
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ထားခဲ့သူတွေထဲက ၁၃၃၅ ဦးကို လူတွေ့နှုတ်မေး စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ရွေးချယ်ထားတယ်လို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ် ၅ ခုရှိပြီးတော့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကတော့ ရန်ကုန်နဲ့ မန္တ လေးမှာ တခုစီပဲရှိတာဖြစ်ပြီး ပြည်သူ့အစိုးရလက်ထ က်မှာ အဲ့ဒီတက္ကသိုလ်တွေကို တနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေထဲက တကျောင်းကို ၁၅၀ ဝန်းကျင်လောက်ပဲ ရွေးချယ်တက်ရောက်စေခဲ့တာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက် ပြန်လည်ဖွင့်လှစ်လာတဲ့ ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္က သိုလ်တွေကို လျှောက်ထားတဲ့သူ များပြားခဲ့တာကြောင့် လူတွေ့နှုတ်ဖြေစာမေးပွဲအတွက် ကျောင်းတကျောင်းကို ၂၀၀ နီးပါးလောက်အထိ ဝင်ခွင့်ပေးဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ရည်ရွယ်ထားပုံရနေပါတယ်။
ယခင်က ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို ၆ ဘာ သာ အမှတ်ပေါင်းအများဆုံးရသူတွေကိုသာ ရွေးချယ်တက်ရောက်ခွင့်ပြုခဲ့ရာမှ အခုနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ ၆ ဘာသာ ရမှတ်ပေါင်း ၄၅၀ မှတ် ပြည့်သူတွေကို ဆေးပညာနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝေဗဒ ဘာသာရပ်တွေမှာ ရမှတ်များသူတွေကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေပြီး ရွေးချယ်တက် ရောက်ခွင့်ပြုမယ့်စနစ်အဖြစ် ပြောင်းလဲထားတယ်လို့ ကျန်းမာရေးဌာနက ကြေညာထားတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဆေးတက္ကသိုလ်ကျောင်း သားတွေ၊ CDM ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းစီးထောင်ချခဲ့တာတွေနဲ့ အာဏာသိမ်းတာကိုလက်မခံတဲ့ ဆေးကျောင်းသား တွေ၊ ဆရာဝန်တွေက လွတ်မြောက်နယ်မြေတွေမှာ စစ်ကောင်စီကို တော်လှန်ဖို့ ရောက်ရှိသွားခဲ့တာကြောင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ လက်တလောဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အသုံးပြုလာပုံရတယ်လို့ ဆေးပညာအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။
ဒါ့အပြင် ဆေးပညာသမိုင်းမှာ တခါမှမလုပ်ဘူးတဲ့ အစီအစဉ်ကို စစ်ကောင်စီက စီစဉ်လာခဲ့ပြီး အဲ့ဒီအစီ အစဉ်ဟာ အစိုးရအစီအစဉ်နဲ့ ဆေးကျောင်းတက်မယ်ဆိုရင်တော့ တလကို ငွေကျပ် ၈၀၀ ပဲ ကုန်ကျမှာဖြစ်ပေမယ့် မိမိအစီအစဉ်နဲ့ ကျောင်းတက်ရောက်မယ်ဆိုရင်တော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိဆိုရင် ကျပ်သိန်း ၆၀၀ ဒါမှမဟုတ် ကျပ် သိန်း ၇၀၀ လောက် ကုန်ကျပြီး နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမယ့် အခြေအနေကနေ ကင်းလွတ်ခွင့်ရမယ့် အစီအစဉ်တခုကို ထည့်သွင်းခဲ့ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ၿပီး ေဆးတကၠသိုလ္ေတြနဲ႕ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ေတြကို ဝင္ခြင့္ေလွ်ာက္ထားခဲ့သူေတြထဲက ၁၃၃၅ ဦးကို လူေတြ႕ႏႈတ္ေမး စာေမးပြဲကို ဝင္ေရာက္ေျဖဆိုဖို႔ ေ႐ြးခ်ယ္ထားတယ္လို႔ စစ္ေကာင္စီလက္ေအာက္က က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာပါတယ္။
ျမန္မာနိုင္ငံမွာ ေဆးတကၠသိုလ္ ၅ ခုရွိၿပီးေတာ့ သြားဘက္ဆိုင္ရာ ေဆးတကၠသိုလ္ကေတာ့ ရန္ကုန္နဲ႕ မႏၲ ေလးမွာ တခုစီပဲရွိတာျဖစ္ၿပီး ျပည္သူ႕အစိုးရလက္ထ က္မွာ အဲ့ဒီတကၠသိုလ္ေတြကို တႏွစ္မွာ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူေတြထဲက တေက်ာင္းကို ၁၅၀ ဝန္းက်င္ေလာက္ပဲ ေ႐ြးခ်ယ္တက္ေရာက္ေစခဲ့တာပါ။
စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ျပန္လည္ဖြင့္လွစ္လာတဲ့ ေဆးတကၠသိုလ္ေတြနဲ႕ သြားဘက္ဆိုင္ရာ ေဆးတကၠ သိုလ္ေတြကို ေလွ်ာက္ထားတဲ့သူ မ်ားျပားခဲ့တာေၾကာင့္ လူေတြ႕ႏႈတ္ေျဖစာေမးပြဲအတြက္ ေက်ာင္းတေက်ာင္းကို ၂၀၀ နီးပါးေလာက္အထိ ဝင္ခြင့္ေပးဖို႔ စစ္ေကာင္စီရဲ႕ က်န္းမာေရးဌာနက ရည္႐ြယ္ထားပုံရေနပါတယ္။
ယခင္က ေဆးတကၠသိုလ္ေတြနဲ႕ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ေတြရဲ႕ ဝင္ခြင့္ေ႐ြးခ်ယ္ေရးစနစ္ကို ၆ ဘာ သာ အမွတ္ေပါင္းအမ်ားဆုံးရသူေတြကိုသာ ေ႐ြးခ်ယ္တက္ေရာက္ခြင့္ျပဳခဲ့ရာမွ အခုႏွစ္မွာေတာ့ တကၠသိုလ္ဝင္စာေမးပြဲမွာ ရရွိခဲ့တဲ့ ၆ ဘာသာ ရမွတ္ေပါင္း ၄၅၀ မွတ္ ျပည့္သူေတြကို ေဆးပညာနဲ႕သက္ဆိုင္တဲ့ အဂၤလိပ္စာ၊ ဓာတုေဗဒ၊ ဇီေဝဗဒ ဘာသာရပ္ေတြမွာ ရမွတ္မ်ားသူေတြကို ဝင္ခြင့္စာေမးပြဲ ေျဖဆိုေစၿပီး ေ႐ြးခ်ယ္တက္ ေရာက္ခြင့္ျပဳမယ့္စနစ္အျဖစ္ ေျပာင္းလဲထားတယ္လို႔ က်န္းမာေရးဌာနက ေၾကညာထားတယ္။
အာဏာသိမ္းၿပီးတဲ့ေနာက္ ေဆးတကၠသိုလ္ေက်ာင္း သားေတြ၊ CDM ဆရာဝန္ေတြနဲ႕ ဝန္ထမ္းေတြကို ဖမ္းစီးေထာင္ခ်ခဲ့တာေတြနဲ႕ အာဏာသိမ္းတာကိုလက္မခံတဲ့ ေဆးေက်ာင္းသား ေတြ၊ ဆရာဝန္ေတြက လြတ္ေျမာက္နယ္ေျမေတြမွာ စစ္ေကာင္စီကို ေတာ္လွန္ဖို႔ ေရာက္ရွိသြားခဲ့တာေၾကာင့္ လူ႕စြမ္းအားအရင္းအျမစ္ဆုံးရႈံးခဲ့ရတဲ့ စစ္ေကာင္စီဟာ လက္တေလာေျဖရွင္းနိုင္မယ့္နည္းလမ္းေတြကို အသုံးျပဳလာပုံရတယ္လို႔ ေဆးပညာအသိုင္းအဝိုင္းက သုံးသပ္ထားပါတယ္။
ဒါ့အျပင္ ေဆးပညာသမိုင္းမွာ တခါမွမလုပ္ဘူးတဲ့ အစီအစဥ္ကို စစ္ေကာင္စီက စီစဥ္လာခဲ့ၿပီး အဲ့ဒီအစီ အစဥ္ဟာ အစိုးရအစီအစဥ္နဲ႕ ေဆးေက်ာင္းတက္မယ္ဆိုရင္ေတာ့ တလကို ေငြက်ပ္ ၈၀၀ ပဲ ကုန္က်မွာျဖစ္ေပမယ့္ မိမိအစီအစဥ္နဲ႕ ေက်ာင္းတက္ေရာက္မယ္ဆိုရင္ေတာ့ ပညာသင္ကာလ ၿပီးဆုံးတဲ့အထိဆိုရင္ က်ပ္သိန္း ၆၀၀ ဒါမွမဟုတ္ က်ပ္ သိန္း ၇၀၀ ေလာက္ ကုန္က်ၿပီး နိုင္ငံဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ရမယ့္ အေျခအေနကေန ကင္းလြတ္ခြင့္ရမယ့္ အစီအစဥ္တခုကို ထည့္သြင္းခဲ့ပါတယ္။
Leave a Reply