ပြည်သူကို ဗုံးကျဲ သ တ် ဖြ တ်နေသည့် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို ပြုပြင်ပေးခြင်းဖြင့် နေရာရလာတဲ့ စစ်ရာဇဝတ်မှု တရားခံ ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်

အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို သွယ်ဝိုက် ပါဝင်ပတ်သက် ကျူးလွန်နေသူများတွင် ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်လည်း ပါဝင်သည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် DSTA အမှတ် ၉ သင် တန်းဆင်းပြီး ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကာ DSTA တွင်ပင် ဗိုလ်လောင်းနည်းပြ အဖြစ် ပြန်လည် ရောက်ရှိခဲ့သူဖြစ်သည်။ စစ်ကောင်စီ၏ အဓိက ထော က်တိုင်အဖြစ် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သူဆိုလျှင်လည်း မမှားနိုင်ပေ။

ထို့နောက် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချု ပ်(မင်္ဂလာဒုံ) သို့ ပြန်လည်ရောက်ရှိကာ အမောင်းသင်လေယာဉ် ထုတ်လုပ်ရေး၊ ကျေးရွာများနှင့်ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော တိုက်လေယာဉ်များ ပြုပြင်၊ ပြင်ဆင်မှုများတွင် အဓိက အားသွန်ခွန်စိုက် တက်ကြွစွာ ဦးဆောင်ပါဝင်နေသူလည်းဖြစ်သည်။

တိုင်းရင်းသားနယ်မြေများမှ အပြစ်မဲ့ပြည်သူများ၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းမှ ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နေသော စစ်တိုက်လေယာဉ်များကို အဓိက အမာခံ ပြင်ဆင်နေရသူမှာ ဗိုလ်ကြီးမင်းမော် ဟန်ပင်ဖြစ်သည်။

အထူးသဖြင့် ကရင်နီပြည်နယ်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ကရင်ပြည်နယ်မှ လေးကေ့ကော်၊ ဥကထရစ်၊ သုံးထပ်ကွေ့ ကဲ့သို့သော နေရာများကို ဗုံးကျဲချသည့် စစ်တိုက်လေယာဉ်များသည် ဗိုလ် ကြီး မင်းမော်ဟန်၏ ပြုပြင် ထိန်းသိမ်း ပေးမှုများဖြင့် တိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်သည်။

ပြည်သူကို သတ်ဖြတ်နေသည့် စစ်တိုက်လေယာဉ်များကို စွမ်းစွမ်းတမံ ပြုပြင် ထိန်းသိမ်းဆောင်ရွက် ပေးသည့်အတွက် အကြမ်းဖက်မင်းအောင်လှိုင်က ချီးမြှင့်သော နည်းပညာဂုဏ်ထူးဆောင်ဆုရရှိသူလည်း ဖြစ်သည်။

DSTA (ပြင်ဦးလွင်) မှ မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ရေး ပြင်ဆင်ရေးဌာနချုပ်သို့ ပြောင်းရွှေ့ရောက်ရှိသည်မှာ ၂ နှစ်ကျော်သာ ရှိသေးသော်လည်း လေတပ်၏ ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခံရမည့် သူများ စာရင်းတွင် သူက ထိပ်ဆုံး နံပါတ် ၁ ဖြစ်နေသည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် လက်ရှိ ဂျာမနီထုတ် Grob အမောင်းသင် လေယာဉ် အင်ဂျင်အပျက်များကို တရုတ်နိုင်ငံထုတ် Pt-6 လေယာဉ်အဟောင်းများတွင် ပြန်လည် တပ်ဆင်မှုကို တီထွင် လုပ်ဆောင် နေသည်။ ထိုသို့ သုတေသနလည်းမရှိ မည်သည့်နိုင်ငံမှ မပြုလု်ပသော မအပ်စပ်သော လက်တန်း လေယာဉ်များကို ပြင်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းမှုသည် အာမခံချက် မရှိသော လေတပ်၏ အရူးထသော လုပ်ရပ်ဖြစ်သည်။

ယင်းကဲ့သို့ လေယာဉ်အင်ဂျင်အပျက်များကို ပြုပြင်၍ အခြားလေယာဉ်ကိုယ်ထည်တွင် တပ်ဆင် အသုံးပြုရန် ကြိုးပမ်းခြင်းသည် သူ၏ ရာထူးနှင့်နေရာကောင်းရရှိရေး အတွက် ပေါက်ကရ လုပ် ဆောင်သည့် လုပ်ရပ်လည်းဖြစ်သည်။ သူ၏ ရူးနှမ်းသော လုပ်ရပ်အတွက် အောက်အဆင့်ရှိ စစ်သည်များကို ဖိအားပေး ခိုင်းစေသည်။

လေတပ်သားအများစုသည် လေယာဉ်ဆီများများ ခိုးရသော MIG-29 -အမှတ် ၆၃ အုပ်၊ F-7 -အမှတ် ၁၁ အုပ်၊ Yak -130 -အုပ်/တံတားဦး၊ မှော်ဘီ၊ စသည့် တိုက်လေယာဉ် အုပ်များတွင် သာ တာဝန်ထမ်းဆောင်လိုကြသည်။ မည်သူကမှ လေယာဉ်အဟောင်းများကို ပြန်လည် ပြုပြင် ထုတ်လုပ်ရန် မလုပ်လိုကြပေ။ သို့သော် ဗိုလ်ကြီးမင်းမော်ဟန်က ဖိအားပေးခိုင်းစေနေသည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် စစ်တပ်၏ ဒေါက်တိုင်ဖြစ်ရုံမျှမက မဖြစ်နိုင်သော မိုက်ရူးရဲဆန်သော ရူးနှမ်းနှမ်းဆန်သော အလုပ်များဖြင့် စစ်တပ်တည်မြဲရေး ထောက်ကူနေသူဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျပည္သူကို ဗုံးက်ဲ သတ္ျဖတ္ေနသည့္ တိုက္ေလယာဥ္ ႏွင့္ ရဟတ္ယာဥ္မ်ားကို ျပဳျပင္ေပးျခင္းျဖင့္ စစ္ရာဇဝတ္မႈ တရားခံ ႐ုရွားျပန္ ဗိုလ္ႀကီး မင္းေမာ္ဟန္

အၾကမ္းဖက္ မင္းေအာင္လွိုင္ ေခါင္းေဆာင္ေသာ ဖက္ဆစ္စစ္တပ္က က်ဴးလြန္ေနသည့္ စစ္ရာဇ ဝတ္မႈမ်ား ႏွင့္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားကို သြယ္၀ိုက္ ပါဝင္ပတ္သက္ က်ဴးလြန္ေနသူမ်ားတြင္ ႐ုရွားျပန္ ဗိုလ္ႀကီး မင္းေမာ္ဟန္လည္း ပါဝင္သည္။

ဗိုလ္ႀကီးမင္းေမာ္ဟန္သည္ DSTA အမွတ္ ၉ သင္ တန္းဆင္းၿပီး ႐ုရွားနိုင္ငံတြင္ သင္တန္းတက္ေရာက္ခဲ့ကာ DSTA တြင္ပင္ ဗိုလ္ေလာင္းနည္းျပ အျဖစ္ ျပန္လည္ ေရာက္ရွိခဲ့သူျဖစ္သည္။ စစ္ေကာင္စီ၏ အဓိက ေထာ က္တိုင္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သူဆိုလွ်င္လည္း မမွားနိုင္ေပ။

ထို႔ေနာက္ ေလယာဥ္ထုတ္လုပ္ျပင္ဆင္ေရးဌာနခ်ဳ ပ္(မဂၤလာဒုံ) သို႔ ျပန္လည္ေရာက္ရွိကာ အေမာင္းသင္ေလယာဥ္ ထုတ္လုပ္ေရး၊ ေက်း႐ြာမ်ားႏွင့္ျပည္သူမ်ားကို ဗုံးက်ဲတိုက္ခိုက္ေနေသာ တိုက္ေလယာဥ္မ်ား ျပဳျပင္၊ ျပင္ဆင္မႈမ်ားတြင္ အဓိက အားသြန္ခြန္စိုက္ တက္ႂကြစြာ ဦးေဆာင္ပါဝင္ေနသူလည္းျဖစ္သည္။

တိုင္းရင္းသားနယ္ေျမမ်ားမွ အျပစ္မဲ့ျပည္သူမ်ား၊ စစ္ကိုင္းတိုင္းႏွင့္မေကြးတိုင္းမွ ျပည္သူမ်ားကို ဗုံးက်ဲ တိုက္ခိုက္ေနေသာ စစ္တိုက္ေလယာဥ္မ်ားကို အဓိက အမာခံ ျပင္ဆင္ေနရသူမွာ ဗိုလ္ႀကီးမင္းေမာ္ ဟန္ပင္ျဖစ္သည္။

အထူးသျဖင့္ ကရင္နီျပည္နယ္၊ နန္းမယ္ခုံ၊ ဒီးေမာ့ဆို၊ လြိုင္ေကာ္၊ ကရင္ျပည္နယ္မွ ေလးေက့ေကာ္၊ ဥကထရစ္၊ သုံးထပ္ေကြ႕ ကဲ့သို႔ေသာ ေနရာမ်ားကို ဗုံးက်ဲခ်သည့္ စစ္တိုက္ေလယာဥ္မ်ားသည္ ဗိုလ္ ႀကီး မင္းေမာ္ဟန္၏ ျပဳျပင္ ထိန္းသိမ္း ေပးမႈမ်ားျဖင့္ တိုက္ပြဲဝင္ေနနိုင္ျခင္းျဖစ္သည္။

ျပည္သူကို သတ္ျဖတ္ေနသည့္ စစ္တိုက္ေလယာဥ္မ်ားကို စြမ္းစြမ္းတမံ ျပဳျပင္ ထိန္းသိမ္းေဆာင္႐ြက္ ေပးသည့္အတြက္ အၾကမ္းဖက္မင္းေအာင္လွိုင္က ခ်ီးျမႇင့္ေသာ နည္းပညာဂုဏ္ထူးေဆာင္ဆုရရွိသူလည္း ျဖစ္သည္။

DSTA (ျပင္ဦးလြင္) မွ မဂၤလာဒုံ ေလယာဥ္ထုတ္လုပ္ေရး ျပင္ဆင္ေရးဌာနခ်ဳပ္သို႔ ေျပာင္းေ႐ႊ႕ေရာက္ရွိသည္မွာ ၂ ႏွစ္ေက်ာ္သာ ရွိေသးေသာ္လည္း ေလတပ္၏ ဗိုလ္မႉးအဆင့္ ရာထူးတိုးျမႇင့္ခံရမည့္ သူမ်ား စာရင္းတြင္ သူက ထိပ္ဆုံး နံပါတ္ ၁ ျဖစ္ေနသည္။

ဗိုလ္ႀကီးမင္းေမာ္ဟန္သည္ လက္ရွိ ဂ်ာမနီထုတ္ Grob အေမာင္းသင္ ေလယာဥ္ အင္ဂ်င္အပ်က္မ်ားကို တ႐ုတ္နိုင္ငံထုတ္ Pt-6 ေလယာဥ္အေဟာင္းမ်ားတြင္ ျပန္လည္ တပ္ဆင္မႈကို တီထြင္ လုပ္ေဆာင္ ေနသည္။ ထိုသို႔ သုေတသနလည္းမရွိ မည္သည့္နိုင္ငံမွ မျပဳလု္ပေသာ မအပ္စပ္ေသာ လက္တန္း ေလယာဥ္မ်ားကို ျပင္ဆင္ ထုတ္လုပ္ရန္ ႀကိဳးပမ္းမႈသည္ အာမခံခ်က္ မရွိေသာ ေလတပ္၏ အ႐ူးထေသာ လုပ္ရပ္ျဖစ္သည္။

ယင္းကဲ့သို႔ ေလယာဥ္အင္ဂ်င္အပ်က္မ်ားကို ျပဳျပင္၍ အျခားေလယာဥ္ကိုယ္ထည္တြင္ တပ္ဆင္ အသုံးျပဳရန္ ႀကိဳးပမ္းျခင္းသည္ သူ၏ ရာထူးႏွင့္ေနရာေကာင္းရရွိေရး အတြက္ ေပါက္ကရ လုပ္ ေဆာင္သည့္ လုပ္ရပ္လည္းျဖစ္သည္။ သူ၏ ႐ူးႏွမ္းေသာ လုပ္ရပ္အတြက္ ေအာက္အဆင့္ရွိ စစ္သည္မ်ားကို ဖိအားေပး ခိုင္းေစသည္။

ေလတပ္သားအမ်ားစုသည္ ေလယာဥ္ဆီမ်ားမ်ား ခိုးရေသာ MIG-29 -အမွတ္ ၆၃ အုပ္၊ F-7 -အမွတ္ ၁၁ အုပ္၊ Yak -130 -အုပ္/တံတားဦး၊ ေမွာ္ဘီ၊ စသည့္ တိုက္ေလယာဥ္ အုပ္မ်ားတြင္ သာ တာဝန္ထမ္းေဆာင္လိုၾကသည္။ မည္သူကမွ ေလယာဥ္အေဟာင္းမ်ားကို ျပန္လည္ ျပဳျပင္ ထုတ္လုပ္ရန္ မလုပ္လိုၾကေပ။ သို႔ေသာ္ ဗိုလ္ႀကီးမင္းေမာ္ဟန္က ဖိအားေပးခိုင္းေစေနသည္။

ဗိုလ္ႀကီးမင္းေမာ္ဟန္သည္ စစ္တပ္၏ ေဒါက္တိုင္ျဖစ္႐ုံမွ်မက မျဖစ္နိုင္ေသာ မိုက္႐ူးရဲဆန္ေသာ ႐ူးႏွမ္းႏွမ္းဆန္ေသာ အလုပ္မ်ားျဖင့္ စစ္တပ္တည္ၿမဲေရး ေထာက္ကူေနသူျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*