
ပုဂံမှာ ပေါက်ဖော်တွေနေရာယူလာဘီဆိုတဲ့ သတင်းက ကြားနေရတာ တစ်လလောက်ရှိပါဘီ။ ၂၀၁၆ ငလျင်ဒါဏ်သင့် ဘုရားတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ကြရာမှာ နိုင်ငံတကာအဖွဲ့စည်းတွေက အသီးသီး ကူညီကြပါတယ်။ ပေါက်ဖော်လည်းပါသပေါ့။ သဗ္ဗေညုဘုရားကိုပြင်မှာ။
အဓိက ပြသနာက ပေါက်ဖော်အဖွဲ့အတွက် ရုံးခန်းသီးသန့်နေရာတောင်းတာ။ မြေပေးပါ အဆောက်ဦးဆောက်မယ်ပေါ့။ ဆောက်ပီးရင် ပေါက်ဖော်အပိုင်ဖြစ်ဖို့များပါတယ်။ ပုဂံမှာရှိတဲ့ အခြားသောနိုင်ငံတကာ ပညာရှင်အဖွဲ့စည်းတွေထဲမှာ ဘယ်အဖွဲ့မှ မြေမတောင်းပါဘူး။ ရုံးခန်းနေရာကလည်း ပုဂံ ရှေး/သုနဲ့ လက် လှမ်းမှီရာတနေရာရာမှာဘဲ ကပ်ဖွင့်ကြတာများတယ်။ သီးသန့်မြေနေရာတောင်းတာမျိုး မလုပ်ကြပါဘူး။
ပေါက်ဖော်တွေ ပထမဆုံးတောင်းတဲ့မြေနေရာက အာန္ဒာဘုရား အနောက်မုခ်ဘက်၊ ကွင်းပြင်ကြီးမှာမှ မြို့ရိုးနားကပ်နေတဲ့ နေရာ။ ရှင်းရှင်းပြောတော့ ပုဂံမှာ အကောင်းဆုံးနေရာပေါ့။ ပေါက်ဖော်က အဲ့လိုနေရာမျိုးကို ခပ်တည်တည်တောင်းတယ်။ အရင်အစိုးရလက်ထက်မှာ ဖြစ်လို့ နေရာ မပေးခဲ့ကြဘူး။
အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (HIA) လုပ်ပီး အကျိုးကြောင်းပြပီး ရုံးခန်းနေရာ မပေးခဲ့ကြဘူး။ အဲ့မှာ ပေါက်ဖော်အဖွဲ့ကလည်း စိတ်ကောက်ပီး ပြင်ဆင်ရေးအလုပ်တွေ ဆက်မလုပ်ဖူး။ နောက်တော့ ကိုဗစ်ဝင်တယ်။ အခုမှ ပေါက်ဖော်တွေက ပြန်ဝင်နေကြတာ။ ဘာကြောင့်လဲဆို ပေါက်ဖော်တွေအတွက် မြေနေရာပေးလိုက်ပီလို့ သတင်းရပါတယ်။
မြေနေရာကလည်း ရှေးဟောင်းဇုန်ထဲမှာပါဘဲ။ ငကျွဲနားတောင်းဘုရားနား ကပ်လျက်နေရာ။ မြေပုံမှာကြည့်။ ပြောချင်တာက ပေါက်ဖော်တွေတောင်းတဲ့ အရင်မြေနေရာက အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (Heritage Impact Assessment) လုပ်ပီး မရပါဘူးပြောတယ်။ အခုပေးလိုက်တဲ့ မြေနေရာက ပုဂံမှာ အစောဆုံးဘုရား၊ ပျူခေတ်ဟန် မပျောက်သေးတဲ့ ဘုရားတွေထဲက တစ်ခုဖြစ်တဲ့ ငကျွဲနားတောင်းဘုရားနားတင်။
ဒီတစ်ခါ လုပ်တဲ့ အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (Heritage Impact Assessment) က ဂျင်းဖြစ်ပါလိမ့်မယ်။ ထားတော့။ ပေါက်ဖော်တွေဘာကြောင့် ပုဂံမှာ မြေနေရာတောင်းသလဲ ဆိုတာသေချာစစ်ကြောဖို့လိုမယ်။ ပေါက်ဖော်တွေက မြေနေရာရရင် ပြန်ပေးရိုးထုံးစံမရှိပါဘူး။ ရုံးလုပ်ငန်းသဘောအရလည်း သူတို့ရုံးခန်းထဲ မြန်မာဝန်ထမ်းတွေ သွားထိုင်ခွင့်ရမှာမဟုတ်ပါဘူး။ သူတို့ဘာတွေလုပ်နေကြမှန်းလဲ သိရမယ်မထင်ပါဘူး။ Out of control ဖြစ်နေမှာပါဘဲ။
ဘုရားကြီးပြင်ဆင်ရေးပီးရင် ရုံးခန်းရော မြေနေရာရော ပြန်ပေးမယ်ဆိုရင်တောင် အချိန်ဆွဲပီး လုပ်ကြပါလိမ့်မယ်။ အဆိုးဆုံးအခြေနေက ဒါမြန်မာအစိုးရက ပေါ က်ဖော်ကိုပေးထားတဲ့ မြေနေရာရယ်လို့ အတည်ယူသွားမယ့် အခြေနေပါ။ ပုဂံက အကူညီလိုတယ်ဆိုပီးသာ အကူညီတောင်းကြည့်ပါ နိုင်ငံတကာက ကျွမ်း ကျင်ပညာရှင်အဖွဲ့စည်းတွေ မြေနေရာမတောင်းဘဲ လာကြပါလိမ့်မယ်။ အတိုခြုံးပြောရရင်တော့ ဘုရားပြင်ပေးမယ်ဆိုတာကိုလက်ခံတယ်၊ ကျေးဇူးတင်တယ်။ မြေနေရာပေးမှပြင်ပေးမယ်ဆိုရင်တော့ လက်မခံသင့်ပါဘူး။ (Zay Myo Lin)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ပုဂံမွာ ေပါက္ေဖာ္ေတြေနရာယူလာဘီဆိုတဲ့ သတင္းက ၾကားေနရတာ တစ္လေလာက္ရွိပါဘီ။ ၂၀၁၆ ငလ်င္ဒါဏ္သင့္ ဘုရားေတြကို ျပဳျပင္ထိန္းသိမ္းေရးလုပ္ၾကရာမွာ နိုင္ငံတကာအဖြဲ႕စည္းေတြက အသီးသီး ကူညီၾကပါတယ္။ ေပါက္ေဖာ္လည္းပါသေပါ့။ သေဗၺၫုဘုရားကိုျပင္မွာ။
အဓိက ျပသနာက ေပါက္ေဖာ္အဖြဲ႕အတြက္ ႐ုံးခန္းသီးသန့္ေနရာေတာင္းတာ။ ေျမေပးပါ အေဆာက္ဦးေဆာက္မယ္ေပါ့။ ေဆာက္ပီးရင္ ေပါက္ေဖာ္အပိုင္ျဖစ္ဖို႔မ်ားပါတယ္။ ပုဂံမွာရွိတဲ့ အျခားေသာနိုင္ငံတကာ ပညာရွင္အဖြဲ႕စည္းေတြထဲမွာ ဘယ္အဖြဲ႕မွ ေျမမေတာင္းပါဘူး။ ႐ုံးခန္းေနရာကလည္း ပုဂံ ေရွး/သုနဲ႕ လက္ လွမ္းမွီရာတေနရာရာမွာဘဲ ကပ္ဖြင့္ၾကတာမ်ားတယ္။ သီးသန့္ေျမေနရာေတာင္းတာမ်ိဳး မလုပ္ၾကပါဘူး။
ေပါက္ေဖာ္ေတြ ပထမဆုံးေတာင္းတဲ့ေျမေနရာက အာႏၵာဘုရား အေနာက္မုခ္ဘက္၊ ကြင္းျပင္ႀကီးမွာမွ ၿမိဳ႕ရိုးနားကပ္ေနတဲ့ ေနရာ။ ရွင္းရွင္းေျပာေတာ့ ပုဂံမွာ အေကာင္းဆုံးေနရာေပါ့။ ေပါက္ေဖာ္က အဲ့လိုေနရာမ်ိဳးကို ခပ္တည္တည္ေတာင္းတယ္။ အရင္အစိုးရလက္ထက္မွာ ျဖစ္လို႔ ေနရာ မေပးခဲ့ၾကဘူး။
အေမြအႏွစ္ ထိခိုက္မႈ အကဲျဖတ္ျခင္း (HIA) လုပ္ပီး အက်ိဳးေၾကာင္းျပပီး ႐ုံးခန္းေနရာ မေပးခဲ့ၾကဘူး။ အဲ့မွာ ေပါက္ေဖာ္အဖြဲ႕ကလည္း စိတ္ေကာက္ပီး ျပင္ဆင္ေရးအလုပ္ေတြ ဆက္မလုပ္ဖူး။ ေနာက္ေတာ့ ကိုဗစ္ဝင္တယ္။ အခုမွ ေပါက္ေဖာ္ေတြက ျပန္ဝင္ေနၾကတာ။ ဘာေၾကာင့္လဲဆို ေပါက္ေဖာ္ေတြအတြက္ ေျမေနရာေပးလိုက္ပီလို႔ သတင္းရပါတယ္။
ေျမေနရာကလည္း ေရွးေဟာင္းဇုန္ထဲမွာပါဘဲ။ ငကြၽဲနားေတာင္းဘုရားနား ကပ္လ်က္ေနရာ။ ေျမပုံမွာၾကည့္။ ေျပာခ်င္တာက ေပါက္ေဖာ္ေတြေတာင္းတဲ့ အရင္ေျမေနရာက အေမြအႏွစ္ ထိခိုက္မႈ အကဲျဖတ္ျခင္း (Heritage Impact Assessment) လုပ္ပီး မရပါဘူးေျပာတယ္။ အခုေပးလိုက္တဲ့ ေျမေနရာက ပုဂံမွာ အေစာဆုံးဘုရား၊ ပ်ဴေခတ္ဟန္ မေပ်ာက္ေသးတဲ့ ဘုရားေတြထဲက တစ္ခုျဖစ္တဲ့ ငကြၽဲနားေတာင္းဘုရားနားတင္။
ဒီတစ္ခါ လုပ္တဲ့ အေမြအႏွစ္ ထိခိုက္မႈ အကဲျဖတ္ျခင္း (Heritage Impact Assessment) က ဂ်င္းျဖစ္ပါလိမ့္မယ္။ ထားေတာ့။ ေပါက္ေဖာ္ေတြဘာေၾကာင့္ ပုဂံမွာ ေျမေနရာေတာင္းသလဲ ဆိုတာေသခ်ာစစ္ေၾကာဖို႔လိုမယ္။ ေပါက္ေဖာ္ေတြက ေျမေနရာရရင္ ျပန္ေပးရိုးထုံးစံမရွိပါဘူး။ ႐ုံးလုပ္ငန္းသေဘာအရလည္း သူတို႔႐ုံးခန္းထဲ ျမန္မာဝန္ထမ္းေတြ သြားထိုင္ခြင့္ရမွာမဟုတ္ပါဘူး။ သူတို႔ဘာေတြလုပ္ေနၾကမွန္းလဲ သိရမယ္မထင္ပါဘူး။ Out of control ျဖစ္ေနမွာပါဘဲ။
ဘုရားႀကီးျပင္ဆင္ေရးပီးရင္ ႐ုံးခန္းေရာ ေျမေနရာေရာ ျပန္ေပးမယ္ဆိုရင္ေတာင္ အခ်ိန္ဆြဲပီး လုပ္ၾကပါလိမ့္မယ္။ အဆိုးဆုံးအေျခေနက ဒါျမန္မာအစိုးရက ေပါ က္ေဖာ္ကိုေပးထားတဲ့ ေျမေနရာရယ္လို႔ အတည္ယူသြားမယ့္ အေျခေနပါ။ ပုဂံက အကူညီလိုတယ္ဆိုပီးသာ အကူညီေတာင္းၾကည့္ပါ နိုင္ငံတကာက ကြၽမ္း က်င္ပညာရွင္အဖြဲ႕စည္းေတြ ေျမေနရာမေတာင္းဘဲ လာၾကပါလိမ့္မယ္။ အတိုၿခဳံးေျပာရရင္ေတာ့ ဘုရားျပင္ေပးမယ္ဆိုတာကိုလက္ခံတယ္၊ ေက်းဇူးတင္တယ္။ ေျမေနရာေပးမွျပင္ေပးမယ္ဆိုရင္ေတာ့ လက္မခံသင့္ပါဘူး။ (Zay Myo Lin)
Leave a Reply