သင်္ဘောသားတွေရဲ့ လစာငွေ ဒေါ်လာတွေကို အပြင်ပေါက်စျေးနဲ့ ဝယ်ယူဖို့ ဗဟိုဘဏ် ကြံစည်

သင်္ဘောသားတွေရဲ့ လစာငွေဒေါ်လာကို ဧရာဝတီဘဏ်ကနေ ဈေးကွက် ပေါက်ဈေးအတိုင်း အမြင့်ဆုံးနှုန်း ထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ်ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က သတင်းထုတ် ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သင်္ဘောသားများ၏ နိုင်ငံခြားငွေစု ဘဏ်စာရင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားလစာငွေအား ဧရာဝတီဘဏ်အနေဖြင့် ဘဏ်အတွင်း ငွေကြေးအရောင်းအဝယ် ငွေလဲလှယ်နှုန်း ဖြစ်ပေါ်နေသည့် နေ့စဉ်နှုန်းထားများအရ ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ပြီး တက်နိုင်သ၍ အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်အတွင်းမှာတော့ တစ်ဒေါ်လာကို ကျပ် ၃၆၀၀ ဝန်းကျင်ခန့်နဲ့ အရောင်းအဝယ်လုပ်နေသလို ဈေးနှုန်းကလည်း အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နေတာပါ။

သင်္ဘောသားအနေဖြင့် ဧရာဝတီဘဏ်၏ ငွေစုဘဏ်စာရင်းမှ မိမိ၏နိုင်ငံခြားလစာငွေအား အခြားဝယ်ယူသူထံသို့လည်း တိုက်ရိုက်ရောင်းချခွင့်ရှိသလို မိမိငွေစုဘဏ်စာရင်းသို့ နိုင်ငံခြားငွေလက်ခံရရှိသည့် နေ့မှ (၂၁) ရက်အတွင်းအပြီးအပိုင် လွှဲပြောင်း ရောင်းချရမယ်လို့ ဆိုပါတယ်။

သင်္ဘောသားများအနေဖြင့် မိမိ၏ နိုင်ငံခြားလစာငွေအား ဒေသခံကိုယ်စားလှယ်ထံမှ နိုင်ငံခြားငွေဖြင့်သာလက်ခံရယူပြီး မြန်မာနိုင်ငံအတွင်းရှိဘဏ်များသို့ ပေးသွင်းမှသာ ငွေလဲလှယ်နှုန်းမြင့်မားသည့် မြန်မာကျပ်ငွေအားရရှိမှာ ဖြစ်ပြီး ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းအားလက်ခံခြင်းသည် မိမိ၏ သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းအား ဘဏ်မှ လဲလှယ်ပေး မည့်နှုန်းထားအရ ရနိုင်မည်၊ မရနိုင်မည်ကို ခန့်မှန်းရခက်မယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။

ထို့အပြင် မိမိကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့ ပြည်ပတွင် ကျောင်းတက်နေသည့် သားသမီးများအတွက် ကျောင်းစရိတ်ပေးပို့ခြင်း၊ ပြည်ပထွက်ခွာ ဆေးကုခြင်းစတဲ့ ကိစ္စရပ်များအတွက်ကို နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီထံ ဧရာဝတီဘဏ်ကတစ်ဆင့် ခွင့်ပြုမိန့် လျှောက်ထားရယူပြီးမှသာ ပေးပို့အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

သင်္ဘောသားတွေ အနေနဲ့ ဧရာဝတီဘဏ်တွင် ကျပ်ငွေအထူးငွေစုဘဏ်စာရင်း (Special Account) နှင့် နိုင်ငံခြားငွေစုဘဏ် စာရင်း (Foreign Currency Account) အား ကာယကံရှင်သင်္ဘောသားနှင့် အမွေစားအမွေခံတစ်ဦး တို့ပူးပေါင်း၍ ငွေစုဘဏ်စာရင်းဖွင့်လှစ်ရန်ရမှာ ဖြစ်ပြီး သို့မှသာ သင်္ဘောသားမရှိသည့်အချိန်တွင် အမွေစားအမွေခံမှ ငွေစုဘဏ်စာရင်းနှင့်ဆက်နွယ်သည့် လုပ်ငန်းစဉ်များအား တရားဝင် လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

ဒီပုံစံအတိုင်းသာဆိုရင်တော့ ဗဟိုဘဏ်မှာ ဒေါ်လာရှားပါးနေပြီး ဒေါ်လာတွေ လိုအပ်နေကာ ဒေါ်လာစျေးတွေ ထပ်တက်လာနိုင်ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

သေဘၤာသားေတြရဲ႕ လစာေငြေဒၚလာကို ဧရာဝတီဘဏ္ကေန ေဈးကြက္ ေပါက္ေဈးအတိုင္း အျမင့္ဆုံးႏႈန္း ထားျဖင့္ ဝယ္ယူရန္ ဗဟိုဘဏ္ၫႊန္ၾကားထားတယ္လို႔ ျမန္မာနိုင္ငံ ပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) က သတင္းထုတ္ ျပန္လိုက္ပါတယ္။

ဗဟိုဘဏ္၏ ၫႊန္ၾကားခ်က္အရ သေဘၤာသားမ်ား၏ နိုင္ငံျခားေငြစု ဘဏ္စာရင္းသို႔ ဝင္ေရာက္လာသည့္ နိုင္ငံျခားလစာေငြအား ဧရာဝတီဘဏ္အေနျဖင့္ ဘဏ္အတြင္း ေငြေၾကးအေရာင္းအဝယ္ ေငြလဲလွယ္ႏႈန္း ျဖစ္ေပၚေနသည့္ ေန႕စဥ္ႏႈန္းထားမ်ားအရ ေျပာင္းလဲဝယ္ယူေပးမည္ျဖစ္ၿပီး တက္နိုင္သ၍ အျမင့္ဆုံးႏႈန္းထားျဖင့္ ဝယ္ယူေပးမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။

လက္ရွိမွာ ဗဟိုဘဏ္က အေမရိကန္ တစ္ေဒၚလာကို က်ပ္ ၂၁၀၀ သတ္မွတ္ထားေပမယ့္ ျပင္ပေဈးကြက္အတြင္းမွာေတာ့ တစ္ေဒၚလာကို က်ပ္ ၃၆၀၀ ဝန္းက်င္ခန႔္နဲ႕ အေရာင္းအဝယ္လုပ္ေနသလို ေဈးႏႈန္းကလည္း အခ်ိန္နဲ႕အမွ် အေျပာင္းအလဲ ျဖစ္ေနတာပါ။

သေဘၤာသားအေနျဖင့္ ဧရာဝတီဘဏ္၏ ေငြစုဘဏ္စာရင္းမွ မိမိ၏နိုင္ငံျခားလစာေငြအား အျခားဝယ္ယူသူထံသို႔လည္း တိုက္ရိုက္ေရာင္းခ်ခြင့္ရွိသလို မိမိေငြစုဘဏ္စာရင္းသို႔ နိုင္ငံျခားေငြလက္ခံရရွိသည့္ ေန႕မွ (၂၁) ရက္အတြင္းအၿပီးအပိုင္ လႊဲေျပာင္း ေရာင္းခ်ရမယ္လို႔ ဆိုပါတယ္။

သေဘၤာသားမ်ားအေနျဖင့္ မိမိ၏ နိုင္ငံျခားလစာေငြအား ေဒသခံကိုယ္စားလွယ္ထံမွ နိုင္ငံျခားေငြျဖင့္သာလက္ခံရယူၿပီး ျမန္မာနိုင္ငံအတြင္းရွိဘဏ္မ်ားသို႔ ေပးသြင္းမွသာ ေငြလဲလွယ္ႏႈန္းျမင့္မားသည့္ ျမန္မာက်ပ္ေငြအားရရွိမွာ ျဖစ္ၿပီး ေဒသခံကိုယ္စားလွယ္မွ ျမန္မာက်ပ္ေငြ ထုတ္ေပးျခင္းအားလက္ခံျခင္းသည္ မိမိ၏ သေဘာဆႏၵသာျဖစ္ၿပီး ေငြလဲႏႈန္းအား ဘဏ္မွ လဲလွယ္ေပး မည့္ႏႈန္းထားအရ ရနိုင္မည္၊ မရနိုင္မည္ကို ခန႔္မွန္းရခက္မယ္ဆိုၿပီးေတာ့ ထုတ္ျပန္ထားပါတယ္။

ထို႔အျပင္ မိမိကိုယ္ေရးကိုယ္တာကိစၥျဖစ္တဲ့ ျပည္ပတြင္ ေက်ာင္းတက္ေနသည့္ သားသမီးမ်ားအတြက္ ေက်ာင္းစရိတ္ေပးပို႔ျခင္း၊ ျပည္ပထြက္ခြာ ေဆးကုျခင္းစတဲ့ ကိစၥရပ္မ်ားအတြက္ကို နိုင္ငံျခားေငြႀကီးၾကပ္မႈေကာ္မတီထံ ဧရာဝတီဘဏ္ကတစ္ဆင့္ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားရယူၿပီးမွသာ ေပးပို႔အသုံးျပဳနိုင္တယ္လို႔ ဆိုပါတယ္။

သေဘၤာသားေတြ အေနနဲ႕ ဧရာဝတီဘဏ္တြင္ က်ပ္ေငြအထူးေငြစုဘဏ္စာရင္း (Special Account) ႏွင့္ နိုင္ငံျခားေငြစုဘဏ္ စာရင္း (Foreign Currency Account) အား ကာယကံရွင္သေဘၤာသားႏွင့္ အေမြစားအေမြခံတစ္ဦး တို႔ပူးေပါင္း၍ ေငြစုဘဏ္စာရင္းဖြင့္လွစ္ရန္ရမွာ ျဖစ္ၿပီး သို႔မွသာ သေဘၤာသားမရွိသည့္အခ်ိန္တြင္ အေမြစားအေမြခံမွ ေငြစုဘဏ္စာရင္းႏွင့္ဆက္ႏြယ္သည့္ လုပ္ငန္းစဥ္မ်ားအား တရားဝင္ လုပ္ကိုင္ခြင့္ရမည္ျဖစ္သည္။

ဒီပုံစံအတိုင္းသာဆိုရင္ေတာ့ ဗဟိုဘဏ္မွာ ေဒၚလာရွားပါးေနၿပီး ေဒၚလာေတြ လိုအပ္ေနကာ ေဒၚလာေစ်းေတြ ထပ္တက္လာနိုင္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*