
လူငယ်ကြိုက်သီချင်းတွေကို ရင်ဘတ်ကြီးနဲ့ ခံစားရေးသားတတ်တဲ့ အဆိုတော် G Fatt ကတော့ ယနေ့ခေတ်ရဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ပါပဲ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
G Fatt က ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ဖန်တီးပေးနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ဘဝရဲ့အဖြစ်အပျက် အမှတ်တရတွေကို မျှဝေခံစားတတ်တဲ့ G Fatt ဟာ
ဒီကနေ့မှာတော့ လူရွှင်တော်မောစ့် မိုးဒီတို့နဲ့ပတ်သက်ပြီး ပြောပြလာခဲ့ပြန်ပါတယ်။ G Fattက “ဦးမိုးဒီနဲ့ဦးမော့်စ်ဟာ ကျွန်တော့်ငယ်ဘဝရဲ့ ပျော်ရွှင်မှု အစိတ်အပိုင်းတော်တော်များများကို စိုးမိုးခဲ့သူတွေပဲ။
မိုးဒီ လို့ပြောရင် မော့စ်ပါတွဲမြင်ပြီး မော့စ်လို့ပြောရင် မိုးဒီကိုပါ တွဲသိနေတာမျိုး သူတို့ဟာအတွဲညီလှပေါ့။ ကျွန်တော်တို့နိုင်ငံမှာ ဟာသစာပေထူးချွန်ဆု၊ ဟာသအကယ်ဒမီဆု တို့ စသည်ဖြင့် ဟာသပညာရပ်အတွက်
မရှိခဲ့တာလဲ ဝမ်းနည်းစရာ။ သူတို့ဟာသတွေဟာ အဆင့်အတန်းတစ်ခုရှိပြီး တကယ့်ကို အူလှိုက်သည်းလှိုက် ရယ်စရာကောင်းလှတယ်။ ကဲ ထားပါတော့ ကျွန်တော်ရေးချင်တာက ဒီလို။ ဦးမိုးဒီရဲ့အင်တာဗျူးတစ်ခုမှာ
ကျွန်တော်ကြားဖူးတာ၊ ဦးမော့်စ် ဇာတ်ပို့ဆုနဲ့ အကယ်ဒမီရတော့ လူတွေအပြေးအလွှားဖက်ကြနမ်းကြပေါ့။ ဦးမိုးဒီ ကအားလုံးအပြီး နောက်ဆုံးကျမှ သွားပြီး “ငါဝမ်းသာတယ်ကွာ” လို့ပြောရင်း
ဦးမော့စ်ကိုနမ်းလိုက်သတဲ့။ “ ကိုမော့စ် ပါးကိုနမ်းလိုက်တာ ကျွန်တော့်နှာခေါင်းကပူခြစ်သွားတယ်၊ ဪ ဒီကောင်ဖျားနေပါလားလို့တွေးပြီး ကျွန်တော်စိတ်မကောင်းဖြစ်ကျန်ခဲ့ရတယ် “ လို့ဦးမိုးဒီကဖြေတယ်။
အကယ်ဒမီရလို့ဂုဏ်ယူဝမ်းသာတာထက် သူ့သူငယ်ချင်းဖျားနေလို့ စိတ်မကောင်းဖြစ်သွားတဲ့ အခိုက်အတန့် လေးဟာ ဘယ်လောက်လှလိုက်သလဲ။အဲ့နားလေး ကျွန်တော့်စိတ်ထဲ တော်တော် ငြိကျန်ခဲ့တယ်။
အဲ့အကယ်ဒမီပွဲအပြီး ရက်အနည်းငယ်အကြာမှာ ဦးမော့်စ် ဆုံးပါးခဲ့ပါတယ်။ ဦးမိုးဒီကတော့ သူ့ကိုကျွန်တော်နောက်ဆုံး နမ်းလိုက်ရတယ်ပေါ့ဗျာ တဲ့။” ဆိုပြီး ပြောလာပါတယ်။လူရွှင်တော်တွေအဖြစ်
တွဲဖက်ညီခဲ့ကြတဲ့ မော့စ်နဲ့ မိုးဒီတို့ဟာ G Fatt ကိုသာမကပဲ ပရိသတ်တော်တော်များများကို ရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးနိုင်ခဲ့သူများဖြစ်ကြပြီး မော့စ်ကတော့
ကွယ်လွန်သွားခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ကာ မိုးဒီကတော့ ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
လူငယ္ႀကိဳက္သီခ်င္းေတြကို ရင္ဘတ္ႀကီးနဲ႕ ခံစားေရးသားတတ္တဲ့ အဆိုေတာ္ G Fatt ကေတာ့ ယေန႕ေခတ္ရဲ႕ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ပါပဲ။
G Fatt က ပရိသတ္ေတြအတြက္ သီခ်င္းေကာင္းေတြကို ဖန္တီးေပးေနတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သလို ဘဝရဲ႕အျဖစ္အပ်က္ အမွတ္တရေတြကို မွ်ေဝခံစားတတ္တဲ့ G Fatt ဟာ
ဒီကေန႕မွာေတာ့ လူ႐ႊင္ေတာ္ေမာစ့္ မိုးဒီတို႔နဲ႕ပတ္သက္ၿပီး ေျပာျပလာခဲ့ျပန္ပါတယ္။ G Fattက “ဦးမိုးဒီနဲ႕ဦးေမာ့္စ္ဟာ ကြၽန္ေတာ့္ငယ္ဘဝရဲ႕ ေပ်ာ္႐ႊင္မႈ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို စိုးမိုးခဲ့သူေတြပဲ။
မိုးဒီ လို႔ေျပာရင္ ေမာ့စ္ပါတြဲျမင္ၿပီး ေမာ့စ္လို႔ေျပာရင္ မိုးဒီကိုပါ တြဲသိေနတာမ်ိဳး သူတို႔ဟာအတြဲညီလွေပါ့။ ကြၽန္ေတာ္တို႔နိုင္ငံမွာ ဟာသစာေပထူးခြၽန္ဆု၊ ဟာသအကယ္ဒမီဆု တို႔ စသည္ျဖင့္ ဟာသပညာရပ္အတြက္
မရွိခဲ့တာလဲ ဝမ္းနည္းစရာ။ သူတို႔ဟာသေတြဟာ အဆင့္အတန္းတစ္ခုရွိၿပီး တကယ့္ကို အူလွိုက္သည္းလွိုက္ ရယ္စရာေကာင္းလွတယ္။ ကဲ ထားပါေတာ့ ကြၽန္ေတာ္ေရးခ်င္တာက ဒီလို။ ဦးမိုးဒီရဲ႕အင္တာဗ်ဴးတစ္ခုမွာ
ကြၽန္ေတာ္ၾကားဖူးတာ၊ ဦးေမာ့္စ္ ဇာတ္ပို႔ဆုနဲ႕ အကယ္ဒမီရေတာ့ လူေတြအေျပးအလႊားဖက္ၾကနမ္းၾကေပါ့။ ဦးမိုးဒီ ကအားလုံးအၿပီး ေနာက္ဆုံးက်မွ သြားၿပီး “ငါဝမ္းသာတယ္ကြာ” လို႔ေျပာရင္း
ဦးေမာ့စ္ကိုနမ္းလိုက္သတဲ့။ “ ကိုေမာ့စ္ ပါးကိုနမ္းလိုက္တာ ကြၽန္ေတာ့္ႏွာေခါင္းကပူျခစ္သြားတယ္၊ ဪ ဒီေကာင္ဖ်ားေနပါလားလို႔ေတြးၿပီး ကြၽန္ေတာ္စိတ္မေကာင္းျဖစ္က်န္ခဲ့ရတယ္ “ လို႔ဦးမိုးဒီကေျဖတယ္။
အကယ္ဒမီရလို႔ဂုဏ္ယူဝမ္းသာတာထက္ သူ႕သူငယ္ခ်င္းဖ်ားေနလို႔ စိတ္မေကာင္းျဖစ္သြားတဲ့ အခိုက္အတန႔္ ေလးဟာ ဘယ္ေလာက္လွလိုက္သလဲ။အဲ့နားေလး ကြၽန္ေတာ့္စိတ္ထဲ ေတာ္ေတာ္ ၿငိက်န္ခဲ့တယ္။
အဲ့အကယ္ဒမီပြဲအၿပီး ရက္အနည္းငယ္အၾကာမွာ ဦးေမာ့္စ္ ဆုံးပါးခဲ့ပါတယ္။ ဦးမိုးဒီကေတာ့ သူ႕ကိုကြၽန္ေတာ္ေနာက္ဆုံး နမ္းလိုက္ရတယ္ေပါ့ဗ်ာ တဲ့။” ဆိုၿပီး ေျပာလာပါတယ္။လူ႐ႊင္ေတာ္ေတြအျဖစ္
တြဲဖက္ညီခဲ့ၾကတဲ့ ေမာ့စ္နဲ႕ မိုးဒီတို႔ဟာ G Fatt ကိုသာမကပဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကို ရယ္ေမာေပ်ာ္႐ႊင္ရေအာင္ ဖန္တီးေပးနိုင္ခဲ့သူမ်ားျဖစ္ၾကၿပီး ေမာ့စ္ကေတာ့
ကြယ္လြန္သြားခဲ့တာ အေတာ္ၾကာခဲ့ၿပီျဖစ္ကာ မိုးဒီကေတာ့ ဒီေန႕ဒီအခ်ိန္ထိ အႏုပညာအလုပ္ေတြဆက္လက္လုပ္ကိုင္ေနဆဲပဲျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply