
ရုရှားငွေကြေးကို ဒေါ်လာအစားထိုးသုံးမယ်တဲ့။ သိရသလောက်တော့ ရုရှားကနေ ထွက်ပြေးလာကြတဲ့သူဌေးတွေလည်း ဒုက္ခတွေနဲ့။ ဘယ်နိုင်ငံဘဏ်ကမှ သူတို့ငွေကို လက်မခံသလို၊ ဘာဘဏ်မှ အကောင့်ဖွင့်မရတော့လို့ ရုရှားတွေက ကိုယ်တွေ မြန်မာထက်တောင် အခြေအနေဆိုးတယ်။
လက်ရှိ ငွေကြေးဖောင်းပွမှု ကလည်း ၁၅ % အထက် ရှိသလို ရုရှားဘဏ်တွေတော်တော်များများ နိုင်ငံတကာက ပိတ်ဆို့ခံထားရတယ်။ဥရောပ ဘဏ်တွေနဲ့ အာဆီယံ၊ အာရှ ဘဏ်တွေ အများစုမှာ သိရသလောက် ရုရှား၊ အီရန်၊ အီရတ်၊ အာဖကန်နစ်တန် နိုင်ငံတွေကို သူတို့ဘဏ်တွေရဲ့ ပေါ်လစီတွေမှာ တရားဝင်ကို ကြေညာထားကြတယ်။
ကိုယ်တွေမြန်မာကတော့ အစကတည်းက စာရင်းမရှိတာဆိုတော့.. ဒါပေမယ့် ကိုယ့်ဆီကတော်သေးတယ်။ ဗီဇာ၊ မာစတာကဒ်တချို့ သုံးရနေသေးလို့။အမေရိကန်က ရုရှားကို နိုင်ငံတကားငွေးကြေးစီးဆင်းတဲ့လမ်းကြော င်းတွေဖြစ်တဲ့ SWIFT ကို ဖြတ်တောက်ထားတဲ့အတွက် Visa, Master Card ဘာမှ သုံးမရတော့သလို၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုအားလုံး ပိတ်ခံထားရတယ်။
Apple Pay, Google Pay တို့လည်း ရုပ်သိမ်းသွားကြပြီဆိုတော့.. ရုရှားလို ကမ္ဘာ့အပြင်ဘက်ရောက်သွားတော့မယ့် တို့နိုင်ငံ၊ ဝမ်းသာရမလား ဝမ်းနည်းရမလား။ (Soe Naing)
စကစ ဥက္ကဌကြီး၏ ပြောကြားချက်များ..
မြန်မာအပါအဝင် နိုင်ငံငယ်များဟာ အင်အားကြီးနိုင်ငံများ၏ ဒေါ်လာအနိုင်ကျင့်မှုကို ခံနေရပြီး အင်အားကြီးနိုင်ငံများကို နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် မလွန်ဆန်နိုင်ကြောင်း စကစ ဥက္ကဌကြီးက ရုရှားနိုင်ငံတွင် ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေးဖိုရမ် မိန့်ခွန်းတွင် ပြောကြားသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့ ကုန်သွယ်ရေးလမ်း ကြော င်းရှိ အချို့သော အင်အားကြီးနိုင်ငံများက ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဥ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ်အသုံးချလုပ်ဆောင်နေခြင်းကြောင်း ဖြစ်ကြော င်းလည်း ၎င်းက ဆိုသည်။
အဆိုပါ ဒေါ်လာ အနိုင်ကျင့်ခံနေရမှုကို ကျော်လွှားနိုင်ရန် ရုရှားငွေကြေး ရူဘယ်အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရူဘယ်၊ ယွမ်၊ ရူပီး ငွေကြေးများကို ဒေါ်လာအစားထိုး အသုံးပြုသွားလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ကုန်စည်ဖလှယ်မှုစနစ်ကိုလည်း ဒေါ်လာအစားထိုး ဆောက်ရွက်သွားနိုင်ပါတယ်” ဟု ဆိုသည်။ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် အင် အားကြီး မိတ်ဆွေ နိုင်ငံများအနေဖြင့် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် မေတ္တာရပ်ခံကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် ပထဝီအနေ အထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ဥရောပနိုင်ငံများ ကူးလူးဆက်ဆံရာတွင် အဓိကကျသည့် နေရာတွင်ရှိကြောင်း ထည့်သွင်း ပြောကြားသွားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အဆင်ပြေစေရန် လိုအပ်သည့် ဥပဒေများ ပြဌာန်းနေသည့် အတွက် ပြည်ပရင်းနှီး မြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက အကျိုးအမြတ်များမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် ကုဗပေ (၂) ထရီလီယံကျော်ရှိ ဓာတ်ငွေ့သိုက်တစ်ခု ဘင်္ဂလားပင်လယ်အော်အတွင်းတွေ့ရှိထားပြီး မကြာမီတွင် စီးပွားဖြစ် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား ဖိတ်ကြားကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
႐ုရွားေငြေၾကးကို ေဒၚလာအစားထိုးသုံးမယ္တဲ့။ သိရသေလာက္ေတာ့ ႐ုရွားကေန ထြက္ေျပးလာၾကတဲ့သူေဌးေတြလည္း ဒုကၡေတြနဲ႕။ ဘယ္နိုင္ငံဘဏ္ကမွ သူတို႔ေငြကို လက္မခံသလို၊ ဘာဘဏ္မွ အေကာင့္ဖြင့္မရေတာ့လို႔ ႐ုရွားေတြက ကိုယ္ေတြ ျမန္မာထက္ေတာင္ အေျခအေနဆိုးတယ္။
လက္ရွိ ေငြေၾကးေဖာင္းပြမႈ ကလည္း ၁၅ % အထက္ ရွိသလို ႐ုရွားဘဏ္ေတြေတာ္ေတာ္မ်ားမ်ား နိုင္ငံတကာက ပိတ္ဆို႔ခံထားရတယ္။ဥေရာပ ဘဏ္ေတြနဲ႕ အာဆီယံ၊ အာရွ ဘဏ္ေတြ အမ်ားစုမွာ သိရသေလာက္ ႐ုရွား၊ အီရန္၊ အီရတ္၊ အာဖကန္နစ္တန္ နိုင္ငံေတြကို သူတို႔ဘဏ္ေတြရဲ႕ ေပၚလစီေတြမွာ တရားဝင္ကို ေၾကညာထားၾကတယ္။
ကိုယ္ေတြျမန္မာကေတာ့ အစကတည္းက စာရင္းမရွိတာဆိုေတာ့.. ဒါေပမယ့္ ကိုယ့္ဆီကေတာ္ေသးတယ္။ ဗီဇာ၊ မာစတာကဒ္တခ်ိဳ႕ သုံးရေနေသးလို႔။အေမရိကန္က ႐ုရွားကို နိုင္ငံတကားေငြးေၾကးစီးဆင္းတဲ့လမ္းေၾကာ င္းေတြျဖစ္တဲ့ SWIFT ကို ျဖတ္ေတာက္ထားတဲ့အတြက္ Visa, Master Card ဘာမွ သုံးမရေတာ့သလို၊ ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈအားလုံး ပိတ္ခံထားရတယ္။
Apple Pay, Google Pay တို႔လည္း ႐ုပ္သိမ္းသြားၾကၿပီဆိုေတာ့.. ႐ုရွားလို ကမာၻ႔အျပင္ဘက္ေရာက္သြားေတာ့မယ့္ တို႔နိုင္ငံ၊ ဝမ္းသာရမလား ဝမ္းနည္းရမလား။ (Soe Naing)
စကစ ဥကၠဌႀကီး၏ ေျပာၾကားခ်က္မ်ား..
ျမန္မာအပါအဝင္ နိုင္ငံငယ္မ်ားဟာ အင္အားႀကီးနိုင္ငံမ်ား၏ ေဒၚလာအနိုင္က်င့္မႈကို ခံေနရၿပီး အင္အားႀကီးနိုင္ငံမ်ားကို နိုင္ငံေရးႏွင့္ စီးပြားေရးတို႔တြင္ မလြန္ဆန္နိုင္ေၾကာင္း စကစ ဥကၠဌႀကီးက ႐ုရွားနိုင္ငံတြင္ က်င္းပေနသည့္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ မိန႔္ခြန္းတြင္ ေျပာၾကားသည္။
ယင္းသို႔ ျဖစ္ရျခင္းမွာ ကမာၻ႔ ကုန္သြယ္ေရးလမ္း ေၾကာ င္းရွိ အခ်ိဳ႕ေသာ အင္အားႀကီးနိုင္ငံမ်ားက ဘ႑ာေရးလုံၿခဳံမႈႏွင့္ ယွဥ္တြဲျဖစ္ေပၚလာတဲ့ ေဒၚလာကို လက္နက္သဖြယ္အသုံးခ်လဳပ္ေဆာင္ေနျခင္းေၾကာင္း ျဖစ္ေၾကာ င္းလည္း ၎က ဆိုသည္။
အဆိုပါ ေဒၚလာ အနိုင္က်င့္ခံေနရမႈကို ေက်ာ္လႊားနိုင္ရန္ ႐ုရွားေငြေၾကး ႐ူဘယ္အပါအဝင္ တ႐ုတ္ေငြေၾကး ယြမ္နဲ႕ အိႏၵိယေငြေၾကး ႐ူပီးတို႔ကို အေမရိကန္ေဒၚလာ အစားထိုးေဆာင္႐ြက္ပါက အဆင္ေျပမည္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
“ကမာၻ႔ကုန္သြယ္ေရးလမ္းေၾကာင္းေပၚမွာ ႐ူဘယ္၊ ယြမ္၊ ႐ူပီး ေငြေၾကးမ်ားကို ေဒၚလာအစားထိုး အသုံးျပဳသြားလို႔ ရနိုင္ပါတယ္။ ဒါ့အျပင္ ကုန္စည္ဖလွယ္မႈစနစ္ကိုလည္း ေဒၚလာအစားထိုး ေဆာက္႐ြက္သြားနိုင္ပါတယ္” ဟု ဆိုသည္။ယင္းသို႔ လုပ္ေဆာင္နိုင္ရန္အတြက္ အင္ အားႀကီး မိတ္ေဆြ နိုင္ငံမ်ားအေနျဖင့္ ဝိုင္းဝန္းကူညီ ေျဖရွင္းေပးရန္ ေမတၱာရပ္ခံေၾကာင္းလည္း ေျပာၾကားခဲ့သည္။
အဆိုပါ ဖိုရမ္၌ မိန႔္ခြန္းေျပာၾကားရာတြင္ အာဆီယံအဖြဲ႕ဝင္နိုင္ငံ တစ္ခုျဖစ္သည့္ ျမန္မာနိုင္ငံသည္ ပထဝီအေန အထားအရ အေရွ႕ေတာင္အာရွ၊ ေတာင္အာရွေဒသတြင္းနိုင္ငံမ်ားႏွင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ား ေဆာင္ ႐ြက္ေနသည့္ ဥေရာပနိုင္ငံမ်ား ကူးလူးဆက္ဆံရာတြင္ အဓိကက်သည့္ ေနရာတြင္ရွိေၾကာင္း ထည့္သြင္း ေျပာၾကားသြားသည္။
ျမန္မာနိုင္ငံတြင္ နိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈမ်ား အဆင္ေျပေစရန္ လိုအပ္သည့္ ဥပေဒမ်ား ျပဌာန္းေနသည့္ အတြက္ ျပည္ပရင္းႏွီး ျမႇုပ္ႏွံသူမ်ားအေနျဖင့္ ျမန္မာနိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇုပ္ႏွံမည္ဆိုပါက အက်ိဳးအျမတ္မ်ားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔အျပင္ ျမန္မာနိုင္ငံတြင္ စီးပြားျဖစ္ ထုတ္လုပ္နိုင္မည့္ ကုဗေပ (၂) ထရီလီယံေက်ာ္ရွိ ဓာတ္ေငြ႕သိုက္တစ္ခု ဘဂၤလားပင္လယ္ေအာ္အတြင္းေတြ႕ရွိထားၿပီး မၾကာမီတြင္ စီးပြားျဖစ္ ထုတ္လုပ္နိုင္ေတာ့မည္ျဖစ္သည့္အတြက္ ရင္းႏွီးျမႇုပ္ႏွံမႈကို စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားအား ဖိတ္ၾကားေၾကာင္းလည္း ထည့္သြင္း ေျပာၾကားသြားသည္။
Leave a Reply