
ယနေ့ နံနက် မြန်မာစံတော်ချိန် ၁ နာရီက ယှဉ်ပြိုင်ကစားတဲ့ ၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် တရုတ် ယူ-၂၀ အသင်းတို့ တို့ ပွဲစဉ်အတွင်း မြန်မာအသင်းက နောက်ဆုံးမိနစ်မှာ ပင်နယ်တီ ၂ ကြိမ်ပေးရပြီး ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သွားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကပြောပါတယ်။
အဆိုပါ ပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းတွင် (၁-၁)ဂိုး သရေကျနေသော်လည်း ဒုတိယပိုင်း ပြီးခါနီး တွင် မြန် မာအသင်း ပင်နယ်တီ (၂) ကြိမ်ဆက်ပေးခံရသဖြင့် တရုတ်အသင်း အနိုင်ရရှိ သွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သော အုပ်စု(က) ပွဲစဉ်ဖြစ်သည့် မော်လ်ဒိုက်နှင့် ဥဇဘက် ကစ္စတန်အသင်းတို့ ပွဲစဉ်တွင် ဥဇဘက်ကစ္စတန် အသင်း က(၇- ၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းပါဝင်သည့် အုပ်စု(က)တွင် ၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမည့် ဉဇဘက်ကစ္စတန် အသင်း ပါဝင်နေပြီး ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားပြီး ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက် ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲ အောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၂ ရက်တွင် ဉဇဘက် ကစ္စတန်၊ စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀)သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ယေန႕ နံနက္ ျမန္မာစံေတာ္ခ်ိန္ ၁ နာရီက ယွဥ္ၿပိဳင္ကစားတဲ့ ၂၀၂၃ အာရွ ယူ-၂၀ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ေျခစစ္ပြဲစဥ္ (2023 AFC U-20 Asian Cup Qualification) ၿပိဳင္ပြဲအုပ္စု(က) ပြဲစဥ္အျဖစ္ ျမန္မာ ယူ -၂၀ အသင္း ႏွင့္ တ႐ုတ္ ယူ-၂၀ အသင္းတို႔ တို႔ ပြဲစဥ္အတြင္း ျမန္မာအသင္းက ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီ ၂ ႀကိမ္ေပးရၿပီး ၃ ဂိုး ၁ ဂိုးျဖင့္ ရႈံးနိမ့္သြားေၾကာင္း ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ကေျပာပါတယ္။
အဆိုပါ ပြဲစဥ္ကို ေဆာ္ဒီအာေရဗ်နိဳင္ငံ၊ Al Khobar ၿမိဳ႕ရွိ Prince Saud bin Jalawi ကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ရာ ပထမပိုင္းတြင္ (၁-၁)ဂိုး သေရက်ေနေသာ္လည္း ဒုတိယပိုင္း ၿပီးခါနီး တြင္ ျမန္ မာအသင္း ပင္နယ္တီ (၂) ႀကိမ္ဆက္ေပးခံရသျဖင့္ တ႐ုတ္အသင္း အနိုင္ရရွိ သြားျခင္းျဖစ္တယ္လို႔ဆိုပါတယ္။
အေစာပိုင္း ယွဥ္ၿပိဳင္ကစားခဲ့ေသာ အုပ္စု(က) ပြဲစဥ္ျဖစ္သည့္ ေမာ္လ္ဒိုက္ႏွင့္ ဥဇဘက္ ကစၥတန္အသင္းတို႔ ပြဲစဥ္တြင္ ဥဇဘက္ကစၥတန္ အသင္း က(၇- ၀) ဂိုးျဖင့္ အနိုင္ရရွိခဲ့ပါတယ္။
ျမန္မာအသင္းပါဝင္သည့္ အုပ္စု(က)တြင္ ၂၀၂၃ အာရွ ယူ- ၂၀ ေနာက္ဆုံးၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္က်င္းပမည့္ ဉဇဘက္ကစၥတန္ အသင္း ပါဝင္ေနၿပီး ဉဇဘက္ကစၥတန္မွာ တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ထားၿပီး ယင္းအသင္းႏွင့္ကစားသည့္ ရလဒ္မ်ားကို ထည့္သြင္း တြက္ ခ်က္မည္ မဟုတ္ဘဲ ေဆာ္ဒီအာေရဗ်၊ တ႐ုတ္၊ ေမာ္လ္ဒိုက္ႏွင့္ ျမန္မာအသင္းတို႔ အုပ္စုပတ္လည္ ကစားသည့္ ရလဒ္ကိုသာ တြက္ခ်က္ကာ ေျခစစ္ပြဲ ေအာင္မည့္အသင္းကို ဆုံးျဖတ္ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။
အာရွ ယူ-၂၀ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ေျခစစ္ပြဲစဥ္တြင္ ျမန္မာအသင္းသည္ စက္တင္ဘာ ၁၂ ရက္တြင္ ဉဇဘက္ ကစၥတန္၊ စက္တင္ဘာ ၁၆ ရက္တြင္ ေဆာ္ဒီအာေရဗ်၊ စက္တင္ဘာ ၁၈ ရက္တြင္ ေမာ္လ္ဒိုက္အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရပါတယ္။
၂၀၂၃ အာရွ ယူ-၂၀ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ေျခစစ္ပြဲစဥ္မ်ားကို အသင္းေပါင္း (၄၄)သင္းက အုပ္စု ၁၀စုခြဲ၍ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အုပ္စု (၁၀) စုမွ အုပ္စုပထမ (၁၀)သင္းႏွင့္ အေကာင္းဆုံး အုပ္စုဒုတိယ (၅)သင္းတို႔ ေျခစစ္ပြဲ ေအာင္ျမင္မည္ျဖစ္ပါတယ္။
Leave a Reply