ရွှေနဲ့ ဒေါ်လာကို ရေရှည် စုဆောင်းထားရင် ဘယ်က အကျိုးအမြတ် ပိုရမလဲဆိုတဲ့ အဖြေ…

ရွှေနဲ့ဒေါ်လာ ရေရှည် မှာ ဘယ်ဟာ စုဆောင်း မြှုပ်နှံသင့်လဲ၊ ရွှေ သိန်း၃၀၀ ငွေပို ရှိသူတစ်ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ ရွှေ ၅၀ သား ဝယ်နိုင်ပါတယ် (၁ ကျပ်သား ၆သိန်းကျပ်ခန့်)။ အခု ၂၀၂၂ ခုနှစ်မှာ အဲ့ ရွှေ ၅၀ သား ဟာ သိန်း ၁၅၀၀ ကျော်တန်ပါတယ်။ သူရွှေ မှာ ရင်းနှီး မြှုပ်နှံတာ သူ့ငွေ သိန်း ၃၀၀ က ၁၁ နှစ် အကြာမှာ ၅ဆ ပွားပြီး သိန်း ၁၅၀၀ ကျော်ဖြစ်သွားပါတယ်။ သူ့ရဲ့ မာဂျင်က ၁၁ နှစ်မှာ ၄၀၀ % အမြတ် ဖြစ်ပါတယ်။

ဒေါ်လာ၊ အပေါ်က လူဟာ ၂၀၁၁ ခုနှစ်မှာ သိန်း ၃၀၀ ဖိုး ဒေါ်လာ ဝယ်ရင် ဒေါ်လာ ၃၀၀၀၀ ရမှာ ဖြစ်ပါတယ်။ (တဒေါ်လာ တထောင်ခန့်) အခု အဲ့ ဒေါ်လာ ၃၀၀၀၀ ဟာ မြန်မာငွေ သိန်း ၉၀၀ ကျော် နေပါပြီ။ သူ့ရဲ့ ရင်းနှီးငွေဟာ ၂ဆ ဘဲ ပွားပါတယ်။ သူ့ရဲ့ အမြတ်ငွေ ၁၀ နှစ်မှာ ၂၀၀% မာဂျင် ဘဲ ဖြစ်ပါတယ်။

သူဟာ သိန်း ၃၀၀ ရင်းနှီးတာ သိန်း ၆၀၀ ကျော်ဘဲ မြတ်ပါတယ်။ မှတ်ချက်။ ဘာသွား တွေ့ရလဲဆိုတော့ ရွှေ စုသူနဲ့ ဒေါ်လာ စုသူဟာ ၁၁နှစ် အကြာမှာ ငွေ ပွား တာ ခေါက်ချိုး ကွာပါတယ်။ရွှေ သမားက အမြတ် သိန်း ၁၂၀၀ ကျော်ရတဲ့ အချိန်မှာ ဒေါ်လာသမား က သိန်း ၆၀၀ ကျော်ဘဲမြတ်ပါတယ်။

ဘာလို့ အဲ့လိုဖြစ်လဲ ဆိုတာ အချက် ၂ ချက်ရှိပါတယ်။ ရွှေဟာ ကမ္ဘာ့ဈေးနှုန်းမှာ အတက်အကျ ရှိပေမဲ့ အတက်ကပိုများပါတယ်။ ကမ္ဘာ့ရွှေ ဟာ ၂၀၁၁ ခုနှစ်မှာ တစ်အောင်စကို ၁၅၇၆ ဒေါ်လာခန့်ရှိခဲ့ပေမဲ့ ၂၀၂၂ မှာ အခု ဒေါ်လာ ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ ကြားထဲမှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါသေးတယ်။ ရွှေရဲ့ အားသာချက်ပါ။

ဒေါ်လာကတော့ ငွေကြောင်းဖောင်းပွမှုနှုန်း (Inflation) နှစ်စဉ် ၂% ခန့်ရှိနေတာ သူ့အားနည်းချက်ပါပဲ။ နောက်တစ်ချက်က ရွှေကို နှစ်ဆယ်ချီ သိမ်းထားလဲ ဘာမှ ပြဿနာ မရှိပေမယ့် ဒေါ်လာကျတော့ ပျက်စီး လွယ်ပါတယ်။ လ ပိုင်း လောက်လဲ သိမ်းဖို့ လွယ်ပါတယ်။ နှစ်ချီ သိမ်းဖို့ မလွယ်ကူပါ။

နောက် ဒေါ်လာက အသစ် (Update series) တွေ ထွက်လာရင် အဟောင်း (old series) တွေ ရောင်းရနည်းနည်း ခက်ပါတယ် ။ ဒေါ်လာက ကားလိုဘဲ ၂၀၀၉ စီးရီး၊ ၂၀၁၃ စီးရီး၊ ၂၀၁၇ စီးရီး စသဖြင့်ရှိပါတယ်။ ကျနော်ကတော့ ရေတို ( ၃လ နဲ့ ၁နှစ်​ကြား) ရော၊ ရေရှည် နှစ်ဆယ်ချီ ရွှေ ကို စုဆောင်း ရင်းနှီးမြှုပ်နှံတာက လက်တွေ့ကျကျ ပို ပြီး အများကြီး အကျိုး ဖြစ်ထွန်း စေမယ် လို့ ယူဆပါတယ် ခင်ဗျာ။ Soemin (ကမ္ဘာ့ရွှေသင်တန်း)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေ႐ႊနဲ႕ေဒၚလာ ေရရွည္ မွာ ဘယ္ဟာ စုေဆာင္း ျမႇုပ္ႏွံသင့္လဲ၊ ေ႐ႊ သိန္း၃၀၀ ေငြပို ရွိသူတစ္ေယာက္ဟာ ၂၀၁၁ ခုႏွစ္မွာ ေ႐ႊ ၅၀ သား ဝယ္နိုင္ပါတယ္ (၁ က်ပ္သား ၆သိန္းက်ပ္ခန့္)။ အခု ၂၀၂၂ ခုႏွစ္မွာ အဲ့ ေ႐ႊ ၅၀ သား ဟာ သိန္း ၁၅၀၀ ေက်ာ္တန္ပါတယ္။ သူေ႐ႊ မွာ ရင္းႏွီး ျမႇုပ္ႏွံတာ သူ႕ေငြ သိန္း ၃၀၀ က ၁၁ ႏွစ္ အၾကာမွာ ၅ဆ ပြားၿပီး သိန္း ၁၅၀၀ ေက်ာ္ျဖစ္သြားပါတယ္။ သူ႕ရဲ႕ မာဂ်င္က ၁၁ ႏွစ္မွာ ၄၀၀ % အျမတ္ ျဖစ္ပါတယ္။

ေဒၚလာ၊ အေပၚက လူဟာ ၂၀၁၁ ခုႏွစ္မွာ သိန္း ၃၀၀ ဖိုး ေဒၚလာ ဝယ္ရင္ ေဒၚလာ ၃၀၀၀၀ ရမွာ ျဖစ္ပါတယ္။ (တေဒၚလာ တေထာင္ခန့္) အခု အဲ့ ေဒၚလာ ၃၀၀၀၀ ဟာ ျမန္မာေငြ သိန္း ၉၀၀ ေက်ာ္ ေနပါၿပီ။ သူ႕ရဲ႕ ရင္းႏွီးေငြဟာ ၂ဆ ဘဲ ပြားပါတယ္။ သူ႕ရဲ႕ အျမတ္ေငြ ၁၀ ႏွစ္မွာ ၂၀၀% မာဂ်င္ ဘဲ ျဖစ္ပါတယ္။

သူဟာ သိန္း ၃၀၀ ရင္းႏွီးတာ သိန္း ၆၀၀ ေက်ာ္ဘဲ ျမတ္ပါတယ္။ မွတ္ခ်က္။ ဘာသြား ေတြ႕ရလဲဆိုေတာ့ ေ႐ႊ စုသူနဲ႕ ေဒၚလာ စုသူဟာ ၁၁ႏွစ္ အၾကာမွာ ေငြ ပြား တာ ေခါက္ခ်ိဳး ကြာပါတယ္။ေ႐ႊ သမားက အျမတ္ သိန္း ၁၂၀၀ ေက်ာ္ရတဲ့ အခ်ိန္မွာ ေဒၚလာသမား က သိန္း ၆၀၀ ေက်ာ္ဘဲျမတ္ပါတယ္။

ဘာလို႔ အဲ့လိုျဖစ္လဲ ဆိုတာ အခ်က္ ၂ ခ်က္ရွိပါတယ္။ ေ႐ႊဟာ ကမာၻ႔ေဈးႏႈန္းမွာ အတက္အက် ရွိေပမဲ့ အတက္ကပိုမ်ားပါတယ္။ ကမာၻ႔ေ႐ႊ ဟာ ၂၀၁၁ ခုႏွစ္မွာ တစ္ေအာင္စကို ၁၅၇၆ ေဒၚလာခန့္ရွိခဲ့ေပမဲ့ ၂၀၂၂ မွာ အခု ေဒၚလာ ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ ၾကားထဲမွာ တက္လိုက္က်လိဳက္ ျဖစ္ခဲ့ပါေသးတယ္။ ေ႐ႊရဲ႕ အားသာခ်က္ပါ။

ေဒၚလာကေတာ့ ေငြေၾကာင္းေဖာင္းပြမႈႏႈန္း (Inflation) ႏွစ္စဥ္ ၂% ခန့္ရွိေနတာ သူ႕အားနည္းခ်က္ပါပဲ။ ေနာက္တစ္ခ်က္က ေ႐ႊကို ႏွစ္ဆယ္ခ်ီ သိမ္းထားလဲ ဘာမွ ျပႆနာ မရွိေပမယ့္ ေဒၚလာက်ေတာ့ ပ်က္စီး လြယ္ပါတယ္။ လ ပိုင္း ေလာက္လဲ သိမ္းဖို႔ လြယ္ပါတယ္။ ႏွစ္ခ်ီ သိမ္းဖို႔ မလြယ္ကူပါ။

ေနာက္ ေဒၚလာက အသစ္ (Update series) ေတြ ထြက္လာရင္ အေဟာင္း (old series) ေတြ ေရာင္းရနည္းနည္း ခက္ပါတယ္ ။ ေဒၚလာက ကားလိုဘဲ ၂၀၀၉ စီးရီး၊ ၂၀၁၃ စီးရီး၊ ၂၀၁၇ စီးရီး စသျဖင့္ရွိပါတယ္။ က်ေနာ္ကေတာ့ ေရတို ( ၃လ နဲ႕ ၁ႏွစ္​ၾကား) ေရာ၊ ေရရွည္ ႏွစ္ဆယ္ခ်ီ ေ႐ႊ ကို စုေဆာင္း ရင္းႏွီးျမႇုပ္ႏွံတာက လက္ေတြ႕က်က် ပို ၿပီး အမ်ားႀကီး အက်ိဳး ျဖစ္ထြန္း ေစမယ္ လို႔ ယူဆပါတယ္ ခင္ဗ်ာ။ Soemin (ကမာၻ႔ေ႐ႊသင္တန္း)

Be the first to comment

Leave a Reply

Your email address will not be published.


*