
စာမေးပွဲမှာ အမှတ်မကောင်းလို့ဆိုပြီး ကျောင်းသားတွေက ဆရာနဲ့ ကျောင်းစာရေးကို သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၉ ရက်က အိန္ဒိယနိုင်ငံ ဂျာခန်းပြည်နယ် ဒမ်ကာမြို့ တိုင်းရင်းသားကျောင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
၉ တန်းစာမေးပွဲမှာ သင်္ချာရမှတ်တွေအကြောင်း ဆွေးနွေးချင်တယ်လို့ဆိုပြီး ကျောင်းသားတွေက သင်္ချာဆရာနဲ့ ကျောင်းစာရေးကို ကျောင်းဝန်းထဲ ခေါ်ထုတ်လာခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ လူသုံးဦးကို သစ်ပင်မှာ အနီရောင်ကြိုးနဲ့တုပ်ထားပြီး တုတ်ကိုင်ထားတဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာက ဘေးမှာဝိုင်းနေတာ တွေ့ရပါတယ်။
အဲဒီဗီဒီယိုမှာ ရိုက်နှက်နေတဲ့ မြင်ကွင်းမပါဝင်ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒေါသထွက်နေတဲ့ ကျောင်းသားတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကျူး လွန်ခံရသူတစ်ယောက်ကလည်း ခေါင်းကို တုတ်နဲ့ ရိုက်ခံရတယ်လို့ ထွက်ဆိုခဲ့ပြီး သူ့ခေါင်းမှာလည်း ပတ်တီးစီးထားတာ တွေ့ရပါတယ်။
အတန်းထဲမှာ ကျောင်းသား ၃၂ ယောက်ရှိတဲ့အနက် ၁၁ ယောက်က သင်္ချာဘာသာရပ် ကျခဲ့လို့ ကျောင်းသားသမဂ္ဂတစ်ခုလုံး ဒေါသထွက်ခဲ့ကြတာလို့ India Times သတင်းဌာနက ဖော်ပြပါတယ်။အဲဒီအတွက် ကျောင်း သားတွေက သင်္ချာဆရာ ဆူမန်ကူမာနဲ့ ကျောင်းဝက်ဘ်ဆိုက်မှာ အမှတ်တွေ တင်ပေးတဲ့ ကျောင်းစာရေး ချူရီတို့ကို ဒေါသထွက်ကာ လက်တုံ့ပြန်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှာ တိုင်းရင်းသားကျောင်းမှ ကျောင်းသား ၂၀၀ အနက် အများစု ပါဝင်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ရဲတပ်ဖွဲ့က သက်သေအထောက် အထားတွေ ရယူခဲ့ပေမဲ့ ကျောင်းသားတွေဘဝ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ကျောင်းအရာရှိတွေကတော့ ကျောင်းသားတွေကို စွဲချက်မတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အစောပိုင်းမှာ ကျူးလွန်ခံရသူတွေကလည်း ကျောင်း သားတွေကို တိုင်ချက်မဖွင့်ခဲ့ကြပေမဲ့ ဒီအကြောင်း ပျံ့နှံ့သွားချိန်မှာတော့ ကျောင်းသား ၁၁ ယောက်ကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဲဒီကျောင်းသားတွေကို ဘယ်လိုအရေးယူမလဲဆိုတာတော့ မသိရသေးပါဘူး။
Ref: Students Allegedly Tie Math Teacher to Tree, Beat Him Over Poor Grades
Team (ရိုးရာလေး)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စာေမးပြဲမွာ အမွတ္မေကာင္းလို႔ ေက်ာင္းသားေတြက ဆရာနဲ႕ ေက်ာင္းစာေရးကို သစ္ပင္မွာ ႀကိဳးတုပ္ ရိုက္ႏွက္
စာေမးပြဲမွာ အမွတ္မေကာင္းလို႔ဆိုၿပီး ေက်ာင္းသားေတြက ဆရာနဲ႕ ေက်ာင္းစာေရးကို သစ္ပင္မွာ ႀကိဳးတုပ္ၿပီး ရိုက္ႏွက္ခဲ့ၾကပါတယ္။ ၾသဂုတ္လ ၂၉ ရက္က အိႏၵိယနိုင္ငံ ဂ်ာခန္းျပည္နယ္ ဒမ္ကာၿမိဳ႕ တိုင္းရင္းသားေက်ာင္းမွာ အခုလို ျဖစ္ပြားခဲ့တာပါ။
၉ တန္းစာေမးပြဲမွာ သခၤ်ာရမွတ္ေတြအေၾကာင္း ေဆြးေႏြးခ်င္တယ္လို႔ဆိုၿပီး ေက်ာင္းသားေတြက သခၤ်ာဆရာနဲ႕ ေက်ာင္းစာေရးကို ေက်ာင္းဝန္းထဲ ေခၚထုတ္လာခဲ့ၾကတာပါ။ အဲဒီေနာက္မွာေတာ့ သစ္ပင္မွာ ႀကိဳးတုပ္ၿပီး ရိုက္ႏွက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ လူမႈကြန္ရက္ေပၚ ထြက္ေပၚလာတဲ့ ဗီဒီယိုနဲ႕ ဓာတ္ပုံေတြအရ လူသုံးဦးကို သစ္ပင္မွာ အနီေရာင္ႀကိဳးနဲ႕တုပ္ထားၿပီး တုတ္ကိုင္ထားတဲ့ ေက်ာင္းသား ဒါဇင္ေပါင္းမ်ားစြာက ေဘးမွာဝိုင္းေနတာ ေတြ႕ရပါတယ္။
အဲဒီဗီဒီယိုမွာ ရိုက္ႏွက္ေနတဲ့ ျမင္ကြင္းမပါဝင္ေပမဲ့ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈအရ ေဒါသထြက္ေနတဲ့ ေက်ာင္းသားေတြက ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့တယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ဒီျဖစ္ရပ္မွာ က်ဴး လြန္ခံရသူတစ္ေယာက္ကလည္း ေခါင္းကို တုတ္နဲ႕ ရိုက္ခံရတယ္လို႔ ထြက္ဆိုခဲ့ၿပီး သူ႕ေခါင္းမွာလည္း ပတ္တီးစီးထားတာ ေတြ႕ရပါတယ္။
အတန္းထဲမွာ ေက်ာင္းသား ၃၂ ေယာက္ရွိတဲ့အနက္ ၁၁ ေယာက္က သခၤ်ာဘာသာရပ္ က်ခဲ့လို႔ ေက်ာင္းသားသမဂၢတစ္ခုလုံး ေဒါသထြက္ခဲ့ၾကတာလို႔ India Times သတင္းဌာနက ေဖာ္ျပပါတယ္။အဲဒီအတြက္ ေက်ာင္း သားေတြက သခၤ်ာဆရာ ဆူမန္ကူမာနဲ႕ ေက်ာင္းဝက္ဘ္ဆိုက္မွာ အမွတ္ေတြ တင္ေပးတဲ့ ေက်ာင္းစာေရး ခ်ဴရီတို႔ကို ေဒါသထြက္ကာ လက္တုံ႕ျပန္ခဲ့ၾကတာလို႔ ဆိုပါတယ္။
ဒီျဖစ္ရပ္မွာ တိုင္းရင္းသားေက်ာင္းမွ ေက်ာင္းသား ၂၀၀ အနက္ အမ်ားစု ပါဝင္ခဲ့ၾကတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။ရဲတပ္ဖြဲ႕က သက္ေသအေထာက္ အထားေတြ ရယူခဲ့ေပမဲ့ ေက်ာင္းသားေတြဘဝ ထိခိုက္မွာ စိုးရိမ္တဲ့အတြက္ ေက်ာင္းအရာရွိေတြကေတာ့ ေက်ာင္းသားေတြကို စြဲခ်က္မတင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
အေစာပိုင္းမွာ က်ဴးလြန္ခံရသူေတြကလည္း ေက်ာင္း သားေတြကို တိုင္ခ်က္မဖြင့္ခဲ့ၾကေပမဲ့ ဒီအေၾကာင္း ပ်ံ့ႏွံ႕သြားခ်ိန္မွာေတာ့ ေက်ာင္းသား ၁၁ ေယာက္ကို တိုင္ခ်က္ဖြင့္ခဲ့ပါတယ္။ အဲဒီေက်ာင္းသားေတြကို ဘယ္လိုအေရးယူမလဲဆိုတာေတာ့ မသိရေသးပါဘူး။
Ref: Students Allegedly Tie Math Teacher to Tree, Beat Him Over Poor Grades
Team (ရိုးရာေလး)
Leave a Reply