ်တွေကိုပါ အသုံးပြုနိုင်ပါတယ်။

မေး – လက်ရှိအချိန်အထိ ဒရုန်းမစ်ရှင်ပေါင်း ဘယ် လောက်အထိ လုပ်နိုင်ခဲ့ပြီလဲ။ စစ်ကောင်စီတပ်သား ဘယ်လောက်ကို နှိမ်နင်းနိုင်ခဲ့တာရှိလဲ။

ဖြေ – Drone Mission (တိုက်ခိုက်ရေးစီမံကိန်း) စုစု ပေါင်း ၁၀၀ ကျော် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ စကစ အရာရှိ/တပ်သား ၅၀ ခန့် ကျဆုံးနဲ့ ဒါဏ်ရာရသူ အမြောက်အများ ရှိခဲ့ပါတယ်။

မေး – Federal Wings ဟာ ဒရုန်းအပြင် စနိုက်ပါတပ်ဖွဲ့ပါ ဖွဲ့စည်းထားတယ် ကြားတယ်။ အဲဒီအကြောင်း ရှင်းပြပါဦး။

ဖြေ – ကရင်နီဖက်ခြမ်းမှာ ဒေသခံတပ်ဖွဲ့တွေကို လေ့ကျင့်မှုနဲ့ လက်နက်တပ်ဆင်မှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Sniper (စနိုက်ပါ) သင်တန်းဆင်းတပ်ဖွဲ့တွေဟာ သက်ဆိုင်ရာဒေသခံတပ်ဖွဲ့တွေနဲ့အတူ ကရင်နီတိုက်ပွဲတွေမှာပါဝင်ပြီး လက်သွေးနေကြတာဟာ အချိန်ကာလတစ်ခုရှိသွားပါပြီ။

မေး – Federal Wings က ဆောင်ရွက်တဲ့ ဒရုန်းမစ်ရှင်၊ စနိုက်ပါမစ်ရှင်တွေဟာ သီးခြား ကိုယ့်အဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာလား၊ NUG (သို့မဟုတ်) EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်တာပါလား။

ဖြေ – Federal Wings တပ်ဖွဲ့တွေရဲ့တည်ဆောက်ပုံက ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာမျိုးမဟုတ်ပါဘူး။ သက်ဆိုင်ရာဒေသတွေဆီကရှိပြီးသား EAO နဲ့ PDF တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးပြီး လိုအပ်တဲ့နည်းပညာနဲ့ လက်နက်ကိရိယာတပ်ဆင်ပေးတဲ့ပုံစံဖြစ်တာမို့ စစ်ရေးထိန်းချုပ်မှုမှန်သမျှဟာ သက်ဆိုင်ရာ EAO နဲ့ PDF တပ်ဖွဲ့တွေနဲ့သာ သက်ဆိုင်ပါတယ်။

Federal Wings ဟာ NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ရဲ့လမ်းညွှန်မှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နဲ့ပူးပေါင်းပြီး ငွေကြေးနဲ့ နည်းပညာစီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေပါတယ်။ မြေပြင်လှုပ်ရှားမှုဟာ EAO / PDF တွေရဲ့လှုပ်ရှားမှုအတိုင်းဖြစ်ပြီး ထောက်ပံ့ရေးဆိုင်ရာစီမံခန့်ခွဲမှုဟာ MOCIT နဲ့ Federal Wings တာဝန်ရှိသူတွေလို့ ပြောရပါမယ်။ အဖက်ဖက်က ပူးပေါင်းပါဝင်ထိန်းကျောင်းတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေပါတယ်။

မေး – NUG အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိသလား။ အဲ့အခြေအနေလည်း သိလိုပါတယ်။

ဖြေ – ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေပါတယ်။

မေး – တိုက်ခိုက်ရေးဒရုန်းတွေကို အခြားသော ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ PDF တပ်တွေဆီ ဖြန့်ကျက်ပေးမှုရော ရှိသလား။

ဖြေ – မဟာဗျူဟာအရ အရေးပါတဲ့နေရာဒေသအားလုံးဆီကို ဖြန့်ကျက်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အင်အားကောင်းကောင်းနဲ့ဖြန့်ကျက်နိုင်ဖို့ကတော့ Federal Wings တစ်ခုထဲရဲ့ ငွေကြေးအင်အားနဲ့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့အားကို ကိုးမှပဲဖြစ်နိုင်ပါမယ်။

မေး – စစ်ကောင်စီ ရှေ့တန်းစခန်းနဲ့ နောက်တန်းအထိုင်တပ်တွေကို ဒရုန်းတပ်ဖွဲ့နဲ့ အုပ်စုလိုက် ဗုံးကြဲ တိုက်ခိုက်သွားဖို့ရော အစီအစဉ်ရှိလား။

ဖြေ – အဲ့ဒါတွေကတော့ Federal Wings တပ်ဖွဲ့တွေရှိနေတဲ့ဒေသတွေမှာ လုပ်ရိုးလုပ်စဉ်သဘောမျိုး ဖြစ်နေပါပြီ။

ကျနော်တို့က စစ်ကောင်စီနောက်တန်းစခန်းဆီ၊ တပ်ရင်းတပ်ဖွဲ့တွေဆီ ဒရူန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာမှာ အိမ်ထောင်သည်လိုင်းခန်းတွေကို ရှောင်တယ်။ ကင်းစခန်း၊ ဂိတ်စခန်း၊ လက်နက်တိုက်လိုဟာမျိုးတွေကို အဓိကထား တိုက်ခိုက်ပါတယ်။

နောင်ကိုလည်း ဒရုန်းအုပ်စုလိုက်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဗုံးကြဲသွားဖို့ရိတယ်။ ညဘက်မှာ လုပ်တဲ့မစ်ရှင်တွေဆိုရင်တော့ စစ်ကောင်စီတပ်သားတွေ ဘယ်လိုသေလို့ သေမှန်းတောင် မသိလိုက်တာမျိုးတွေ ဖြစ်သွားမှာပါ။

မေး -စစ်ကောင်စီဘက်ကတော့ PDF ဒရုန်းတွေက ကလေးကစားစရာလောက်ပဲရှိတယ်ဆိုပြီး နှိမ့်ချပြောဆိုတာတွေ ရှိတယ်။ Federal Wings က ဘာများတုန့်ပြန်ပြောဆိုလိုတာ ရှိသလဲ။

ဖြေ – ဒီလိုနှိမ့်ချပြောဆိုနေတယ်ဆိုတာကိုက ထိရောက်မှုရှိလို့ပါပဲ။ Drone တပ်ဖွဲ့တွေကြီးစိုးတဲ့နေရာဒေသတွေဆီက စကစတပ်ဖွဲ့တွေရဲ့ တကယ့်အသံကို နားထောင်ကြည့်ရင် စစ်ကောင်စီလူကြီးပိုင်းကပြောဆိုတာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်ဆိုတာ တွေ့မြင်ရပါလိမ့်မယ်။ ဒါက လိမ်လည်လို့ရနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။

အလင်းဝင်လာတဲ့ စကစတပ်သားတွေရဲ့ ဒရုန်းတိုက်ခိုက်မှုအပေါ်မှာ ပေးတဲ့မှတ်ချက်တွေကိုပဲ နားထောင်ကြည့်ရင် အခြေအနေမှန်ကိုသိနိုင်ပါလိမ့်မယ်။ စကစဟာ သူ့တပ်သားတွေကို လိမ်လည်လှည့်ဖျားပြီး တိုက်ပွဲဝင်ခိုင်းနေရတဲ့အခြေအနေပါ။

မေး – ဖြည့်စွက်ပြောလိုတာ ပြောပေးပါ။

ဖြေ – Federal Wings ရဲ့ Drone တွေကို နေရာအနှံ့မှာ တပ်ဖြန့်ထားနိုင်ဖို့နဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးကြီးတွေမှာ အင်အားကောင်းကောင်းနဲ့အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ Federal Wings က ကိုယ်တိုင်စိုက်ထုတ်နိုင်တဲ့ငွေကြေးပမာဏနဲ့ မလုံလောက်နိုင်တော့တဲ့ တပ်ဖြန့်အင်အားအတွက် ပြည်သူလူထုကိုပဲ အားကိုးရတော့မှာတွေ ရှိလာနေပါပြီ။ MOCIT က ဦးစီးပြီးဆောင်ရွက်မယ့် Fundraising Project မှာ ပါဝင်ပေးကြဖို့ ကြိုတင်နှိုးဆော်ချင်ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

“စစ္ေကာင္စီတပ္ေတြကို ဒ႐ုန္းအုပ္စုလိုက္နဲ႕ ဗုံးႀကဲတိုက္ခိုက္သြားဖို႔ ရွိတယ္။ အဲ့က်ရင္ သူတို႔ ဘယ္လိုေသလို႔ေသမွန္းေတာင္ မသိလိုက္ဘူး ျဖစ္သြားလိမ့္မယ္”(Federal Wings ဒ႐ုန္းတပ္ဖြဲ႕ႏွင့္ ဆက္သြယ္ေမးျမန္းခ်က္)

နည္းပညာကြၽမ္းက်င္ေသာ Generation – Z လူငယ္မ်ား ဦးေဆာင္ေနသည့္ Federal Wimgs ဒ႐ုန္းတပ္ဖြဲ႕မွာ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားကို ေဝဟင္မွ ဒ႐ုန္းမ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနသည့္တပ္ဖြဲ႕တစ္ခုျဖစ္သည္။

တခ်ိန္က ၿမိဳ႕ျပလမ္းမမ်ားေပၚတြင္ လက္နက္မပါ အၾကမ္းမဖက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကေသာ Generation – Z လူငယ္မ်ားသည္ စစ္တပ္၏အၾကမ္းဖက္သတ္ျဖတ္ၿဖိဳခြင္းမႈေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ၾကၿပီး ၎တို႔ကြၽမ္းက်င္ေသာ အင္ဂ်င္ နီယာပညာရပ္ျဖင့္ တိုက္ခိုက္ေရးဒ႐ုန္းမ်ား တီထြင္ကာ စစ္ေကာင္စီကို အျပင္းအထန္ ခုခံေတာ္လွန္ေနၾကျခင္း ျဖစ္သည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ PDF တပ္မ်ားကို ေလေၾကာင္းမွ ရဟတ္ယာဥ္မ်ား၊ တိုက္ေလယာဥ္မ်ားျဖင့္ အသာစီးယူကာ ဗုံးႀကဲတိုက္ခိုက္ေနသည့္စစ္ေကာင္စီတပ္မ်ားသည္ Federal Wings ကဲ့သို႔ ဒ႐ုန္းတပ္ဖြဲ႕မ်ား၏ ေလေၾကာင္းမွ တိုက္ခိုက္မႈေၾကာင့္ ဒ႐ုန္းစစ္ဆင္ေရးမ်ားကို စိုးရိမ္ထိတ္လန့္ေနရသည့္အေျခအေနသို႔ ေရာက္ရွိေနသည္။

ဒ႐ုန္းတပ္ ဖြဲ႕စည္းရသည့္ရည္႐ြယ္ခ်က္၊ တိုက္ခိုက္ေရးဒ႐ုန္းမ်ား တီထြင္ထုတ္လုပ္မႈအေျခအေန၊ စစ္ေကာင္စီတပ္မ်ားကို တိုက္ခိုက္ေနသည့္အေျခအေန၊ ေတာ္လွန္ ေရးအင္အားစုမ်ားထံ တိုက္ခိုက္ေရးဒ႐ုန္း ျဖန့္က်က္ေနမႈအေျခအေနမ်ားကို Federal Wings ဒ႐ုန္းတပ္ဖြဲ႕ ဦးေဆာင္သူတစ္ဦးအား ဧရာဝတီတိုင္းမ္သတင္းဌာန အယ္ဒီတာခ်ဳပ္ ဆလိုင္းသန့္စင္က ဆက္သြယ္ေမးျမန္းထားပါသည္။

ေမး – Federal Wings အဖြဲ႕ကို ဘယ္တုန္းက စဖြဲ႕ခဲ့သလဲ။ ဘာရည္႐ြယ္ခ်က္နဲ႕ ဖြဲ႕ျဖစ္သလဲ။

ေျဖ – ၿငိမ္းခ်မ္းစြာဆႏၵျပတာေတြ ရက္ရက္စက္စက္ၿဖိဳခြင္းတဲ့ စစ္ေကာင္စီတပ္ေတြကို လက္နက္ကိုင္ေတာ္လွန္မွျဖစ္မယ္လို႔ အားလုံးကလက္ခံလာၾကတဲ့အခ်ိန္မွာ Federal Wings ရဲ႕သေႏၶ စၿပီးတည္တယ္လို႔ေျပာရပါမယ္။

နည္းပညာပိုင္းဆိုင္ရာ ကြၽမ္းက်င္သူေတြျဖစ္တာေၾကာ င့္ လက္နက္ကိုင္ေတာ္လွန္ေရးမွာ နည္းပညာနဲ႕ ဘယ္လိုပါဝင္နိုင္မယ္ဆိုတာကိုဆန္းစစ္ၾကရင္းကေန ဒ႐ုန္း (Drone) ေတြ ထုတ္လုပ္ၿပီး တိုက္ပြဲဝင္သူေတြကို ကူမယ္ဆိုၿပီး စတင္ခဲ့ၾကတယ္။ ေနာက္ပိုင္း NUG အစိုးရဖြဲ႕ၿပီးတဲ့အခါက်ေတာ့ NUG ကိုလႉမယ္ဆိုၿပီး စျဖစ္ခဲ့ၾကတာပါ။

ေမး – ဒ႐ုန္း (Drone) တပ္ဖြဲ႕ တည္ေဆာက္လုပ္ကိုင္ဖို႔ ဘယ္လိုစိတ္ကူးရခဲ့သလဲ။

ေျဖ – နည္းပညာနဲ႕ လက္နက္ကိုင္ေတာ္လွန္ေရးကို အားျဖည့္ေပးဖို႔အတြက္ အမ်ိဳးမ်ိဳးႀကံစည္စဥ္းစားခဲ့ၾကပါတယ္။ ပဲ့ထိန္းဒုံးေတြကေနစလို႔ ေမာင္းျပန္ေသနတ္ေတြအထိ ထုတ္လုပ္နိုင္ဖို႔ ႀကံစည္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဒ႐ုန္း (Drone) ရဲ႕ စစ္ေရးအရ လြယ္ကူအသုံး ဝင္မႈေတြ အလြယ္တကူတည္ေဆာက္နိုင္တာေတြ အသုံး ျပဳတဲ့ပစၥည္းေတြ လြယ္လင့္တကူ ရရွိနိုင္တဲ့အခ်က္ေတြေၾကာင့္ ဒ႐ုန္း (Drone) တည္ေဆာက္ေရးကို ဦးစားေပးျဖစ္ခဲ့တာပါ။

ေမး – ဒ႐ုန္းေတြ တည္ေဆာက္ၿပီး တပ္ဖြဲ႕ ဖြဲ႕စည္းတဲ့အခ်ိန္မွာ ႀကဳံေတြ႕ရတဲ့ နည္းပညာ၊ စက္ကိရိယာနဲ႕ ေငြေၾကးပိုင္း အခက္အခဲေတြ ဘာေတြႀကဳံရလဲ ေျပာျပေပးပါ။

ေျဖ – ပုံမွန္အခ်ိန္အခါမ်ိဳးမွာတည္ေဆာက္ဖို႔အတြက္ ခက္ခဲတဲ့နည္းပညာတစ္ခု မဟုတ္ေပမယ့္ လြတ္လြတ္လပ္လပ္ေဆာင္႐ြက္လို႔မရတဲ့အေျခအေနမ်ိဳးမွာ အစိမ္းသက္သက္စတင္ရၿပီး စြန႔္ဦးတည္ထြင္ရတဲ့ကိစၥျဖစ္တာေၾကာင့္ ၾကပ္ၾကပ္တည္းတည္းနဲ႕စမ္းသပ္ရတဲ့ကိစၥေတြ၊ ပစၥည္းမွာယူရအဆင္မေျပတဲ့ကိစၥေတြ ခက္ခက္ခဲခဲသယ္ယူပို႔ေဆာင္ရတဲ့ကိစၥေတြ အမ်ားႀကီးေက်ာ္ျဖတ္ခဲ့ၾကရပါတယ္။ ပုံမွန္အခ်ိန္ကာလဆိုရင္ ၁ လ၊ ၂ လနဲ႕ ၿပီးစီးရမယ့္ကိစၥမ်ိဳးေတြမွာ လေပါင္းမ်ားစြာ ၾကန႔္ၾကာခဲ့ရတာမ်ိဳးေတြ ရွိပါတယ္။

တခ်ိဳ႕ေဒသေတြမွာဆိုရင္ ဒ႐ုန္း (Drone) ပ်ံသန္းစမ္းသပ္မႈတစ္ခုကိုလုပ္ရဖို႔အတြက္ လနဲ႕ခ်ီၿပီး ေစာင့္ ဆိုင္းခဲ့ရတာမ်ိဳးေတြရွိပါတယ္။ ေငြေၾကးပိုင္းဆိုင္ရာကေတာ့ Federal Wings အဖြဲ႕ဝင္တစ္ေယာက္က အခုအခ်ိန္အထိ အလုံးစုံစိုက္ထုတ္ေနခဲ့တာမို႔ ခက္ခဲမႈမရွိခဲ့ပါဘူး။

အခုအခ်ိန္အထိ Federal Wings ရဲ႕ ကုန္က်မႈက ဒ႐ူန္း (Drone) အတြက္ သီးသန႔္ဆိုရင္ ေဒၚလာ ၅ သိန္းေက်ာ္ကုန္က်မႈရွိၿပီျဖစ္ၿပီး Sniper တပ္ဖြဲ႕ေတြအတြက္ လက္နက္တပ္ဆင္ေလ့က်င့္တာေတြမွာ ေဒၚလာ ၃ သိန္းေက်ာ္နဲ႕ အျခားေသာ အေထြေထြကုန္က်မႈအပါအဝင္ဆိုရင္ စုစုေပါင္းေဒၚလာ ၁ သန္းေက်ာ္ၿပီ ျဖစ္ပါတယ္။

ေမး – လက္ရွိအေျခအေနကေရာ ေဝဟင္ဒ႐ုန္းတပ္ဖြဲ႕က စစ္ေကာင္စီကို ဘယ္ေလာက္အထိ တိုက္ခိုက္ ေခ် မႈန္းနိုင္တဲ့ အေနအထား ေရာက္ၿပီလဲ။ ဘယ္ေလာက္အထိ ေမွ်ာ္လင့္လို႔ ရသလဲ။

ေျဖ – လက္ရွိအေျခအေနမွာေတာ့ ဒ႐ုန္း (Drone) တပ္ဖြဲ႕ေတြဟာ ေျမျပင္တပ္ဖြဲ႕ေတြကို အေထာက္အကူႀကီးႀကီးမားမားေပးနိုင္တယ္ဆိုတာကို အားလုံးကလက္ခံၾကရတဲ့အေနအထားပါ။ စစ္ေကာင္စီတပ္ဖြဲ႕ေတြအေနနဲ႕လည္း ဘယ္ေခတ္အခါကမွမႀကဳံဖူးတဲ့ ေဝဟင္တိုက္ခိုက္မႈေတြကို ေတြ႕ႀကဳံေနၾကရၿပီး ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ေၾကာက္လန႔္ေနၾကရၿပီျဖစ္ပါတယ္။

ေရွ႕တန္းစခန္းေတြတင္မကဘဲ ေနာက္တန္းစခန္းေတြ မဟာဗ်ဴဟာေျမာက္ေနရာေတြအထိ ၿခိမ္းေျခာက္နိုင္တဲ့ ဒ႐ုန္း (Drone) တိုက္ခိုက္မႈေတြအထိ ေသခ်ာေပါက္ ႀကဳံေတြ႕လာရပါလိမ့္မယ္။ လတ္တေလာအေနနဲ႕ဆိုရင္ တခ်ိဳ႕ေနရာေဒသေတြမွာ စကစရဲ႕ လက္နက္ႀကီးစခန္းေနရာေတြကို တန္ျပန္ပစ္ခတ္နိုင္တဲ့အထိ မွ်ေျခတစ္ခုမွာ ဆိုင္ထားနိုင္ပါၿပီ။

ေမး – က်ေနာ္တို႔သိသေလာက္ Federal Wings တပ္ဖြဲ႕ရဲ႕ ဒ႐ုန္းတစ္စီးက ၈၁ မမ ဗုံးသီး ၂ လုံးအထိ သယ္နိုင္တယ္ ေျပာတယ္။ အဲဒီ ဗုံးသီးေတြနဲ႕ တိုက္ခိုက္မႈက ဘယ္ေလာက္အထိ အဖ်က္စြမ္းအားရွိလဲ။

ေျဖ – ၈၁ မမ ဗုံးသီး ၂ လုံးအထိသယ္နိုင္တယ္ဆိုတာက ပ်မ္းမွ်သယ္နိုင္အားကို ေျပာတာပါ။ လိုအပ္တယ္ဆိုရင္ ဒီထက္ပိုမိုၿပီး သယ္ေဆာင္နိုင္စြမ္းရွိတဲ့ ဒ႐ုန္း (Drone) အမ်ိဳးအစားေတြထုတ္လုပ္နိုင္ပါၿပီ။ ထမ္းေဆာင္ရတဲ့ Mission (တိုက္ခိုက္ေရးအစီအစဥ္) အေပၚမူတည္ၿပီး ခ်ိန္ဆသုံးဆြဲနိုင္တဲ့ ဗုံးသီးေတြကို စမ္းသပ္ေနၿပီျဖစ္ပါတယ္။

ေန႕ည ရာသီမေ႐ြး တိုက္ခိုက္နိုင္ၿပီး ပစ္မွတ္တိက်မႈႏႈန္းမ်ားျပားျခင္းဟာ ဒ႐ုန္း (Drone) ရဲ႕ အဖ်က္စြမ္းအားတစ္ခုလို႔ ေျပာရပါမယ္။ ေျမျပင္တပ္ဖြဲ႕ေတြနဲ႕ပူးေပါင္းၿပီး ေထာက္လွမ္းေရးအခ်က္အလက္ေတြ အျပန္အလွန္ေပးပို႔နိုင္တာေတြ အနီးကပ္ပူးေပါင္းစစ္ဆင္နိုင္တာေတြက စကစတပ္ေတြကို ဒုကၡအေပးနိုင္ဆုံးပါပဲ။ Federal Wings ရဲ႕ Drone ေတြဟာ ေျမျပင္ကေပးပို႔လာတဲ့ ေျမပုံၫႊန္းေတြအတိုင္း အလိုအေလွ်ာက္ပ်ံသန္းၿပီး ဗုံးႀကဲနိုင္တဲ့ အဆင့္ျမင့္နည္းစနစ္ေတြကိုပါ အသုံးျပဳနိုင္ပါတယ္။

ေမး – လက္ရွိအခ်ိန္အထိ ဒ႐ုန္းမစ္ရွင္ေပါင္း ဘယ္ ေလာက္အထိ လုပ္နိုင္ခဲ့ၿပီလဲ။ စစ္ေကာင္စီတပ္သား ဘယ္ေလာက္ကို ႏွိမ္နင္းနိုင္ခဲ့တာရွိလဲ။

ေျဖ – Drone Mission (တိုက္ခိုက္ေရးစီမံကိန္း) စုစု ေပါင္း ၁၀၀ ေက်ာ္ လုပ္ေဆာင္နိုင္ခဲ့ပါၿပီ။ စကစ အရာရွိ/တပ္သား ၅၀ ခန႔္ က်ဆဳံးနဲ႕ ဒါဏ္ရာရသူ အေျမာက္အမ်ား ရွိခဲ့ပါတယ္။

ေမး – Federal Wings ဟာ ဒ႐ုန္းအျပင္ စနိုက္ပါတပ္ဖြဲ႕ပါ ဖြဲ႕စည္းထားတယ္ ၾကားတယ္။ အဲဒီအေၾကာင္း ရွင္းျပပါဦး။

ေျဖ – ကရင္နီဖက္ျခမ္းမွာ ေဒသခံတပ္ဖြဲ႕ေတြကို ေလ့က်င့္မႈနဲ႕ လက္နက္တပ္ဆင္မႈေတြ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ Sniper (စနိုက္ပါ) သင္တန္းဆင္းတပ္ဖြဲ႕ေတြဟာ သက္ဆိုင္ရာေဒသခံတပ္ဖြဲ႕ေတြနဲ႕အတူ ကရင္နီတိုက္ပြဲေတြမွာပါဝင္ၿပီး လက္ေသြးေနၾကတာဟာ အခ်ိန္ကာလတစ္ခုရွိသြားပါၿပီ။

ေမး – Federal Wings က ေဆာင္႐ြက္တဲ့ ဒ႐ုန္းမစ္ရွင္၊ စနိုက္ပါမစ္ရွင္ေတြဟာ သီးျခား ကိုယ့္အဖြဲ႕ အစီအစဥ္နဲ႕ ေဆာင္႐ြက္တာလား၊ NUG (သို႔မဟုတ္) EAO (တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕) ေတြနဲ႕ ပူးေပါင္းစစ္ဆင္ေရးအေနနဲ႕ ေဆာင္႐ြက္တာပါလား။

ေျဖ – Federal Wings တပ္ဖြဲ႕ေတြရဲ႕တည္ေဆာက္ပုံက ကိုယ္ပိုင္လက္နက္ကိုင္တပ္ဖြဲ႕ဆိုတာမ်ိဳးမဟုတ္ပါဘူး။ သက္ဆိုင္ရာေဒသေတြဆီကရွိၿပီးသား EAO နဲ႕ PDF တပ္ဖြဲ႕ဝင္ေတြကို ေလ့က်င့္ေပးၿပီး လိုအပ္တဲ့နည္းပညာနဲ႕ လက္နက္ကိရိယာတပ္ဆင္ေပးတဲ့ပုံစံျဖစ္တာမို႔ စစ္ေရးထိန္းခ်ဳပ္မႈမွန္သမွ်ဟာ သက္ဆိုင္ရာ EAO နဲ႕ PDF တပ္ဖြဲ႕ေတြနဲ႕သာ သက္ဆိုင္ပါတယ္။

Federal Wings ဟာ NUG ဝန္ႀကီးခ်ဳပ္ ဦးမန္းဝင္းခိုင္သန္း ရဲ႕လမ္းၫႊန္မႈနဲ႕ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီးဌာန (MOCIT) နဲ႕ပူးေပါင္းၿပီး ေငြေၾကးနဲ႕ နည္းပညာစီမံခန႔္ခြဲမႈေတြကို ေဆာင္႐ြက္ေနပါတယ္။ ေျမျပင္လႈပ္ရွားမႈဟာ EAO / PDF ေတြရဲ႕လႈပ္ရွားမႈအတိုင္းျဖစ္ၿပီး ေထာက္ပံ့ေရးဆိုင္ရာစီမံခန႔္ခြဲမႈဟာ MOCIT နဲ႕ Federal Wings တာဝန္ရွိသူေတြလို႔ ေျပာရပါမယ္။ အဖက္ဖက္က ပူးေပါင္းပါဝင္ထိန္းေက်ာင္းတဲ့ပုံစံမ်ိဳးနဲ႕ လုပ္ေဆာင္ေနပါတယ္။

ေမး – NUG အစိုးရနဲ႕ ခ်ိတ္ဆက္ေဆာင္႐ြက္မႈရွိသလား။ အဲ့အေျခအေနလည္း သိလိုပါတယ္။

ေျဖ – ခ်ိတ္ဆက္ေဆာင္႐ြက္မႈေတြ ရွိေနပါတယ္။

ေမး – တိုက္ခိုက္ေရးဒ႐ုန္းေတြကို အျခားေသာ ခ်င္း၊ စစ္ကိုင္း၊ မေကြး၊ ကရင္နီ PDF တပ္ေတြဆီ ျဖန႔္က်က္ေပးမႈေရာ ရွိသလား။

ေျဖ – မဟာဗ်ဴဟာအရ အေရးပါတဲ့ေနရာေဒသအားလုံးဆီကို ျဖန႔္က်က္ေပးနိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။ အင္အားေကာင္းေကာင္းနဲ႕ျဖန႔္က်က္နိုင္ဖို႔ကေတာ့ Federal Wings တစ္ခုထဲရဲ႕ ေငြေၾကးအင္အားနဲ႕ မျဖစ္နိုင္ပါဘူး။ ျပည္သူ႕အားကို ကိုးမွပဲျဖစ္နိုင္ပါမယ္။

ေမး – စစ္ေကာင္စီ ေရွ႕တန္းစခန္းနဲ႕ ေနာက္တန္းအထိုင္တပ္ေတြကို ဒ႐ုန္းတပ္ဖြဲ႕နဲ႕ အုပ္စုလိုက္ ဗုံးႀကဲ တိုက္ခိုက္သြားဖို႔ေရာ အစီအစဥ္ရွိလား။

ေျဖ – အဲ့ဒါေတြကေတာ့ Federal Wings တပ္ဖြဲ႕ေတြရွိေနတဲ့ေဒသေတြမွာ လုပ္ရိုးလုပ္စဥ္သေဘာမ်ိဳး ျဖစ္ေနပါၿပီ။

က်ေနာ္တို႔က စစ္ေကာင္စီေနာက္တန္းစခန္းဆီ၊ တပ္ရင္းတပ္ဖြဲ႕ေတြဆီ ဒ႐ူန္းနဲ႕ ဗုံးႀကဲတိုက္ခိုက္တဲ့ေနရာမွာ အိမ္ေထာင္သည္လိုင္းခန္းေတြကို ေရွာင္တယ္။ ကင္းစခန္း၊ ဂိတ္စခန္း၊ လက္နက္တိုက္လိုဟာမ်ိဳးေတြကို အဓိကထား တိုက္ခိုက္ပါတယ္။

ေနာင္ကိုလည္း ဒ႐ုန္းအုပ္စုလိုက္ေတြနဲ႕ စစ္ေကာင္စီတပ္စခန္းေတြကို ဗုံးႀကဲသြားဖို႔ရိတယ္။ ညဘက္မွာ လုပ္တဲ့မစ္ရွင္ေတြဆိုရင္ေတာ့ စစ္ေကာင္စီတပ္သားေတြ ဘယ္လိုေသလို႔ ေသမွန္းေတာင္ မသိလိုက္တာမ်ိဳးေတြ ျဖစ္သြားမွာပါ။

ေမး -စစ္ေကာင္စီဘက္ကေတာ့ PDF ဒ႐ုန္းေတြက ကေလးကစားစရာေလာက္ပဲရွိတယ္ဆိုၿပီး ႏွိမ့္ခ်ေျပာဆိုတာေတြ ရွိတယ္။ Federal Wings က ဘာမ်ားတုန႔္ျပန္ေျပာဆိုလိုတာ ရွိသလဲ။

ေျဖ – ဒီလိုႏွိမ့္ခ်ေျပာဆိုေနတယ္ဆိုတာကိုက ထိေရာက္မႈရွိလို႔ပါပဲ။ Drone တပ္ဖြဲ႕ေတြႀကီးစိုးတဲ့ေနရာေဒသေတြဆီက စကစတပ္ဖြဲ႕ေတြရဲ႕ တကယ့္အသံကို နားေထာင္ၾကည့္ရင္ စစ္ေကာင္စီလူႀကီးပိုင္းကေျပာဆိုတာေတြနဲ႕ ဆန႔္က်င္ဖက္ျဖစ္တယ္ဆိုတာ ေတြ႕ျမင္ရပါလိမ့္မယ္။ ဒါက လိမ္လည္လို႔ရနိုင္တဲ့ကိစၥမဟုတ္ပါဘူး။

အလင္းဝင္လာတဲ့ စကစတပ္သားေတြရဲ႕ ဒ႐ုန္းတိုက္ခိုက္မႈအေပၚမွာ ေပးတဲ့မွတ္ခ်က္ေတြကိုပဲ နားေထာင္ၾကည့္ရင္ အေျခအေနမွန္ကိုသိနိုင္ပါလိမ့္မယ္။ စကစဟာ သူ႕တပ္သားေတြကို လိမ္လည္လွည့္ဖ်ားၿပီး တိုက္ပြဲဝင္ခိုင္းေနရတဲ့အေျခအေနပါ။

ေမး – ျဖည့္စြက္ေျပာလိုတာ ေျပာေပးပါ။

ေျဖ – Federal Wings ရဲ႕ Drone ေတြကို ေနရာအႏွံ႕မွာ တပ္ျဖန႔္ထားနိုင္ဖို႔နဲ႕ မဟာဗ်ဴဟာေျမာက္ စစ္ဆင္ေရးႀကီးေတြမွာ အင္အားေကာင္းေကာင္းနဲ႕အသုံးျပဳနိုင္ဖို႔ ႀကိဳးစားေနပါတယ္။ Federal Wings က ကိုယ္တိုင္စိုက္ထုတ္နိုင္တဲ့ေငြေၾကးပမာဏနဲ႕ မလုံေလာက္နိုင္ေတာ့တဲ့ တပ္ျဖန႔္အင္အားအတြက္ ျပည္သူလူထုကိုပဲ အားကိုးရေတာ့မွာေတြ ရွိလာေနပါၿပီ။ MOCIT က ဦးစီးၿပီးေဆာင္႐ြက္မယ့္ Fundraising Project မွာ ပါဝင္ေပးၾကဖို႔ ႀကိဳတင္ႏွိုးေဆာ္ခ်င္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*