နိုင်ငံခြားပန်ချီးကားများကို မှီငြမ်းရေးဆွဲခဲ့တာမှန်ပါတယ်ဆိုတဲ့ ပိုင်တံခွန်

နိုင်ငံခြားပန်းချီဆရာတွေရဲ့ပန်းချီကားတွေကို ပြန်လည်ရေးဆွဲပြီးရောင်းချမှုတွေကြောင့်ပရိတ်သတ်တစ်ချို့ဝေဖန်မှုများစွာနဲ့ လက်ရှိရင်ဆိုင်နေရတဲ့သရုပ်ဆောင်ပိုင်တံခွန်က ပန်းချီကား Copy ရေးဆွဲခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook Pageကတစ်ဆင့် ပြန်လည်ဖြေရှင်းရေးသားခဲ့ပါတယ် ။

ပန်းချီကားCopy ဆွဲရောင်းချတယ်ဆိုတဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးပိုင်တံခွန်က” ပန်းချီဆွဲတာက ကျွန်တော့ professional မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ် ။ အခု လူတွေပြောနေတဲ့ ပုံတချို့က မှန်ပါတယ် ။ တချို့ပန်းချီ တွေကို ကျနော် ကြိုးစားပြီး တတ်နိုင်သလောက် ဓာတ်ပုံကြည့်ဆွဲထားတာတွေ ရှိပါတယ်။ တချို့ကို ကျနော့်စိတ်ကူးနဲ့ ပုံဖော်ဆွဲထားတာပဲ။

ကျနော့်ကို ပန်းချီဆရာထင်နေတာလား ။ကျွန်တော့ စိတ်ခံစားမှုနဲ့တူတဲ့ ပုံတွေဆို သဘောကျလို့ ကျနော်အလုပ်အားတဲ့ အချိန်မှာ သူများနိုင်ငံက ပန်းချီဆရာတွေ ဆွဲပြထားတဲ့ video တွေ လေ့လာပြီးပြန်ဆွဲထားတာ။ ပြီးတော့ ပုံတစ်ပုံဆွဲတော့မယ်ဆိုတိုင်း Paing Takhon ရဲ့ Facebook acc Myday မှာ ဘယ်ပုံကို ဘယ်လို ကြည့်ပြီးဆွဲထားလဲ အမြဲ video တင်ပေးခဲ့ပါတယ် ။ ခင်များတို့က စိတ်မှမဝင်စားတာ။

ပန်းချီပြခန်းတွေမှာ တင်ထားတာလဲ မဟုတ်ပါဘူး ။ ကျနော့်အခန်းမှာပဲ ဆွဲပြီးထားထားတာတွေပါ။ ကိုယ့်ဘာသာ ဆွဲပြီး သိမ်းထားတာတွေကို ဝယ်ချင်တဲ့ သူတွေ လာလာမေးလို့ အားလုံးထုတ်ရောင်းပေးတာ။ ဘယ်လောက်နဲ့ ဝယ်ဝယ် ဒါက သူ့အလုပ်ပါ။

လှူတာကို အကြောင်းပြတယ်ဖြစ်မှာစိုးလို့ ဘာမှ မရေးပါဘူး။ အခုလဲ ကြိုက်လို့ဝယ်ချင်တဲ့ မိတ်ဆွေတွေကို ရောင်းပေးနေတုန်းပါပဲလို့ ပွင့်လင်းစွာရေးသားဖြေရှင်းခဲ့ပါတယ် ။ပိုင်တံခွန်ရေးဆွဲခဲ့သည့်ပန်းချီကားအများစုမှာ Copy မှီငြမ်းရေးဆွဲထားခြင်းဖြစ်ကြောင်းလည်းပရိတ်သတ်တွေကပန်းချီကားတွေကို နှိုင်းယှဉ်ကာ Facebookစာမျက်နှာက တစ်ဆင့်ရေးတင်ခဲ့ကြတာတွေလည်း ရှိနေကြောင်းသိရသည် ။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

နိုင္ငံျခားပန္ခ်ီးကားမ်ားကို မွီျငမ္းေရးဆြဲခဲ့တာမွန္ပါတယ္ဆိုတဲ့ ပိုင္တံခြန္

နိုင္ငံျခားပန္းခ်ီဆရာေတြရဲ႕ပန္းခ်ီကားေတြကို ျပန္လည္ေရးဆြဲၿပီးေရာင္းခ်မႈေတြေၾကာင့္ပရိတ္သတ္တစ္ခ်ိဳ႕ေဝဖန္မႈမ်ားစြာနဲ႕ လက္ရွိရင္ဆိုင္ေနရတဲ့သ႐ုပ္ေဆာင္ပိုင္တံခြန္က ပန္းခ်ီကား Copy ေရးဆြဲျခင္းနဲ႕ပတ္သက္ၿပီး သူ႕ရဲ႕ Facebook Pageကတစ္ဆင့္ ျပန္လည္ေျဖရွင္းေရးသားခဲ့ပါတယ္ ။

ပန္းခ်ီကားCopy ဆြဲေရာင္းခ်တယ္ဆိုတဲ့ေဝဖန္မႈနဲ႕ပတ္သက္ၿပီးပိုင္တံခြန္က” ပန္းခ်ီဆြဲတာက ကြၽန္ေတာ့ professional မဟုတ္ဘူးဆိုတာ လူတိုင္းသိပါတယ္ ။ အခု လူေတြေျပာေနတဲ့ ပုံတခ်ိဳ႕က မွန္ပါတယ္ ။ တခ်ိဳ႕ပန္းခ်ီ ေတြကို က်ေနာ္ ႀကိဳးစားၿပီး တတ္နိုင္သေလာက္ ဓာတ္ပုံၾကည့္ဆြဲထားတာေတြ ရွိပါတယ္။ တခ်ိဳ႕ကို က်ေနာ့္စိတ္ကူးနဲ႕ ပုံေဖာ္ဆြဲထားတာပဲ။

က်ေနာ့္ကို ပန္းခ်ီဆရာထင္ေနတာလား ။ကြၽန္ေတာ့ စိတ္ခံစားမႈနဲ႕တူတဲ့ ပုံေတြဆို သေဘာက်လိဳ႕ က်ေနာ္အလုပ္အားတဲ့ အခ်ိန္မွာ သူမ်ားနိုင္ငံက ပန္းခ်ီဆရာေတြ ဆြဲျပထားတဲ့ video ေတြ ေလ့လာၿပီးျပန္ဆြဲထားတာ။ ၿပီးေတာ့ ပုံတစ္ပုံဆြဲေတာ့မယ္ဆိုတိုင္း Paing Takhon ရဲ႕ Facebook acc Myday မွာ ဘယ္ပုံကို ဘယ္လို ၾကည့္ၿပီးဆြဲထားလဲ အၿမဲ video တင္ေပးခဲ့ပါတယ္ ။ ခင္မ်ားတို႔က စိတ္မွမဝင္စားတာ။

ပန္းခ်ီျပခန္းေတြမွာ တင္ထားတာလဲ မဟုတ္ပါဘူး ။ က်ေနာ့္အခန္းမွာပဲ ဆြဲၿပီးထားထားတာေတြပါ။ ကိုယ့္ဘာသာ ဆြဲၿပီး သိမ္းထားတာေတြကို ဝယ္ခ်င္တဲ့ သူေတြ လာလာေမးလို႔ အားလုံးထုတ္ေရာင္းေပးတာ။ ဘယ္ေလာက္နဲ႕ ဝယ္ဝယ္ ဒါက သူ႕အလုပ္ပါ။

လႉတာကို အေၾကာင္းျပတယ္ျဖစ္မွာစိုးလို႔ ဘာမွ မေရးပါဘူး။ အခုလဲ ႀကိဳက္လို႔ဝယ္ခ်င္တဲ့ မိတ္ေဆြေတြကို ေရာင္းေပးေနတုန္းပါပဲလို႔ ပြင့္လင္းစြာေရးသားေျဖရွင္းခဲ့ပါတယ္ ။ပိုင္တံခြန္ေရးဆြဲခဲ့သည့္ပန္းခ်ီကားအမ်ားစုမွာ Copy မွီျငမ္းေရးဆြဲထားျခင္းျဖစ္ေၾကာင္းလည္းပရိတ္သတ္ေတြကပန္းခ်ီကားေတြကို ႏွိုင္းယွဥ္ကာ Facebookစာမ်က္ႏွာက တစ္ဆင့္ေရးတင္ခဲ့ၾကတာေတြလည္း ရွိေနေၾကာင္းသိရသည္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*