
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြနှင်းရည်လွင် ကတော့ အနုပညာလောကကို မော်ဒယ်ဓာတ်ပုံတွေ ရိုက်ကူးရင်းဝင်ရောက်လာခဲ့ပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနာမည်ကြီး လူကြိုက်များလာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။MRTV-4 က ရိုက်ကူးထုတ်လွှင့်ခဲ့ တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ တစ် ခုဖြစ်တဲ့
” ငွေစက္ကူခုနှစ်ရွက် ” ဆိုတဲ့ဇာတ်လမ်း တွဲမှာ ထူးခြားတဲ့ အိုက်တင်တွေနဲ့ အကောင်းမွန်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသ တ်တွေအားပေးမှု့ကို ရရှိခဲ့ပါတယ်။ ဒါအပြင် မြန်မာဝတ်စုံလေးတွေကိုသာ
မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်ပြီး ပြည်သူတွေအားလုံးလေးစားချစ်ခင်ရတဲ့ အမေဒေါ်အောင်ဆန်းစုကြည် နဲ့ မျက်နှာပေါက် ချင်းဆင်တာကြောင့်လဲ ပရိသတ်တွေက ပိုမိုသတိထားမိပြီး
ချစ်ခင်အားပေးလာခဲ့ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေကို ရောက်ရှိနေတဲ့ မင်းသမီးလေး မြနှင်းရည်လွင်ဟာ တိုင်းပြည်အတွက် တာဝန်တွေကိုကြိုးစားထမ်းဆောင် နေတာပဲ ဖြစ်ပါတယ်။
လူမူ့ကွန်ယက်ပေါ်မှာ လှုပ်ရှားမူ့ဓာတ်ပုံ တွေ သိပ်မတင်ဖြစ်တဲ့ သူမကိုတော့ ချစ်ရတဲ့ပရိသတ်တွေအားလုံးက လွမ်းနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဘေးကင်းကျန်းမာစေဖို့
နေ့စဉ်ဆုတောင်းပေးနေ ကြတာလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြနှင်းရည်လွင်ဟာ တောထဲမှာအဆင်ပြေပြေ ရှိနေတဲ့အကြောင်းကို ဓာတ်ပုံလေးတွေနဲ့အတူ လူမူ့ကွန်ယက်မှတစ်ဆင့် အသိပေးလိုက်ပါတယ်။
သူမရဲ့ဓာတ် ပုံလေးေတွကို ချစ်တဲ့ ပရိသတ်တွေအတွက် ပြန် လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
သူမရဲ့ဓာတ် ပုံလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် ပြန် လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Leave a Reply